တောင်ကိုရီးယားရဲ့ ဆိုးလ်မြို့ကားလမ်းမပေါ် တွင် အရှိန်ဖြင့်မောင်းနေတဲ့အကောင်းစားအမည်းရောင်Lincolnကားနောက်ကို police lightဖွင့်ထားတဲ့ ရဲကားတစ်စီးမှ ထပ်ကြပ်မကွာလိုက်လာပုံအရဆို ထိုကားအမည်းရောင်မောင်းလာသူကို လိုက်လံဖမ်းဆီးနေပုံရသည်။
Lincolnကားကိုမောင်းနှင်နေသော ယောင်္ကျားတစ်ယောက်ရဲ့ နှုတ်ခမ်းတွေဟာ သေသပ်စွာတစ်ဖက်ကိုတွန့်ကွေးနေလို့ တုန်လှုပ်ပုံလည်းမရပါပဲ၊ အရှိန်လျော့ပေးခြင်းလည်းမရှိပါပဲ တဟုန်ထိုးမောင်းနှင်နေလျက်ပင်။
ကားအနည်းငယ်ရှင်းသွားချိန်မှာ အငိုက်မိသွားတဲ့အခိုက် အရှိန်တင်ပြီးသူ့ကားကိုကျော်တက်လာကာအရှေ့မှာပိတ်ရပ်လိုက်တဲ့ရဲကားကြောင့် ဘရိတ်အုပ်လိုက်ပေမဲ့ အရှိန်ပါနေသေးသောသူ့ရဲ့ကားမှာ အရှေ့မှရဲကားစီသို့ ဦးတည်ကာထိုးစိုက်သွားတော့ အုန်းခနဲမြည်သံနှင့်အတူ ကားရှေ့ပိုင်းမှမီးလုံးတွေကွဲသွားသံတွေကိုပါကြားလိုက်ရသည်။
"Hak hak hak"
ဒီအခြေအနေမှာတောင် တဖက်ကိုတွန့်ကွေးနေတဲ့အပြုံးတွေကလည်းရပ်တန့်သွားခြင်းမရှိပါပဲ ခေါင်းကိုသာတသွင်သွင်ခါလို့ ပတ်ထားတဲ့ကားထိုင်ခုံခါးပတ်ကိုသာဆွဲဖြုတ်လိုက်ရင်း သူတိုက်မိထားတဲ့ကားထဲမှ ထွက်လာမဲ့သူတွေကိုသာ စောင့်ကြိုနေလိုက်သည်။
သူနဲ့တိုက်မိသွားရာဘက်ခြမ်းမှဆင်းလာသူအမျိုးသားမှာ ယိုင်တိယိုင်တိုင်ဖြင့် ဦးခေါင်းကိုလက်ဖြင့်ဖိကာ ဆောင်ဟွန်းရှိရာစီသို့ ဦးတည်လာခဲ့သည်။ ထို့နောက် ဆောင်ဟွန်းရဲ့ကားမှန်ကိုလက်ဆစ်တွေဖြင့်ခေါက်၍ မှန်ကိုချပေးရန် လက်ဟန်ဖြင့်ပြလာခဲ့တယ်။
ဆောင်ဟွန်းကတော့ တဖက်လူဆန္ဒရှိတဲ့အတိုင်း ကားမှန်ကိုမချပေးပါပဲ ကားတံခါးဖွင့်၍သာလူကိုယ်တိုင်ဆင်းသွားလိုက်တော့ အနောက်ကိုခြေတစ်လှမ်းဆုတ်သွားသူရဲ့ဖိနပ်တွေကိုကြည့်ပြီး နှုတ်ခမ်းတွေတွန့်ကွေးကုန်ပြန်သည်။
"ပတ်ဆောင်ဟွန်း မင်းကို ငါတို့ဖမ်းလိုက်ပြီမလို့ ဒီနေရာကနေ တစ်လှမ်းမှခွာဖို့မစဥ်းစားပါနဲ့"