ဆောင်ဟွန်းဘက်က ဘယ်လိုနည်းလမ်းကိုမှမသုံးရသေးခင် ဂျိတ်ခ်တစ်ယောက် အလိုလိုသူ့အနားရောက်လာဖို့ လမ်းစတစ်ခုပေါ်ပေါက်လာခဲ့သည်။
အဲ့ဒါက ရှင်းမ်ဂျိတ်ခ်တစ်ယောက် ဘယ်တုန်းကတည်းက ဆောင်ဟွန်းအပေါ်ကို အငြှိုးတွေရှိနေခဲ့လည်းတော့မသိဘူး ဆောင်ဟွန်းကို ဘယ်လိုနည်းလမ်းသုံးရသုံးရ ရတဲ့နည်းနဲ့ ဖမ်းချုပ်ဖို့ကြိုးစားနေတာပဲ။
သူအားတဲ့အချိန်တွေ ဆောင်ဟွန်းအနောက်ကိုနောက်ယောင်ခံလိုက်လာတာမျိုး၊ ဆောင်ဟွန်း ဘယ်မှာ ဘာတွေလုပ်တယ်ဆိုတာကို တိတ်တဆိတ်စုံစမ်းနေတာမျိုးတွေလုပ်လာခဲ့တယ်။
ဆောင်ဟွန်းကတော့ သိနေပါရက်နဲ့ပဲ သူ့ကို လုပ်ချင်တာလုပ်ပါစေဆိုပြီး မသိချင်ယောင်ဆောင်ပေးကာ လွှတ်ပေးထားလိုက်ပါတယ်။
ဆောင်ဟွန်းရဲ့ အတွင်းရေးမှူးဖြစ်သူ ဂျေးကတော့ ဂျိတ်ခ်ရဲ့ နောက်ယောင်ခံလိုက်နေတာတွေက ပြဿနာဖြစ်လာနိုင်တာကြောင့် ရှင်းပြစ်လိုက်မယ်လို့ သတိပေးလာပေမဲ့ မလုပ်ဖို့ သူ့မှာ တားမြစ်ထားရသည်။
ဆောင်ဟွန်းရဲ့တားမြစ်ချက်ကို ကြားတုန်းက မယုံနိုင်အောင်ဖြစ်သွားတဲ့ ဂျေးရဲ့ပုံစံကို သူမှတ်မိနေတုန်းပဲ။ ဒီလိုကိစ္စမျိုးတွေကို ကျော်သွားပေးလေ့မရှိတဲ့ဆောင်ဟွန်းအကြောင်းသိနေပြီးသားဖြစ်တာမလို့ ဒီတစ်ခါတားမြစ်ချက်ကို မယုံနိုင်အောင်ဖြစ်သွားတာလည်း လက်ခံချင်စရာကောင်းပါတယ်လေ။
ဒီနေ့ညနေမှာလည်း ဆောင်ဟွန်းအဖေခိုင်းထားတဲ့ အလုပ်ကိစ္စတစ်ခုကို လူမသိအောင်လုပ်ဖို့လိုတာကြောင့် ဒီလိုမျိုးအရေးတကြီးကိစ္စတွေဆို ဆောင်ဟွန်းပိုင်တဲ့ အထက်တန်းစားclubတစ်ခုမှာ အပြင်လူတွေမသိအောင်လုပ်ရလေ့ရှိသည်။
အဲ့ဒါကို အဲ့အထိအနောက်ကနေ ရှင်းမ်ဂျိတ်ခ် နောက်ယောင်ခံလိုက်လာတဲ့အကြောင်း ဂျေးက တင်ပြလာတော့ ဆောင်ဟွန်းရဲ့ တည်တံ့နေတဲ့မျက်နှာ ရယ်သွေးသမ်းသွားရသည်။
"သူ ဘယ်မှာလဲအခု"
"clubထဲရောက်နေပြီ"
"သူ့အဖွဲ့သားတွေပါသေးလား"