2

251 35 13
                                    

မနက်စာစားရင်းနဲ့ ညက ဆောင်ဟွန်းရဲ့အတွင်းရေးမှူးဖြစ်သူဂျေးကို စုံစမ်းခိုင်းထားခဲ့တဲ့ ရှင်းဂျိတ်ခ်အကြောင်းကို သူ ဖတ်ကြည့်နေသည်။

သိပ်ထူးထူးခြားခြားတော့မရှိပါဘူး ဝါသနာပါရာကိုလုပ်နေတဲ့ သာမာန်ကောင်လေးတစ်ယောက်ပါပဲ။ သြစတေးလျမှာအလယ်တန်းအထိတက်ခဲ့ပြီး နောက်မှာ ကိုရီးယားကိုပြန်ပြောင်းလာပြီး ဒီမှာပဲကျောင်းပြီးခဲ့တယ်။ အကိုတစ်ယောက်ရှိပြီး အဖေဖြစ်သူက စုံထောက်ဘဝကနေအနားယူကာ အပြင်သင်တန်းတစ်ခုဖွင့်ပြီး ဆရာအဖြစ်လုပ်ကိုင်နေတယ်။ စီးပွားရေးလည်းပြေလည်ပုံရပြီး မိသားစုတွေချစ်ချစ်ခင်ခင်ရှိကြပုံရပါတယ်။

တစ်ခုပဲ အဲ့ကောင်လေးအကြိုက်ဆုံးအစားအစာက pepperoni pizzaဖြစ်နေတာပဲ၊ ဆောင်ဟွန်း လုံးဝစားလို့မရတဲ့ဟာကိုမှ သူကအကြိုက်ဆုံးဖြစ်နေတာ။

" ညှိလို့မရမဲ့တစ်ချက်တော့ပေါ်လာပြီ "

ကော်ဖီတစ်ငုံကိုသောက်ပြီးနောက်မှာ ရယ်ပြုံးရင်း ပါးစပ်မှ လွှတ်ခနဲထွက်သွားမိရတယ်။ ဆောင်ဟွန်းနဲ့ ရွယ်တူဖြစ်ပြီး အိမ်မှာခွေးလေးတစ်ကောင်မွေးထားသေးသည်။

"ခွေးများမွေးနေသေးတယ် သူကိုယ်တိုင်ကိုက ခွေးပေါက်နဲ့တူနေတာကိုများ "

စတွေ့ထဲက ဂျိတ်ခ်ကို ဆောင်ဟွန်းရဲ့စိတ်ထဲမှာ ရန်လိုတတ်တဲ့ခွေးပေါက်လေးတစ်ကောင်နဲ့တူတယ်လို့ မှတ်ချက်ချမိခဲ့သေးတာလေ။

စုံစမ်းရသမျှထဲမှာ ဂျိတ်ခ်အခုတစ်ယောက်တည်းနေနေတဲ့ အိမ်လိပ်စာလည်းပါပြီး၊ ဖုန်းနံပါတ်တောင်ပါသေးသည်မလို့ ဒီလောက်ဆို သူသိချင်တဲ့အချက်တွေလုံလောက်သင့်သလောက်လုံလောက်ပါပြီ။















စီးပွားရေးလုပ်ငန်းတွေကို ဆောင်ဟွန်းကိုလွှဲပေးကာ  အမတ်လောင်းဖြစ်ဖို့ကြိုးစားနေတဲ့ ဆောင်ဟွန်းရဲ့အဖေဖြစ်သူ ပတ်လူကြီးမင်းနဲ့ ဆောင်ဟွန်းရဲ့ ဆက်ဆံရေးက အဆင်ပြေလှတယ်လို့တော့မဆိုသာ။

သွေးသားရင်းချာဆိုလို့ သားအဖနှစ်ယောက်ထဲသာရှိပေမဲ့လည်း တစ်ဦးတည်းသောသား သို့မဟုတ် သူ့စီမှာဆောင်ဟွန်းတစ်ယောက်တည်းသာရှိပါသည်ဆိုသော အတ္တကိုစွဲကိုင်ထားတဲ့ ဖေဖေက ဆောင်ဟွန်းငယ်စဥ်ကတည်းက မလုပ်ချင်သောကိစ္စများဖြစ်သည့်တိုင် ဖေဖေ့ရဲ့အမိန့်အာဏာတွေကိုမလွန်ဆန်နိုင်ပဲ ဖေဖေ့ရဲ့အလိုကျအကုန်လိုက်လုပ်ပေးရပြီး အရုပ်တစ်ရုပ်လိုမျိုးကြီးပြင်းလာခဲ့ရသည်။

POEM BEYOND FINISWhere stories live. Discover now