🤚Chapter 67
နေ့လည်ပိုင်းတွင် မုန့်ရှင်းယွီက ယွီရှားမေးမြန်းခိုင်းထားသည့်ကိစ္စကို ကူညီပေးခဲ့သည်။
“အလားအလာ အများကြီးရှိမယ် မထင်ပါဘူး...”
သူမကိုယ်သူမ ထိုသို့ မှတ်ချက်မချဘဲ မနေနိုင်ခဲ့ပေ။
မုန့်ရှင်းယွီ ယွီရှားကို မငြင်းခဲ့ပေ။ အကြောင်းရင်းမှာ ထိုအချိန်က ယွီရှားက အလွန်စိတ်အားထက်သန်နေပုံရ၍ သူမစိတ်ဓာတ်ကို မထိခိုက်စေချင်သောကြောင့်ဖြစ်သည်။ နောက်တစ်ချက်မှာ ယွီရှားက တစ်ခါတစ်ရံ စိတ်အားထက်သန်လွန်းပြီး မုန့်ရှင်းယွီ၏မျက်လုံးထဲတွင် အနည်းငယ်အသုံးအဖြုန်းကြီးသူဖြစ်သော်လည်း သူမထံတွင် မုန့်ရှင်းယွီ၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်သည့်အရာတစ်ခုရှိသည်။ ၎င်းမှာ သူမက သူမကိုယ်ပိုင်ဝင်ငွေများကိုသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
ယွီရှားက ၀တ်စားဆင်ယင်ခြင်းနှင့် ဈေးဝယ်ထွက်ခြင်းကို နှစ်သက်သည်။ မိတ်ကပ်လိမ်းခြင်းကို ကျွမ်းကျင်ပြီးနှစ်သက်သဘောကျသည်။ သူမ၏အတိတ်တွင် မည်သို့ဝတ်စားဆင်ယင်ရမှန်းမသိသည့် မုန့်ရှင်းယွီကို လှောင်ပြောင်ခဲ့ပြီး ကျိအန်းနဉ်ကိုလည်း ရယ်မောခဲ့သည်။
ကဲ့ရဲ့ပြီးနောက် သူမ၏ YSL နှုတ်ခမ်းနီကို ရက်ရက်ရောရော ထုတ်ယူပြီး ၎င်းအား ကျိအန်းနဉ်နှင့် မျှဝေကာ ကန့်ကွက်မှုများကို လျစ်လျူရှုပြီး သူမ(ကျိအန်းနဥ်)အား မိတ်ကပ်လိမ်းရန် တွန်းအားပေးခဲ့သည်။ သူမက ငြူစူသောအရိပ်အမြွက်နှင့်ပင် ပြောလိုက်သေးသည်။
“နင်က အရမ်းလှရဲ့သားနဲ့ ဘာလို့ ပြင်ပြင်ဆင်ဆင်နေရမှန်းမသိတာလဲ... ငါသာ နင့်လိုရုပ်ရည်မျိုးဆိုရင် အမလေး..."
ယွီရှားက အလွန်အမင်း စိတ်အားထက်သန်နေသော်လည်း သူငယ်ချင်းမရှိသော ကျိအန်းနဥ်အတွက်မူ သူမက ညင်သာသော တုံ့ပြန်မှုကိုသာ ပေးလိမ့်မည်။ သို့သော် သူမ၏ နှလုံးသားထဲတွင် ကောလိပ်ပထမနှစ်၌ သူမနှင့်ရင်းနှီးသောလူများကို ရေတွက်ကြည့်လိုက်သောအခါ ယွီရှားက အမှန်တကယ်ပင် သူတို့ထဲမှ တစ်ဦးဖြစ်နေသည်။