🤚Chapter 68
ညစာစားနေစဉ် ဝမ်ယွီက မေးသည်။
“ယွီမျိုးရိုးမိန်းကလေးနဲ့က ဘာကိစ္စရှိလို့လဲ...”
ကျိအန်းနဉ်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဝမ်ယွီက ပေါ့ပေါ့ပါးပါးသာ ဆက်ပြောသည်။
"ကိုယ် မင်းကို စောင့်နေတုန်း မာကောက ကိုယ့်ကို ပြောပြတာ..သူက ကိုယ်တို့ကျောင်းက ကောင်မလေးပါလို့ ပြောတယ်...သူက မင်းတို့အတန်းထဲကလား..."
"မဟုတ်ဘူး..."
ကျိအန်းနဉ်က ပြန်ပြောသည်။
"သူမက ယွီရှင်းရဲ့သူငယ်ချင်းပါ...အစတည်းက NLကအချိန်ပိုင်းအလုပ်တစ်ခုအတွက် သူ့ကို ကျွန်မကနေတစ်ဆင့် မိတ်ဆက်ပေးစေချင်ပေမဲ့ ကျွန်မငြင်းခဲ့တယ်....အခုလည်း ကျွန်မက ဓာတ်ပုံမော်ဒယ်အနေနဲ့ ဝင်ငွေရှာနေတာကို သိရတော့ အဲဒါအတွက် သူ့ကို မိတ်ဆက်ပေးစေချင်တယ်လေ... ဝဘ်ဆိုဒ်မှာ ကိုယ့်ကိုကိုယ် အကြံပြုချက်လျှောက်လွှာတင်လို့ရတယ်လို့ ရှင်းယွီက သူ့ကို ပြောပြခဲ့တာ...သူကလည်း Firewing ဆိုတဲ့နာမည်ကို ရှာတွေ့ရှိပြီး ကျွန်မက သူ့ကိုအကြံပြုပါတယ်ဆိုပြီး သူတို့ရဲ့ မေးလ်ဘောက်စ်ထဲကို ကိုယ်တိုင်အကြံပြုအီးမေးလ် တိုက်ရိုက်ပို့ခဲ့တာ..."
"အဆင်ပြေပါတယ်...ကျွန်မ သူ့ကို မညွှန်းလိုက်ဘူးလို့ မာကောကို ပြောထားပြီးသားပါ...”
ကျိအန်းနဉ်က ပြောသည်။
ဝမ်ယွီက ကျိအန်းနဉ်၏အခြေအနေအပေါ် ရှင်းပြမှုကို အာရုံစိုက်နားထောင်နေသည်။ အမှန်တွင် မာကောက သူ့ကိုဦးစွာ အစီအရင်ခံပြီးသားဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျိအန်းနဉ်ဆီမှ ထပ်မံနားထောင်ရသည့်အခါ သူမယခင်ကဲ့သို့ နုံအမနေတော့ဘဲ ငြင်းဆိုရမည်ကို သိနေခြင်းက သူ့အားပျော်ရွင်စေသည်။
ဝမ်ယွီ၏နှလုံးသားတွင် ကျိအန်းနဥ်က "သူ့လူ" ပင်ဖြစ်သည်။
“သူ့လူ” ဟူသော အဓိပ္ပာယ်မှာ သူမက သူနှင့်သူ၏ အကာအကွယ်အောက်တွင် ရှိနေသည်ဟု ဆိုလိုသည်။
ဝမ်ယွီက ကိုယ့်အပြစ်ကိုယ်မမြင်တတ်သော လူမျိုးသာဖြစ်သည်။ သူက ကျိအန်းနဉ်ကို စကားနှင့်ဖြစ်စေ အနိုင်ကျင့်နေသည့် မည်သူ့ကိုမဆို သည်းခံမည်မဟုတ်ပေ။ ကျိအန်းနဉ်ကို အသုံးချပြီး အမြတ်ထုတ်ရန် ကြံစည်နေပါကလည်း သူ ငြိမ်ခံနေမည်မဟုတ်ပေ။