Chapter 69

587 68 0
                                    

🤚Chapter 69

ကျိအန်းနဉ်၏အမည်ကို ဖော်ပြခဲ့သော်လည်း သူမ၏ မော်ဒယ်အလုပ်အတွက် အကြံပြုချက်မအောင်မြင်သောကြောင့် ယွီရှားက ကျိအန်းနဉ်ကို ဘယ်တော့မှမနှောင့်ယှက်တော့ပေ။ သူတို့နှစ်ယောက်စလုံး မုန့်ရှင်းယွီကို သိရုံမှလွဲ၍ အပြန်အလှန် ဆက်ဆံမှုကလည်း နည်းပါးပေသည်။

ကျိအန်းနဥ်က မုန့်ရှင်းယွီကို မော်ဒယ်ကိစ္စအကြောင်း ပြောပြခဲ့သောအခါ မုန့်ရှင်းယွီက အနည်းငယ် ပဟေဠိဖြစ်သွားသည်။

" သူ ဘာလို့ အဲဒီလိုလုပ်ရဲတာလဲ... ငါသူနဲ့ စကားပြောရမယ်..."

ကျိအန်းနဉ်က ယွီရှားလုပ်ခဲ့သည့်အကြောင်း မုန့်ရှင်းယွီကိုတမင်တကာ ပြောပြခဲ့ခြင်းဖြစ်သည်။ ယွီရှားက လူကောင်းမဟုတ်သော်လည်း မုန့်ရှင်းယွီက အလွန်တော်သော မိန်းကလေးဖြစ်သည်။ အနာဂတ်တွင် မုန့်ရှင်းယွီက ယွီရှားနှင့် ဝေးဝေးနေနိုင်မည်ဟု သူမ မျှော်လင့်ခဲ့သည်။

ခရစ္စမတ်က တဖြည်းဖြည်း နီးကပ်လာလေသည်။

အတန်းထဲတွင် မိန်းကလေးများက gpဖွဲ့ပြီး စကားစမြည်ပြောကာ အဝတ်အစားဝယ်ရန်အတွက် ဈေးဝယ်ထွက်ရန် စီစဉ်ကြသည်။ မုန့်ရှင်းယွီက အတန်းမော်နီတာဖြစ်တာကြောင့်  သူမ၏အတန်းဖော်များနှင့် ဆက်ဆံရေးကောင်းမွန်သည်။

သူမနှင့် ပိုင်လုက ကျိအန်းနဉ်ကို ဖုန်းဆက်သည်။

"ငါတို့နဲ့ လိုက်ချင်လား..."

ကျိအန်းနဉ်၏ ဤဘဝတွင် လူအချင်းချင်း ဆက်ဆံရေးသည် ယခင်ဘဝကထက် များစွာ ကောင်းမွန်ခဲ့သည်။ သူမ မူလက ငြင်းဆိုမှုအချို့ရှိခဲ့သော်လည်း မုန့်ရှင်းယွီနှင့် ပိုင်လုတို့၏လွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်း သူတို့ပြောသည်ကို လက်ခံလိုက်သည်။

မိန်းကလေးများက အတန်းမရှိသည့်အချိန်တွင်တွေ့ကာ ကျောင်းနှင့်အနီးဆုံး ကုန်တိုက်သို့ သွားကြသည်။ လူအတော်များများက ပစ္စည်းများဝယ်ကြပြီး မုန့်ရှင်းယွီက သူ့အချိန်ပိုင်းအလုပ်မှရသည့် ငွေဖြင့် သူ့အဖေနှင့်အမေအတွက် သိုးမွေးနုနုဖြင့်လုပ်ထားသည့်ဆွယ်တာအသစ်တစ်ထည်နှင့် သူ့အတွက် တစ်ထည်ဝယ်ခဲ့သည်။

သူ့လက်ဖဝါးထက်က ရတနာ [ Completed ]Where stories live. Discover now