Chapter 32
May 13, 2024
♎️Chapter 32သူတို့နှစ်ယောက် စကားပြောနေချိန် ဖုယွမ်ကျိုးက ယွိဖေးဆီသို့ စာပို့ခဲ့ပြီး ယခင်နေရာတွင်သာ ထိုင်နေသည်။ သူ အရှုပ်အထွေးထဲသို့ ပါသွားပြီဖြစ်သောကြောင့် ထွက်ပြေးသင့်မသင့်ကို တွေးနေသည်။
ရှန်းရှီကောက သူ့ကို သံသယဝင်သွားပြီလား။
သို့သော် အနည်းငယ် နောက်ကျသွားပုံပေါ်သည်။ ရှန်းရှီကော တစ်ခုခုကို သိသွားလောက်ပြီဖြစ်သည်။ ထို့ကြောင့်သာ သူ့ကို စမ်းသပ်နေခဲ့ခြင်းပင်။
ဖုယွမ်ကျိုး ခက်ရင်းကို ကိုင်လိုက်ပြီး မစားရသေးသော အစားအသောက် ပန်းကန်ကို ခေါက်လိုက်သည်။ သူ့မျက်နှာပိုပျက်လာသည်။ သူ့ကို ရှောင်ချီးဟု သံသယဝင်နေခြင်းမှ ရှောင်ရှားရန် သူ့အမုန်းဆုံး အစားအသောက်များကို မှာယူခဲ့ရသောကြောင့် သူဆက်မစားနိုင်တော့ပေ။
ရုတ်တရက် တစ်စုံတစ်ယောက်၏ လက်က ရောက်လာပြီး ဖုယွမ်ကျိုး၏ ပန်းကန်ကို ဆွဲယူသွားလေသည်။ ထို့နောက် မထိရသေးသော အစားအသောက် ပန်းကန်တစ်ချပ်ကို သူ့ရှေ့သို့ တွန်းပို့ပေးလေသည်။ သူတို့၏ ပန်းကန်များကို လဲလိုက်သူမှာ ရှဲ့လင်ဖြစ်သည်။
"မင်းကိုယ်မင်း ဖိအားမပေးပါနဲ့"
ရှဲ့လင် ခေါင်းငုံ့လိုက်ပြီး ပန်းကန်ပေါ်မှ အသားကို လှီးလိုက်သည် ။
"မင်းမှာ ကိစ္စတစ်ခုခုရှိရင် ပြန်ရောက်ရင် ငါ့ကို ပြောလေ"
အာ...ဟုတ်သားပဲ သူမကြိုက်ဆုံး အစားအသောက်တွေကို ရှဲ့လင်သိတယ်...
ဖုယွမ်ကျိုး တခဏမျှ အံ့အားသင့်သွားပြီး အနည်းငယ် စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည်။ ရှဲ့လင်၏ စကားများက သူ့ကို ပြသနာထဲ ထပ်ရောက်သွားသလို ခံစားရစေသည်။ သူ ပြန်ရောက်ရင် ရှဲ့လင်ကို ရှင်းပြရမလား... သူ ဘယ်လိုဖြေရှင်းရမလဲ...သူ့အရင်ဘဝက ဖြစ်တဲ့ကိစ္စကိုတော့ ရှင်းပြစရာ မလိုဘူးမလား။
"မင်း အဲ့လူကို သဘောမကျဘူးမလား..."
ရန်ရှူးထန်ကလည်း ထိုကဲ့သို့ ပြောလာသည်။

YOU ARE READING
(COMPLETED)အိုမီဂါအဖြစ်မွေးဖွားလာပြီးနောက်အားလုံးကငါ့ကိုလိုချင်နေကြတယ်
RomanceOmega အဖြစ် မွေးဖွားလာပြီးနောက် အားလုံးက ငါ့ကို လိုချင်နေကြတယ် Description 💥 ဖုယွမ်ကျိုးသည် မိသားစုကိုသစ္စာဖောက်ခဲ့ပြီး စက်ဆုပ်ရွံရှာဖွယ်ရာလူသားတစ်ယောက်ဖြစ်လာခဲ့သည်။ သူသိလိုက်ရချိန်တွင် အရာအားလုံးနောက်ကျသွားခဲ့လေပြီ။ သို့သော် သူပြန်လည်နိုးထလာသည်...