ဒီနေ့

3 0 0
                                    

      "မိုးဖွဲဖွဲရွာတဲ့နေ့....
      နေမမြင် တိမ်မမြင် ကောင်းကင်မမြင်ရရင်တောင်
      မေ့ မျက်နှာနဲ့ ကမ္ဘာဆက်မယ့်ကောင်
      ကဗျာစပ်မယ့်ကောင်ပါမေ"

ဇွန်လ...
တလလုံးမိုးရွာနေခဲ့တာ...
"အာ...ဒီနေ့ ဟိုကောင်တွေ နောက်ကျပြန်ပြီကွာ...
ငါပြောစရာရှိပါတယ်ဆိုမှပဲ..."

စောင့်နေတာ မိနစ်၂၀ကျော်ပြီ..တယောက်မှရောက်မလာသေးလို့ မော်ကြီး ဒေါသထွက်နေပြီ...

ခနနေတော့...
ကိုဇော် ရောက်လာသည်
"Sorryကွာ...မိုးရွာနေတာနဲ့ ခနစောင့်နေတာ
ကြာပြီလားကွ ရောက်နေတာ...ဟိုကောင်ရော"

"အေးပါကွာ မင်းတို့ကလဲ အရေးအကြောင်းဆို
စောင့်နေရင် ပေါ်မလာတော့ဘူး..
ဟိုကောင်လဲ ရောက်မလာသေးဘူး"

"ဟ.... မင့်ဂျီးတော်မိုးက စဲမှမစဲပဲကွ...
နေစမ်းပါအုန်း..ပုံမှန်ဆုံနေကျပဲကို
မင်းက ဒီနေ့မှဘာတွေလောနေတာလဲ"

အေး... အဲ့ကိစ္စပြောပြဖို့ မင်းတို့ကိုစောင့်နေတာပဲ...
နေအုန်း...ဟိုကောင်လာမှ.. မင့်ဘာသာမှာစရာရှိတာမှာ"

"အေး"ဆိုပြီး ကိုဇော် လက်ဖျောက်တီးရင်း
"ညီလေး အရင်အတိုင်း တခွက် စမူဆာနဲ့"

စကားဝိုင်းက ခနငြိမ်သွားသည်
ကိုဇော်က သောက်လက်စရေနွေးကို ချပြီး

ဟျောင်... မင်းအချစ်စစ်ဆိုတာကို လက်ခံလား"

"ဟ...မင်းမေးခွန်းကလဲ အစမရှိမဆုံးမရှိနဲ့...
ယုံတာပေါ့ ငါအဆွေ့ကို ဒီလောက်ချစ်တာ..
မင်းဘာသိချင်တာလဲ...ရှင်းရှင်းပြောကွာ"

"မေးကြည့်တာပါကွာ ကြော်ငြာဝင်နေလိုက်တာ
မင်းကလဲ.. နေပါအုန်း"

လဘက်ရည်ဆိုင်ထဲ စိုင်းလင်းဝင်လာသည်..

ကိုခိုင်မှ "မင်းကွာ နောက်ကျလိုက်တာ ငါစောင့်နေတာ
မိနစ်၄၀လောက်ရှိပြီ"

ထီးပိတ်ရင်း...
‌"အေးကွာ...စတူဒီယိုကိစ္စသွားမေးနေတာနဲ့ ကြာနေတာ...
ခုတောင် မိုးနဲနဲစဲတုန်း ပြန်မှရမယ်ဆိုပြီး လစ်လာတာ"

"မင်းနောက်ကျတာက ကိစ္စမရှိဘူး..ဒီကောင်က ရင်ဘတ်ပေါက်ထွက်တော့မယ့်ပုံ..ဘာရင်ဖွင့်ချင်နေတာလဲတော့မသိဘူး"

"အမယ်...တခုခုတော့ တခုခုထင်တယ်ငါ့သူငယ်ချင်းက..
နေအုန်း... မှာလိုက်အုန်းမယ်" ပြောပြီး
"ညီလေးရေ ထုံးစံအတိုင်း" လက်ခုပ်တီးရင်း

"ကဲ.. ပြောပါအုန်း မင်းကိစ္စ"

"အေး...ငါပြောပြချင်နေတာ မင်းတို့နှစ်ယောက်ကို...
ဒီလိုကွာ...."







မောင့်ရဲ့ဝိုင်းWhere stories live. Discover now