ဒီနေ့လဲ မိုးရွာတာပါပဲလား...
မော်ကြီးတယောက်တည်း ကွမ်းယာဆိုင်မှာ မိုးခိုရင်း
"ဟိုနှစ်ယောက်ကလဲ ထွက်မလာသေးဘူးကွာ..
ချီး...ငါ့နှယ့် အတန်းသာ လစ်လာတာ..ဘယ်သွားရမှန်းမသိဘူး"ဇွန်လရဲ့ရန်ကုန်မိုးက မထင်ရင် မထင်သလို ထထရွာတတ်တာမျိုးလေ...
မိုးခိုတယ်သာဆိုတယ် ကွမ်းယာဆိုင်သွပ်မိုးပေါက်တွေကြားက မိုးစက်တွေနဲ့ ကိုယ်တခြမ်းမှာ ရွဲလို့....
ရပ်တာကြာလို့ ခြေထောက်ပါကျဉ်နေပြီ...မိုးစက်တဖြောက်ဖြောက်နားစွင့်ရင်း...စုံတွဲနှစ်တွဲက မိုးရေထဲ ထီးတချောင်းနဲ့ပြေးသွားတာ မြင်လိုက်သေးတယ်..
"အတွဲတွေများကွာ ထီးတချောင်းတည်းနဲ့ ပြေးနေကြလိုက်တာ မိုးမစိုချင် နှစ်ချောင်းဝယ်ထားကြပါလား"
လို့ စိတ်ထဲ ကြိတ်ဆဲရင်း.....ကောင်မလေးတယောက်...
ချည်လွယ်အိတ်အနီလေး ရင်ဘတ်မှာ ပိုက်ပြီး
မိုးရေထဲ ပြေးနေတာဆံပင် ခါးကျော်ကျော်လောက်နဲ့ နက်ပြာရောင်ပန်းပွင့်ဝမ်းဆက်လေးဝတ်ပြီး အတန်းဆီ ပြေးသွားတာထင်ပါ့..
လှလိုက်တာဗျာ....တကျောင်းလုံးနဲ့လဲပြီး တခေါက်တည်း အစအဆုံးပြောရဲပါရဲ့...
အရပ်အမောင်းနဲ့အသားအရည်
ဆံပင်နဲ့ မျက်နှာပေါက်မှာ ပြောစရာမရှိတဲ့
ကောင်းခြင်းတွေနဲ့ သူမ...ငါ့တဒင်္ဂ ဘယ်လောက်ကြာသွားတယ်မသိလိုက်ဘူး..
ငါသတိပြန်ရတဲ့အခါ သူမက Botanyခန်းထဲဝင်သွားပြီ...ဟာ...သူမက ဘယ်သူလဲ ဘယ်လိုလဲ
ငါသိချင်လိုက်တာ...
မြင်ရတဲ့ တခဏတောင် ကဗျာရှည်၇ပုဒ်လောက်
ခေါင်းထဲ ဖြတ်ပြေးသွားတယ်...မိုးစိုနေတာလဲ ခေါင်းထဲမရောက်တော့...
ခြေကျဉ်တာတွေလဲ မေ့သွားပြီ
ငါ့အတွေးတခုလုံးကို စိုးမိုးသွားတဲ့သူမ...မိုးရေထဲ သံပတ်ပေးထားတဲ့နာရီလို
ခလုပ်နှိပ်ခံလိုက်ရတဲ့ စက်ရုပ်တရုပ်လို
သူမဆီ မဆီမဆိုင် လမ်းလျှောက်လာမိတယ်သူမအတန်းရှေ့မှာ သံပတ်ကုန်တော့...
ထီးထီးချည်း ရပ်ကြည့်နေခဲ့တာ
နောက်ဆုံးဒုတိယတန်းအစွန်က နတ်သမီးကိုမိုးရွာနေလို့ထင်ပါရဲ့...
ပတ်ဝန်းကျင်မှာ သက်တန့်တွေ မြင်ပြီး
ပန်းတွေပွင့်သွားတယ်...အာ...မဟုတ်သေးဘူး..
ဒါသူမကြောင့်ပဲ...သူမ နေတဲ့ကမ္ဘာမို့
လှပခြင်းတွေ ရှင်သန်ပေးရတာ
စုစည်းပေးရ ပေါင်းဆုံပေးရ
ရပ်တည်ပေးရတာ...မိုးရေတွေ ခါရင်း ဆံပင်အသပ်
ကျွန်တော့်ကို သူမမြင်သွားတယ်
အကြည့်တချက်..တလှပ်လှပ်ပါပဲ..ချက်ချင်းမျက်နှာလွှဲရင်း...
ဒီလိုနဲ့ ကျွန်တော် လှည့်ပြန်ခဲ့ရတယ်...