သို့

1 0 0
                                    

  "ဟ...မင်းဟာကလဲ...အဲ့လောက်တောင်ပဲလားကွာ..
ငါတော့ ကျောင်းမှာ အဲ့လိုမျိုး မမြင်ဖူးပါဘူး" စိုင်းလင်းအပြော

‌ကိုဇော်မှ ဆေးလိပ်မီးညှိရင်း
"အော်...မင်းကလဲကွာ... ရှမ်းကြိုက်ရင် နွားတောင်ချောသေးတာပဲ...ငါတို့အတွက် ဘာမှမဟုတ်ပေမယ့် သူမျက်လုံးထဲကျ လှနေတာလဲနေမှာပေါ့"

"ဟ...ငါတကယ်ပြောနေတာကွ... ငါလဲ မိန်းခ‌လေးတွေ အများကြီး မြင်ဖူးတာပဲ ဘယ်သူ့ကိုမှ အဲ့လိုမျိုးမဖြစ်ခဲ့ဖူးဘူး ခုသူနဲ့ကျမှပါကွာ..ငါချစ်မိသွားပြီထင်တယ်"

"မော်ကြီးရေ...မင်းက ရည်းစားလဲထားဖူးတာမဟုတ်ဘူး... ခုက မင်းပြောပုံအရဆို ရည်းစားဘာညာ ရှိနေလောက်တယ်.. သေချာစုံစမ်းအုန်းကိုယ့်လူ"

"အေး စိုင်းလင်း မင်းပြောတာဟုတ်တယ်... အဲ့တခုတော့ စဉ်းစားရမယ်..မဟုတ်ရင် ဒီကောင်က စိတ်ကူးယဉ်မင်းသားဘဝနဲ့ပဲ ဇာတ်သိမ်းမှာ ဟ ဟ" ကိုဇော်က ပြောရင်း ရီနေသည်..

"အေးပါကွာ..မင်းတို့ကလဲ...ငါလဲ စိတ်ထဲရှိတာ ရင်ဖွင့်ပြတာပါ...မနေ့က မင်းတို့က ပေါ်မှမလာကြပဲ"

ကိုစိုင်းမှ "မနေ့က ငါတို့နှစ်‌ယောက် ကျောင်းကိုမလာဖြစ်တာကွ... အသံသွင်းဖို့ကိစ္စသွားမယ်ဆိုပြီး စီစဉ်ထားတာ မိုးကထရွာတာနဲ့ အလုပ်အကုန်ပျက်ကုန်တာ"

"အေးပါ...မင်းတို့တွေ သေချာလုပ်ကြ.. ငါတော့ အဲ့ဘက်မှာ စန်းမပါဘူးထင်ပါတယ်ကွာ...အဆင်မပြေဘူး"

"ဒီလိုပဲပေါ့ကွာ...ငါတို့က ကျောင်းတဖက်နဲ့ လုပ်ရတာကို
အားမလျော့နဲ့ငါ့ကောင်...တနေ့ကျ အောင်မြင်မှာ"

"မသိတော့ဘူးကွာ... ခုတော့ မနေ့ကတည်းက ငါ့မှာ ဂီတာတီးလဲသူ ကဗျာရေးလဲသူ သူ့မျက်နှာပဲ မြင်နေတော့တာ"
မော်ကြီးက အတည်ကြီးဖြစ်နေလေပြီ

ကိုဇော်မှ "မင်းရောဂါကလဲမသေးပါလားကွာ...ဒါနဲ့ သူ့ကိုမင်းဘယ်လိုလိုက်ရှာမလဲ နောက်ရက်"

"အေး... ငါ့သူငယ်ချင်းတယောက်တော့ Botanyမှာရှိတယ် ခင်သူဇာတဲ့ သူ့ကိုအကူအညီတောင်းကြည့်ရမှာပဲ"

ကိုစိုင်းက ဆေးလိပ်တိုကို မီးငြိမ်းရင်း
"လုပ် လုပ် တခုခုသိရရင်လဲ ငါတို့ကိုပြောအုန်း..ငါတို့ကူညီလို့ရတာရှိရင်လဲ ပြောပေါ့ကွာ..."

"အေးကွာ...ငါ့မှာလဲ မင်းတို့ပဲရှိတာ..လိုရင်အကူအညီတောင်းမှာ စိတ်ချ..ခုတော့သွားရအောင်...ဒီဝိုင်းငါရှင်းလိုက်တော့မယ်...ရှင်းမယ်ညီလေးရေ" မော်ကြီး လက်ခုပ်တီးရင်း စားပွဲထိုးလေးကို လှမ်းခေါ်လိုက်သည်..

အပြန်...

ဘဝဆိုတာ ဂီတာတီးရင်း သီချင်းရေးရင်း
လွမ်းမောရင်း စီးမျောရင်းအပြင်
တစုံတယောက်ကို မျှော်လင့်ရင်းနဲ့မှ
ပိုအဓိပ္ပာယ်ရှိနေသလိုလို....


You've reached the end of published parts.

⏰ Last updated: Jul 13 ⏰

Add this story to your Library to get notified about new parts!

မောင့်ရဲ့ဝိုင်းWhere stories live. Discover now