ကပ္ပတိန်မှတ်တမ်း
ကျွန်ုပ်တို့၏ ဂုဏ်ယူရပါသော ခရင်းကောင်ကြီး တော်တူဂါမှ ရွက်လွှင့်လာခဲ့သည်မှာ ရက်သတ္တပတ်တို့စွန်းခဲ့လေပြီ။ အန်နာဘဲလာနှင့် ဖစ်ဇ်ဝီလီယမ်မှာ ရေကြောင်းနှင့် ပက်သက်လျှင် လူပြိန်းသာသာဟု ဆိုနိုင်သော်ငြား တဖြည်းဖြည်းတိုးတက်လာကြသည်ကိုမူ ကျွန်ုပ်ဝန်ခံရပေမည်။ ဖုန်းဆိုးမြေဟု ကျွန်ုပ်တို့ ထင်ခဲ့မိသော ကျွန်းပေါ် ကမ်းတင်ခဲ့ချိန် ကြောက်ရွံ့ဖွယ်ကပ္ပတိန်တောရန့်စ်မှ အသွင်ဆောင်ထားသည့် လှိုင်းကြမ်းမုန်တိုင်းတစ်သွယ်...သွေးဆာရက်စက်သော မိစ္ဆာကြီးတစ်ကောင်နှင့် အမှတ်မထင်ကြုံဆုံအပြီး ကျွန်ုပ်တို့သည် ဂျန်င်းဟုခေါ်သော ခရီယိုငတိနှင့် တူးမန်အမည်ရ မာရာသားလေးတို့ကို လှေအဖွဲ့ဝင်များအဖြစ် ခေါ်ဆောင်လာခဲ့ကြသည်။ မကြံကောင်း မစည်ရာ၊ ဂျန်င်း၏ ကြောင်ဝဲစား၊ စင်စစ် ၎င်း၏ မန္တန်သင့်နှမဟု ၎င်းမှ တွင်တွင်ဆိုနေသော သတ္တဝါကိုလည်း ကျွန်ုပ်တို့ တင်ဆောင်လာခဲ့ပါသေးသည်။ ကျွန်ုပ်သည် လူရမ်းကားကပ္ပတိန်တောရန့်စ်အား အောင်နိုင်ခဲ့၊ မှန်ပါပေသည်၊ လက်တစ်ဖက်တည်းဖြင့် ခဏတွင်းချင်း ချေမှုန်းခဲ့ပြီးနောက် ရတနာပုံဆိုက်သွားပါတော့သည်။ ယခုအခါ အံ့ဖွယ်ဓါးရှည်မှာ လူတို့ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရသော ဘယ်ခြေထောက်လူးဝစ်စ်၏ လက်တွင်း၌ ရှိနေကြောင်း ကျွန်ုပ်မှ ကျွမ်းကျင်ပါးနပ်စွာ ကောက်ချက်ချပြီးသော် ၎င်းနောက် မနှေးလျင်စွာ လိုက်ခဲ့ကြလေသတည်း။
️☠️ ☠️ ☠️ ☠️ ☠️ ☠️ ☠️

YOU ARE READING
ဂျက်စပဲရိုး၊ မာယာသီချင်း
Adventureပုလဲနက်မတိုင်မီကာလ၌ ရွက်သင်္ဘောမှောင်ခိုစီးသူ လူငယ်တစ်ဦးရှိခဲ့ဖူးသည်၊ အမည်ကား ဂျက်စပဲရိုး။ ကပ္ပတိန်ဂျက်စပဲရိုး၏ ရွက်လှေ ခရင်းကောင်နှင့် လက်ရှိအချိိန်အထိ အလံမလဲတမ်းရှိနေသော လှေအဖွဲ့သားများသည် ကြမ္မာဆိုးမန္တန်အောက် ကျရောက်သွားပါတော့၏။ ကိုးတက်ဇ်ဓါးရှာပ...