4

183 5 0
                                    

အိမ်ရှေ့သို့ ကားထိုးလိုက်သည်နှင့်တစ်ပြိုင်နက်
တီချယ်က ခြံထဲမှာ ထိုင်နေရာမှ ကျနော့်ကားဆီ
ထလာသည်

ထိုင်စောင့်နေတာလားဟင် တီချယ်က

ထိုင်စောင့်နေတယ်လို့ပြောရမလား
ထိုင်မစောင့်ဘူးလို့ပြောရမလား
စောင့်တော့စောင့်နေတာပါပဲ ဟီးဟီး

တီချယ်ကကလေးလေးကျနေတာပဲ...

ဒါနဲ့ တီချယ့်အသက်ဘယ်လောက်လဲမသိဘူး

တီချယ့်အသက် ၂၈လေ

၂၈!
ဝိုး
လိုက်ဖက်လိုက်တာ

ဟမ်
ဘာကိုလဲ

သြော်
တီချယ်က ချစ်စရာလေးလို့ပြောတာပါ

အဲ့လိုကြားလိုက်တာမဟုတ်ပါဘူးနော်

ဒါနဲ့ ဘယ်အရွယ်လောက်မှာ အိမ်ထောင်ပြုမှာလဲ

ဟယ်တော့
ဒီတစ်ယောက်ကဘာတွေလာမေးနေတာလဲမသိဘူး
ရည်းစားတောင်မရှိပါဘူးဆိုမှ
တီချယ့်စကားမဆုံးခင်မှာတင် ကျနော်က

ရည်းစားထားလိုက်လေ...

အမ်
ရည်းစားထားရမယ်
ရည်းစားကချစ်မှထားလို့ရမှာပေါ့ မင်းကလဲ

ကျနော့်ကိုမချစ်ဘူးလား

ဟမ် ဘယ်လို ဘယ်လို
ကျနော့်ကို မချစ်ဘူးလားတီချယ်က

တီချယ်က ရှက်သွေးဖြာ လန့်ပြီး
မနောက်နဲ့လေ ဖြိုးကလဲ
ဆရာ တပည့်လေ

ဆရာ တပည့်လည်းချစ်လို့မရဘူးလား

ဘာပြောရမှန်းတောင်မသိတော့ဘူး

မင်းကမိန်းကလေးလေ

တီချယ်ကလည်း မိန်းကလေးလေ

အဲ့တော့ ချစ်လို့မရကြဘူးလား

တကယ်ကြီးပြောနေတာလား
ဒီမှာ လန့်နေပြီနော်

မောင်းနေလက်စ ကားကို ဘေးသို့ ကျနော်ထိုးရပ်လိုက်သည်

တကယ်ပြောနေတာပါ
တီချယ့်ကို ကျနော်ချစ်တယ်
တီချယ့်ကို ကျနော်အများကြီးချစ်တယ်
ကျနော့်ကောင်မလေးဖြစ်ပေးမလားဟင်
ကျနော် တီချယ်လက်ကလေးနှစ်ဖက်ကို လှမ်းဆွဲကာကိုင်ထားလိုက်သည်

ME N U - တီချယ့်ရဲ့လိပ်ပြာWhere stories live. Discover now