Chapter - 12

58 7 0
                                    

အခန်း (၁၂) သူတို့ကို ရိုက်

ယနေ့သည် နေသာသည့်နေတစ်နေ့ဖြစ်သည်။
ရေမျက်နှာပြင်သည် တည်ငြိမ်နေခဲ့ပြီး အရာအားလုံး တိတ်ဆိတ်နေခဲ့သည်။ ယခင်နေ့များက လေထန်ပြီး လှိုင်းများသည် ကမ်းခြေကို ရိုက်ပုတ်နေခဲ့သည်။ ယနေ့တွင် လေမတိုက်သဖြင့် ထိုနေ့များမှ မြင်ကွင်းမျိုးနှင့်မတူနေခဲ့ပေ။

အရာအားလုံးသည် တည်ငြိမ်လွန်းနေပြီး ကြောက်မက်ဖွယ်ကောင်းလောက်‌အောင် တည်ငြိမ်နေခြင်းဖြစ်သည်။ ကမ်းခြေတွင် အခြေအနေတည်ငြိမ်နေခဲ့သော်လည်း ရေနက်ပိုင်းတွင် မည်သို့ဖြစ်နေသည်ကို မည်သူမှ မမြင်တွေ့နိုင်ခဲ့ပေ။
အန္တရာယ်များလွန်းသည့် ကမ္ဘာကြီးအတွင်း၌ အနည်းငယ် သတိမထားလိုက်မိသည်နှင့် အသက်အန္တရာယ်နှင့်ရင်ဆိုင်ရနိုင်ချေ ရှိနေသည်။ မည်သို့ပင်ဖြစ်စေ မြစ်ပြင်သည် အနက်ရောင်နွံအိုင်ကဲ့သို့ပင် အန္တရာယ်များသည့်နေရာ တစ်ခုဟု မျိုးနွယ်စုမှ လူများသတ်မှတ်ထားကြသည် မဟုတ်ပေလော။ ယခင်နေ့များက လုံလုံခြုံခြုံဖြင့် ငါးမျှားနိုင်ခဲ့ခြင်းသည် နေ့တိုင်းလုံခြုံနေလိမ့်မည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ။
ရှောက်ရွှမ် သတိထားနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ကလေးများအားလုံး ပဟေဠိဖြစ်သွားကြပြီး လုပ်လက်စအလုပ်များကို ရပ်တန့်လိုက်ကြကာ နောက်သို့ ဆုတ်လိုက်ကြလေသည်။ သူတို့အားလုံးသည် ကြမ်းတမ်းကြပြီး ထက်မြက်သည့် ကလေးများ မဟုတ်ကြပေ။ သို့သော်လည်း သူတို့သည် တုံးအကြသူများမဟုတ်ကြပဲ သူတို့၏ အသက်များကိုလည်း တန်ဖိုးထားတတ်ကြသည့် ကလေးများ ဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ ရှောက်ရွှမ် သည် ယခုရက်ပိုင်းများတွင် သူတို့၏ ယုံကြည်မှုကို ရယူခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးနောက်ဆုတ်လိုက်ကြ အပြီးတွင် ရှောက်ရွှမ်၏ အမိန့်ကို စောင့်နေလိုက်ကြသည်။

ရှောက်ရွှမ်သည် တည်ငြိမ်နေခဲ့သည့် ရေပြင်ကို ကမ်းပေါ်မှ ကြည့်နေလိုက်ပြီး တွေးတောနေလိုက်သည်။
ရေမျက်နှာပြင်သည် တည်ငြိမ်နေဆဲပင် ဖြစ်လေသည်။ အခြားသာမန်နေ့များနှင့် အတူတူသာ ထင်မှတ်ရသည်။ ရေသည် အရောင်အဆင်း ပြောင်းလဲခြင်း မရှိသကဲ့သို့ မည်သည့် မူမမှန်သည့် လှုပ်ရှားမှုမျိုးကိုမှ မတွေ့နေရပေ။

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင် ( ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်  )Where stories live. Discover now