" ကိုကို "
ကော်ဖီဆိုင်ထဲကိုဝင်လာတဲ့လူတစ်ယောက်ကလှမ်းခေါ်တော့အသံလာရာကိုလှမ်းကြည့်ရင်း
" ဟော....ရောင်လေးကျောင်းဆင်းပြီလား "
လရောင်ဝေကပြောတော့ ရောင်လေးကအသာအယာခေါင်းငြိမ့်ပြတယ်ပြီးနောက်လရောင်ဝေနဲ့အတူရုံးခန်းထဲကိုဝင်သွားကြတယ်
" ကိုကို..ကျွန်တော်ပြောစရာရှိလို့ခနဝင်လာတာ "
" ကဲ ..ပြောစေဗျာ ဘာပြောစရာရှိလို့လဲ "
" ဟဲဟဲ ....ကျွန်တော်ဒီတစ်ပတ်ကျောင်းပိတ်ရက်ကို ကျွန်တော့်သူငယ်ချင်းနဲ့အပြင်ခဏသွားမို့ အဲ့တာပန်းခင်းကိုမနက်ပိုင်းခဏလောက်ကိုကိုကြည့်ထားပေးလို့ရမလားလို့ပါ "
"ဪ...ဘာများလဲလို့ရောင်လေးရယ် ..ရတာပေါ့ ဖေကြီးကိုရောပြောပြီးပြီလား ...ကိုကိုလည်းအဲ့နေ့ဆိုင်ပိတ်တယ်ဆိုတော့ကြည့်ပေးလို့ရပါတယ် "
" ဖေကြီးကိုလည်းကုမ္ပဏီကိုဝင်ပြောပြီးပါပြီကိုကိုရဲ့..."
" ဟုတ်ပါပြီဗျာ...ဒါနဲ့ရောင်လေး...ဘယ်ချိန်လောက်သွားမှာလဲ "
" မနက်ပိုင်းဆိုတော့၉နာရီလောက်သွားမှာဗျ "
" ဟုတ်ပါပြီကားယူရင်ယူသွားလေ ....သူငယ်ချင်းဆိုတာကဟိုတစ်ခါအိမ်လာတဲ့ခွန်းစစ်သူဆိုတာလား "ရောင်လေးအသာခေါင်းငြိမ့်ပြလိုက်ပြီးလရောင်ဝေကိုလက်ပြနှုတ်ဆက်ပြီးဆိုင်ထဲကထွက်လာလိုက်တယ်လမ်းကူးရန်မီးပွိုင့်နားရောက်တော့
" ဟယ်လို "
"....... "
" မနက်ဖြန်မနက်၉နာရီလောက်ငါလာခေါ်မယ်စောင့်နေ "
" ...... "
" အေးအေးအာ့ဆိုဒါပဲနော် "
" ..... "
💫💫💫💫💫💫💫💫
အခန်းတံခါးကိုမခေါက်ပဲဝင်လာသူကြောင့်နေမင်းရှိန်စိတ်တိုသွားပြီးအော်မယ်အလုပ်
" ဟျောင့် ငါဟ "
" ဪ..မသိလို့ပေါ့ကွာ မင်းကလည်း အသံမှမပေးတာကွ "
" အေးပါကွာ ငါမှားတာပါ မင်းကလည်းအဲ့စာရွက်တေပဲအာရုံစိုက်နေတာကိုး ..တော်ကြာစာရွက်ထဲဝင်သွားအုန်းမယ် "
YOU ARE READING
ပန်းခင်းထဲကကိုယ့်ချစ်သူ
Romanceရက်စက်ကြမ်းကြုတ်ပြီးမျက်နှာတည်တဲ့ဦးလေးကြီးတစ်ယောက်နဲ့အေးဆေးနေတတ်ပြီးကြွေရုပ်လေးလိုချောမောတဲ့ကောင်လေးတစ်ယောက်အကြောင်း