Chapter ~ 2

1 0 0
                                    

ဒီနေ့ကျောင်းပိတ်ရက်ပေမို့ရောင်လေးမနက်စောစောထပြီးမျက်နှာသစ်ရေချိုးသွားတိုက်ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးခွန်းစစ်ကိုသွားခေါ်ရန်အောက်ထပ်ကိုဆင်းလာခဲ့တယ်အောက်ထပ်ရောက်တော့မနက်စာစားနေသည့်ဖေကြီးဘေးဝင်ထိုင်းလိုက်ပြီး

" ဖေကြီး..သားခွန်းစစ်ကိုသွားခေါ်တော့မယ်နော် .. "

" ဪ...ဟုတ်ပါပီ...မနက်စာရောစားမသွားတော့ဘူးလား"

" တော်ပြီဖေကြီးသားအပြင်မှာပဲခွန်းစစ်နဲ့စားလိုက်တော့မယ် "

" အေအေ...ကားကိုဂရုစိုက်မောင်းနော်သားငယ်..."

" ဟုတ်ဖေကြီး..ဒါနဲ့ကိုကိုရော"
ရောင်လေးအောက်ဆင်းလာကတည်းကကိုကို့ကိုမတွေ့တော့ဖေကြီးကိုမေးတော့

" သားကြီးကအစောကတည်းကပန်းခင်းဖက်ကိုသွားခဲ့တယ် ...ကဲပါသားငယ်သွားမယ်ဆိုလည်းသွားလမ်းမှာဂရုစိုက်..နောက်ကျနေအုန်းမယ် "

" ဟုတ်ကဲ့...ဖေကြီးသားသွားပြီ.."
ရောင်လေးးဦးလွှမ်းဝေ၏ပါးကိုဖွဖွနမ်စပြီးလက်ပြနှုတ်ဆက်ကာအိမ်မှထွက်လာခဲ့တယ်။ရောင်လေးတို့မေမေကဝေလေးငယ်ငယ်ကတည်းကဆုံးပါးသွားသည်မို့သူတို့တွက်ကသူတို့အဖေကအဖေနေရာကရောအမေနေရာကပါပြုစုစောင့်ရှောက်လာသည်မို့ရောင်လေးတို့ညီကိုနှစ်ယောက်ကသူတို့အဖေကိုသိပ်ကိုချစ်ကြတာ...

💫💫💫💫💫💫💫💫💫

တီ..တီ..တီ..

ခြံရှေ့ကကားဟွန်းသံကြားတော့ခွန်းစစ်အပြင်ကိုထွက်လာပြီး

" ဟျောင့်..ခဏစောင့်အုန်း..အိမ်ထဲဝင်ထိုင်အုန်း...ငါမေမေ့ကိုသွားပြောအုန်းမယ် "

" အင်း...."

ရောင်လေးခွန်းစစ်တို့အိမ်ဝင်းထဲကားထိုးထားပြီးအိမ်ထဲကဧည့်ခန်းမှာထိုင်ပြီးခွန်းစစ်ကိုစောင့်နေသည်မကြာပါခွန်းစစ်နဲ့အတူခွန်းစစ်အမေပါဆင်းလာတယ်

" မေမေ အာ့ဆိုသားသွားတော့မယ် တာ့တာ "

" ဟုတ်ပါပြီရှင် ...ကားကိုဂရုစိုက်မောင်းကြအုန်းနော်ကလေးတေ "

" ဟုတ်အန်တီ "

ပြောပြီးရောင်လေးတို့ထွက်လာတယ်

ပန်းခင်းထဲကကိုယ့်ချစ်သူWhere stories live. Discover now