ဂျီမင်းသည်အစောထဲကဆာရန်းအတွက်မနက်စာပြင်ထားကာစောင့်နေတာမို့
ဆာရန်းလက်ကိုဆွဲကာ"လာ....အရေမရအဖက်မရတွေလျှောက်နောက်မနေနဲ့တော့ ရေချိုး အဝတ်အစားလဲပြီးရင် မနက်စာအတူစားဖို့ Unnieပြင်ထားတယ် လာစားလှည့်"
ဂျီမင်းကအမြဲဒီလိုချက်ပြုတ်စားသောက်တတ်သည်။
ဆာရန်း ကျန်းမာရေး လေ့ကျင့်ပြီးပြန်လာတဲ့အခါတိုင်း ဂရုတစိုက်ပြင်ဆင်ကျွေးမွေးတတ်သည်။
"အငယ်လေး ရေချိုးတော့ Unnie စောင့်နေမယ်"
ဆာရန်း"ဟုတ်ကဲ့"ဟုပြန်ဖြေ၍အိမ်အပေါ်ထပ်သို့ခပ်သွက်သွက်လေးသွားသည်။
ဂျီမင်း မီးဖိုခန်းထဲဝင်၍ စားစရာများကိုပြင်ဆင်ရင်း အငယ်လေး ဘာတွေများပြောနေတာလဲဟု တွေးမိ၏။
ချစ်သူရှိနေပြီလား။
စနောက်သည်ဆိုကာပြောနေပေမဲ့ တစ်ခုခုမှာထူးခြားနေသလို။
မဟုတ်သေးပါဘူး။
ဒီကလေးတကယ်များ ချစ်သူရည်းစားရနေသလား။စိုးရိမ်စိတ်မြင့်တတ်လာသည့်အတူ
"ဟယ်ယွန်း...."အသံမြှင့်ကာအိမ်အကူညီမလေးကိုလှမ်းခေါ်လိုက်သည်။ထို့နောက်အသံကျယ်ကျယ်ဖြင့်ပြန်ထူးကာသူမအနားနောက်လာသည့် ဟယ်ယွန်းကို
"နင့်မမလေးမှာ ချစ်သူရှိနေပြီလား"ဂျီမင်းရဲ့မျက်နှာတည်တည်နှင့် အမေးကိုဟယ်ယွန်းကလန့်သွားပုံ
"ဟင်....ဘာဖြစ်လို့လဲ"ဟုထိတ်လန့်ဟန်မေးလာသည်။"မသင်္ကာလို့ပေါ့.... နင် သိထားသေးလား..."
"ဘာကိုလဲဟင်"အူကြောင်ကြောင်ဖြင့်ပြန်မေးနေသည့် ဟယ်ယွန်းကိုမိမိစိတ်တိုပိုတိုလာရသည်။"ဆာရန်းနီးမှာ ချစ်သူရှိနေလားဆိုတာကို...."ဟုအသံမြှင့်ကာပြောလိုက်သည်။
___________________________________
ဟယ်ယွန်း မဖြေရဲပေ။
မမကြီးကြည့်ရတာသိပ်စိတ်တိုနေဟန်။
မမလေးကလည်း အချိန်မတန်လို့မပြောနဲ့ဦးဟုမိမိကိုမှာထားသည်။ဟယ်ယွန်း အတန်ကြာမဖြေ၍ မမကြီးထံမှအသံထွက်လာသည်။
"ဟဲ့....မေးနေတယ်လေ..."
YOU ARE READING
Exchange
Fanfictionလွဲမှားမှုတွေကြောင့်အဆုံးသတ်မလှခဲ့ရင်တာဝန်ယူရမဲ့သူကဘယ်သူဖြစ်လာပါ့မလဲ