Exchange - 5

83 14 0
                                    

"မမရဲ့မိဘတွေကလေ ငယ်ငယ့်ကိုအရမ်းချစ်မှာ.... မမအရိပ်အမွှာပဲပြောပြတာတောင်ငယ်ငယ့်ကိုသိပ်တွေ့ချင်ပြီး ချစ်စရာကောင်းမှာပဲတဖွဖွပြောနေတာ...."
မမကလက်ဟန်ခြေဟန်တွေပါသုံး၍ အားပါးတရပြောပြလာတဲ့စကားကြောင့် ဆာရန်း ရင်ထဲနွေးထွေးသွားသည်။

တချိန်ထဲမှာပဲUnnieမျက်နှာကိုမြင်ယောင်မိသွားကာ အားမလိုအားမရရေရွတ်မိသည်။
"ငယ်ငယ့် Unnie ကတော့ ချစ်သူရှိလာရင်ရောလို့မေးမိတာနဲ့ ချက်ချင်းပဲ သွေးဆုတ်ဖြူရော်သွားတာပဲ..."

"ငယ်ငယ်...."
မမရဲ့ခပ်ဖွဖွခေါ်သံကအမြဲတမ်း ဆာရန်းကိုရင်ခုန်မြန်စေသည်။

"ရှင်..."

"မမကို ချစ်ရဲ့လားကွယ်...."
"ချစ်ပါတယ် မမရယ်..."

ဆာရန်းရဲ့ဖြေသံအဆုံး မမဟာသူမကို ရင်ခွင်ထဲသို့တင်းကျပ်စွာပွေ့ဖက်၍ထည့်ထားသည်။

မမရင်ခွင်လေးထဲမှာ နွေးထွေးလွန်းစွာဖြင့်သူမငြိမ်သက်နေမိသည်။

မမရဲ့မြတ်နိုးတွယ်တာစရာကောင်းတဲ့ အယုအယ အကြင်နာတွေက သူမရဲ့ သံယောဇဉ်တွေကို တင်းကျပ်စွာနှောင်ဖွဲ့လို့လာလေသည်။

ချစ်ပါတယ်....မမ။
သိပ်ကိုချစ်ပါတယ်။

"မမ..."
"ရှင်..."
"ပြန်ကြမယ်လေနော်..."
"နေပါဦး ငယ်ငယ်ရယ်..."
မမကမခွဲနိုင်သေးသည့်အမူအရာဖြင့်ဆိုလာသည်။

"သိပ်နောက်ကျရင် Unnie ကစိတ်ပူနေမှာ မမရဲ့"

သူမထရပ်လိုက်သည်။
Unnie ကစိတ်ပူနေတော့မှာပဲ။

သူမစိတ်ပူပန်နေတာကိုသတိထားမိတဲ့မမက
"ဟုတ်ပါပြီ လာပြန်ကြမယ်နော် မမရဲ့အချစ်ဆုံးလေးက ပြန်ချင်ပြီဆိုတော့မမလိုက်ပို့ပေးရမှာပေါ့"ဟုချိုသာစွာပြုံးပြရင်းပြောလာသည်။

မမရဲ့အချစ်ဆုံးလေးဟူသည့်ခေါ်ဝေါ်မှုကြောင့်သူမပါးပြင်တစ်ခုလုံး နီရဲလာပြီး ပူရှိန်းရှိန်းခံစားလိုက်ရသလိုပင်။

မမကသူမလက်ကိုဆွဲကာဆိုင်ထဲမှ အတူထွက်လာခဲ့ကြသည်။

ဆာရန်းရဲ့ လက်ကိုင်ဖုန်းမှမြည်လာသည်။
"ဟယ်လို...."
"အငယ်လေး...."
"ဟုတ်ကဲ့ .... Unnie"

Jeemin Unnie ထံမှလာသည့်ဖုန်းဖြစ်၍ မမကိုအသံမထွက်စေရန်အချက်ပြလိုက်ရသည်။

Exchange Where stories live. Discover now