122 21 8
                                    

8.

ရှို့လည်းလန့်သွားတယ်

လက်ထောက်ဒါရိုက်တာမှာ မျက်နှာနှစ်ဖက်ရှိမယ်လို့မထင်ထားဘူး နေ့ဘက်မှာတည်ငြိမ်နေပြီး ညဘက်မှာတော့မြင်းထီးဖြစ်နေတယ်

ရှို့လည်းလည်ပင်းကျုံ့လိုက်ကာအရက်ခွက်နောက်တွင် မျက်နှာစိုက်ထားလိုက်သည်။သူ့ကိုသိသွားလို့မဖြစ်ဘူး တစ်ခေါက်ပဲတွေ့ဖူးတာဆိုတော့ မမှတ်မိလောက်ပါဘူး

ဘယ်သူသိမှာလဲ ကုန်းကတော့ ကောင်တာကိုမှီပြီး အပြုံးဖျော့ဖျော့နဲ့မေးလာတယ် : "ရက်နည်းနည်းလောက်မတွေ့တာနဲ့ကိုယ့်ကိုမမှတ်မိတော့ဘူးလား?"

"........."

တောင့်တင်းစွာဖြင့် ခေါင်းမော့လိုက်ကာ မက်မွန်ပန်းပုံစံမျက်လုံးနှင့်အကြည့်ချင်းစုံလိုက်သည်။

သူလည်း အနေခက်စွာနှင့်တုံးအစွာဖြင့်လက်ရမ်းပြလိုက်သည် : "နီဟောင် လက်ထောက်ဒါရိုက်တာဗျ ညစာစားပြီပြီလား?"

ကုန်း၏နှုတ်ခမ်းပါးပါးမှာ ခွက်တစ်လျှောက်ပွတ်တိုက်သွားကာ တိုးတိုးရယ်လိုက်သည်။ရယ်သံမှာ ခုနကထက်ပိုဆွဲဆောင်မှုရှိကာ သားကောင်ကိုကြည့်သည့်အကြည့်နှင့် ရှို့ကိုစိုက်ကြည့်ကာ : "မစားရသေးဘူး"

ရင်ဘတ်တွင်တစ်ခုခုအပြင်ထွက်လာတော့မလိုတုန်ခါနေတာကြောင့် စကားထပ်ပြောချိန်တွင် ပိုဖျော့သွားသည် : "ဒါဆို ခင်ဗျားအမြန်သွားစားလေ ကောင်လေးကိုအကြာကြီးမစောင့်ရစေနဲ့ဦး"

ခုနကကောင်လေးကိုပြောနေမှန်း ကုန်းသိလိုက်တာကြောင့် ရှင်းပြလိုက်သည် : "ကိုယ်သူ့ကိုမသိဘူး"

ရှို့လည်းအသိပွင့်သွားကာ တွေးလိုက်သည်။အိုခေ ဗျောက်အိုးဘုရင်နောက်တစ်ယောက်ပဲ

9.

ကုန်းနဲ့ပိုနီးကပ်လာကာ လက်ကလည်း ရှို့ခါးပေါ်ရောက်လာပြီး သူ့နားရွက်ကိုဖြေးဖြေးချင်းလာကိုက်သည်။

"ကိုယ်ညစာမစားဘူး"

"ကိုယ်မင်းကိုစားချင်တယ်"

ရှို့တစ်ကိုယ်လုံး ပျော့ပျောင်းလာသည်။

ရှို့ကကမ္ဘာကြီးကိုမတွေ့ဖူးတာကြောင့်နှိုးဆွမှုကိုမခံနိုင် ကုန်း၏ကျွမ်းကျင်မှုရှေ့ရောက်သွားသောအခါ ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့အားနည်းသွားသည်။

Python အခြေခံဂိုက်《Complete》 Where stories live. Discover now