Part 7

161 26 9
                                    

Unicode :

ချင်ရှန်း တစ်ယောက် မနက်စာ အဖြစ် ၀က်သား ကြက်ဥ ဆန်ပြုတ်နှင့်အသား ဖက်ထုပ် ပူပူနွေးနွေး တို့ကို၀ယ်ကာ ရှီခဲ ဆေးသွင်းနေသည့် အခန်းထဲသို့ ၀င်လာခဲ့သည်။၀ယ်လာသည်များမှာ ရှီခဲ အကြိုက်ဆုံး အစားအသောက်များ ဖြစ်ပြီး  ဒိန်ချဉ်တစ်ဘူး ပါ ပါလာခဲ့သေးသည်။ 

ရှီခဲကို တစ်ချက်လှမ်းကြည့်လိုက်ရာ ပုံမှန်ထက် စိတ်အခြေအနေ ပိုလို့တည်ငြိမ်လာဟန်ရှိသော်လည်း မျက်လုံးလေးများမှာ နီမြန်း လျက်ရှိနေသေးပြီး သနားစဖွယ် ရုပ်ကလေးနှယ်ဖြစ်နေသေး၏။

ရှီခဲ ဘေးသို့ သွားကာ ထိုင်ချလိုက်ပြီး ဆန်ပြုတ်ဘူး အဖုံးကို ဖွင့်လိုက်သည်။ ရှီခဲမှာ ဆေးသွင်းထားရချိန် ဖြစ်တာကြောင့်
သူ့လက်ကို အသုံးပြုရန် ခက်ခဲနေသေးသည်။ ထို့ကြောင့် ချင်ရှန်းကိုယ်တိုင်ကပဲ တခါ ခွံကျွေးတိုင်း ဇွန်းအပြည့် ခပ်ကာ ဂရုတစိုက် ကျွေးပေးရသည်။ ချင်ရှန်း ကျွေးသမျှ ဆန်ပြုတ် တစ်ဇွန်းစီတိုင်းကို ငြိမ်ငြိမ်ထိုင်ကာ စားနေသည့်ရှီခဲမှာ မနက်က အလုပ်အတွက် ခွင့်မယူရသေးမှန်း သတိရသွားတော့သည်။

သူ၏ စိုးရိမ်မှုကို ချင်ရှန်းက သက်သာစေရန် လက်ကလေးကို ဆုတ်ကိုင်လိုက်ပြီး သူကိုယ်တိုင် ပြောထားပေးပြီး ပြီ ဖြစ်ကြောင်း နှင့် ဆေးသွင်းထားသည်ကို အနှောင့်အယှက်မဖြစ်ရ စေရန် မလှုပ်ရှားဖို့ ပြောလာသည်။

မနက်စာ အဖြစ် ဆန်ပြုတ်နှင် ဖက်ထုပ် တို့ကို စားပြီးနောက်မှာ ရှီခဲ ဗိုက်တင်းသွားပြီ ဖြစ်ပြီး မျက်ခွံလေးများမှာလည်း လေးလံလာကာ အိပ်ငိုက်လာတော့သည်။

ပြီးခဲ့တဲ့ ရက်တွေမှာ ညအိပ်ချိန်တိုင်း  ချင်ရှန်းက အတူတူ မရှိပေးခဲ့တာကြောင့် သူ အိပ်ရေးပျက်သည်မှာ များလွန်းလှပြီ မဟုတ်ပါလား။  နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးနောက် ပြန် နိုးလာချိန်တွင် ချင်ရှန်းမှာ ကုတင်ပေါ်က သူဘေးနားတွင် အုပ်မိုးပေးထားကာ စာရိုက်နေသည်ကို တွေ့ရသည်။

တစ်ချက် ဖုန်းမျက်နှာပြင်ကို လှမ်းကြည့်လိုက်ရာ တစ်ဖက်လူမှာ ကားအက်စီးဒန့်ဖြစ်တုန်းက အကူအညီတောင်းသည့် မန်နေဂျာ န်း သိလိုက်ရသည်။ ထိုနှစ်ဦးသားမှာ ပျော်ရွင်စွာနှင့် မနက်က ဖျက်လိုက်သည့် အစည်းအဝေးအချိန်စာရင်းကိုပင် ပြန်လုပ်နေကြသည့်အပြင် သူတို့နှစ်ဦးသား အပြင်မှာတွေ့ကြဖို့ ပြင်ဆင်နေကြခြင်း ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Jul 19 ⏰

Add this story to your Library to get notified about new parts!

He Doesn't Love Me (他不爱我)Where stories live. Discover now