part-2 ( Unicode)

422 70 4
                                    

   
       မတတ်သာတော့တဲ့အဆုံးမှာတော့ ရှောင်လီသူ့(ရှီခဲ့)အတွက် အရောင်လှပြီး အရမ်းမပြင်းသော အရက်တစ်ခွက်ကိုပြင်ဆင်ပေးလိုက်သည်။ ယခုသူစပ်ပေးထားသည့်အရက်မှာ များသောအားဖြင့် မိန်းကလေးတွေသာသောက်လေ့ ရှိသည့်အရက်မျိူးသာ‌ဖြစ်ပြီး ထိုအကြောင်းကိုရှီခဲ့သိသော်လည်း  မကျေနပ်သောအမူအရာတစ်ခုမှမပြနိုင်ပေ။စင်စစ်အားဖြင့်ဆိုသော် ရှီခဲ့သည်လည်း အရက်သောက်ရသည်ကို သဘောကျသူ မဟုတ်။

       ဒီလောက်အ၀င်ဆိုးတာ ဘယ်သူသောက်မှာလဲဟုပင် တွေးမိဖူးသေးသည်။ ယခုကဲ့သိုသောက်ရသည့်အကြောင်းအရင်းမှာလည်း မူးချင်လို့သာဖြစ်ပြီးထိုခံစားချက်ကိုလည်း သူတကယ်လိုလိုချင်ချင်သဘောကျသည်။

     အခုသူ့၏ စိတ်နှလုံးတစ်ခုလုံးအပြင်းအထန်နာကျင်ခံစားနေရသည်ကိုတော့ ဘယ်သူမှသိနိုင်မယ်မထင်။
 
   တကယ်လို့သာဘ၀ရဲ့ အကြီးမားဆုံးနောင်တက ဘာလဲဟု ရှီခဲ့အားမေးလာခဲ့ပါက ချင်ရှန်းကို နှစ်နှစ်ကာကာချစ်မိသွားတာလည်း မဟုတ်သလို ထိုသူနှင့်အချစ်ပြိုင်ဘက်ဟု လိမ်ပြောမိခဲ့သည့်အချက်လည်း မဟုတ်ပေ။

      အချစ်ပြိုင်ဘက်ဟု လိမ်ပြောခဲ့သည်ကို   အခုအချိန် ချင်ရှန်းလည်းဆက်ယုံတော့မည်မဟုတ်။ ဟိုးအရင်သူတို့ငယ်တုန်းအချိန်က ယုံခဲ့ကောင်းယုံနိုင်လိမ့်မည်။ သို့သော်ယခုအချိန်တွင် ထိုသူအနေဖြင့် ပိုပြီးရင့်ကျက်တည်ငြိမ်လာသည့်အပြင် ဘယ်အချစ်ပြိုင်ဘက်ကရော ဒီလောက်နှစ်တွေကြာတဲ့အထိ တစ်ဖက်သူနဲ့ အရာရာကိုလိုက်ပြိုင်နေမှာတဲ့လဲ။

    သူ့ဘ၀တွင် တကယ်အကြီးအကျယ် နောင်တအရဆုံး အရာမှာ အထက်တန်း‌ကျောင်းတက်စဥ် ချင်ရှန်းနှင့်သူငယ်ချင်းဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။ထိုအချိန်ကာလများတွင် ချင်ရှန်းသည်အတော်ငယ်သေးသည့်အပြင် သူသည်လည်း ထိုနည်းတူပင်။ရူးနှမ်းပြီးမစဉ်းစားမဆင်ခြင်တတ်သည့်  မရင့်ကျက်ကြသေးသော လူငယ်လေးနှစ်ယောက်သာဖြစ်ပေသည်။

   ထိုအချိန်များတွင် ရှီခဲတစ်ကယ်ကို တုံးအခဲ့ပါသည်။သူအမြဲနားလည်ထားသည်ကလူတစ်ယောက်၏ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်သွားနိုင်ပါက ထိုသူ၏ နှလုံးသားကိုလည်း။အ‌သေအချာပိုင်ဆိုင်နိုင်လိမ့်မည်ဟူသော အတွေးမျိုးရှိခဲ့ဖူးပြီး အချိန်အတော်ကြာခါမှ ထိုသို့အတူနေဖူးသူတိုင်း အရမ်းချစ်ကြသည့် ချစ်သူများ မဖြစ်နိုင်ကြသည့်အပြင်၊ဘာခံစားချက်မှမပါသည်လည်းဖြစ်နိုင်သည်ဟူသည်ကို  နားလည်ခဲ့ရခြင်းဖြစ်၏။

He Doesn't Love Me (他不爱我)Where stories live. Discover now