"မှော်အတတ်တွေကို မင်းယုံလား"
"ဟင့်အင်း"
"တကယ်မယုံဘူးလား"
"အင်း
"ဒါဆိုမင်းက ဘာကိုယုံတာလဲ"
"မင်းကို"
"ဟမ်?"
"ငါမင်းကို ယုံတယ်"
အကြည့်တို့မခွာဘဲ ဖြေတဲ့စစ်ပိုင်ကြောင့် မိုးဆွေအဝေးတစ်နေရာသို့ မျက်နှာလွှဲကာနေလိုက်တယ်။
ဆောင်းဦးလေအေးတွေကြောင့် ကျောင်းဝတ်စုံတွေ လှုပ်ခတ်လျှက်။
ခိုးပြုံးနေတဲ့ကောင်လေးနဲ့ ထိုကောင်လေးကိုငေးကြည့်နေတဲ့ကောင်လေး။
"မိုးဆွေ "
"ဟမ်"
"တကယ်လို့များ ငါမရှိတော့ရင် မင်းတခြားတစ်ယောက်နဲ့ ဆက်ရှိသွားမှာလား"
"အင်..... မပြောတတ်ဘူး ဟမ် မင်းကဘာလို့မရှိတော့မှာလဲ"
"မိုးဆွေ"
စစ်ပိုင်က လေးနက်နေတဲ့အမူရာနဲ့ နမယ်ကိုခေါ်လိုက်တာမို့ မိုးဆွေမဖြေမဖြစ် ဖြေရတော့မည်ကို သိလိုက်သည်။
"အင်း မင်းကငါ့ဘေးမှာအမြဲရှိနေရင်တော့ ပိုကောင်းတာပေါ့ မင်းမရှိတော့ရင် ငါတစ်ယောက်ထဲပဲဖြစ်နေတော့မယ်ထင်တယ်"
"ဘာလို့လဲ"
"ငါကမင်းကို သဘောကျဆုံးပဲမို့ မင်းနေရာမှာ တခြားသူကိုအစားထိုးလို့ရမှာ မဟုတ်ဘူး"
"အပိုတွေ"
ပါးရေးကြောင်းတွေပေါ်တဲ့ထိအောင် ပြုံးပြီးမှ စစ်ပိုင်က ထိုစကားကိုဆိုသည်။ မိုးဆွေရဲ့လက်တွေကို လေးလံစွာ ကိုင်ဆုပ်လာတဲ့ စစ်ပိုင့်လက်တွေဟာအေးစက်တုန်ရီလျှက်။ လေအေးတွေကြောင့်ပင်ဖြစ်လိမ့်မည်။
ပို၍ပို၍တင်းကျပ်စွာကိုင်ဆုပ်လာတဲ့ စစ်ပိုင်လက်တွေ။ ထို့နောက် တိုးလျသောထိုစကားကိုဆိုတယ်
"ငါမင်းကိုယုံတယ် မိုးဆွေ"
____________________________________________________
The Five of Cups - Every Friday night

YOU ARE READING
The Five of Cups
Romansaငါ့ဘဝတစ်ခုလုံး မင်းဆိုတဲ့အရာနဲ့ ပြည့်နှက်လျှက် မင်းရှိခြင်း မရှိခြင်းဟာ အရေးကြီးမနေတော့။ မင်းချစ်ခြင်း မချစ်ခြင်းကို ဂရုမစိုက်တော့။ ငါရှင်နေလား သေနေလားလည်း မသိတော့, မသိတော့ပြီ ငါဘာကိုမှမသိတော့ပြီ။