Believe

707 72 0
                                    

"ကျွန်တော်ခဏနေရင်ထွက်လာခဲ့တော့မယ်နော်ဟျောင်းန်..ရောက်တာနဲ့ဖုန်းဆက်လိုက်
ပါ့မယ်.."

ဆောနူအလုပ်စားပွဲပေါ်က ပစ္စည်းတချို့ကို
သိမ်းဆည်းရင်း ထိုmessageလေးကို
​ခပ်သွက်သွက်ပဲ ပို့လိုက်သည်။တစ်ဖက်က
"Ok"ဆိုသည့် ပြန်စာလာတော့မှ ရုံးခန်း
ထဲကလုပ်ဖော်ကိုင်ဖက်တချို့အားနှုတ်ဆက်ကာ အလုပ်ဆင်းဖို့အတွက်ပြင်ဆင်​ပြီး
အိတ်ကိုလွယ်လိုက်တော့သည်။

"ဆောနူရှီး.. စီအီးအိုကခဏလာခဲ့ဖို့ခေါ်နေပါတယ်"

ဆောနူသက်ပြင်းဖွဖွချပြီး လေးလံနေသော
ခြေလှမ်းတို့ဖြင့် စီအီးအိုရဲ့ရုံးခန်းရှေ့ကိုလျှောက်လာခဲ့မိသည်။ ရုံးခန်းတံခါးကိုအသာခေါက်ရင်း အခန်းထဲဝင်လိုက်တော့ စာရွက်စာတမ်းတွေကိုပေါက်ထွက်မတတ်စိုက်ကြည့်နေတဲ့စီအီးအိုရဲ့အပြုအမူကြောင့်
ရုတ်တရက်ကြီးရင်တုန်လာကာ ခြေဖျားလက်ဖျား​လေးတွေ​ အေးစက်လာသလိုပင်။

အမှန်တိုင်းပြောရရင် ဒီလူ့ပုံစံကို ဆောနူ
သဘောမကျပါ ။အလုပ်နဲ့ပက်သက်လာရင်
သေးသေးမွှားမွှားလေးကအစ အနာအဆာ
လိုက်ရှာပြီး ဘယ်ဟာမှားတယ်၊ဘယ်ဟာ
မှန်တယ်ဆိုတာကို အသေးအစိတ်တစ်ခု
ချင်းလိုက်ကြည့်နေတာ ပြီးရင်လည်း
မညှာမတာခိုင်းဦးမယ်။

"ဒီဟာတွေက မင်းသေချာစစ်ပြီးမှတင်လိုက်တဲ့fileတွေလား "

စာရွက်တချို့ကို အရှေ့သို့ပစ်ပေးရင်းပြော
လာတဲ့စကားကြောင့် ဆောနူလေးလံစွာ
သက်ပြင်းချမိပြန်တယ်။ဒီလိုပုံစံနဲ့သာ
စီအီးအိုမကျေနပ်မချင်း စိတ်တိုင်းကျပြန်ပြင်
ပေးရမယ်ဆိုရင် ဒီနေ့လည်းအိမ်အပြန်နောက်ကျဦးမှာသေချာသလောက်ပင်။

ဒါဆိုသူနဲ့ဟျောင်းန်ရဲ့ဒိတ်လေးကရော...။

"ဘာဖြစ်နေလို့လဲ "

မပြုံးမရယ်အနေအထားနဲ့ ခပ်တောင့်တောင့်
ရပ်နေတဲ့သူ့ကိုသတိထားမိလို့ထင်သည်။
အေးစက်စက်လေသံနဲ့အတူ အကြည့်စူးစူး
တို့က သူ့ဆီကိုထပ်ပြီးဦးတည်လာတာမို့
အရှေ့ကfileကိုအသာဆွဲယူပြီး တစ်ရွက်ချင်း
ပြန်စစ်ကြည့်လိုက်သည်။

Call Me Yours!Where stories live. Discover now