Just a dream?

606 97 23
                                    

ရုတ်တရက်နှုတ်ခမ်းချင်းထိကပ်သွားသည့်
အခိုက်အတန့်တွင် ဆောနူအံ့သြမှင်သက်သွားပြီး ထိုလူကိုကြောက်လန့်တကြားတွန်းထုတ်ဖို့ပြင်လိုက်သည်။

သို့သော်ခါးကိုနီးနီးကပ်ကပ်ဆွဲယူကာချုပ်ကိုင်ထားတဲ့လက်တွေ​ကြောင့် လှုပ်ရှား၍မရတော့ပဲ ညှင်သာ​သောအနမ်းတွေကြားထဲကိုပိုပြီးတိုးဝင်သွားတာကြောင့် ဆောနူတစ်ကိုယ်လုံးတောင့်တင်းနေလျက်..။

ထိုအချိန်အခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားပြီးပတ်ဝန်းကျင်ရှိအရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားသကဲ့သို့ ဆောနူကိုခံစားမိစေသည်။

သိပ်မကြာခင်မှာပဲ ပိုပြီးပြင်းထန်လာတဲ့
အနမ်းကြမ်းတွေအား ဆောနူတောင့်ခံနိုင်စွမ်း
မရှိတော့တာကြောင့် ထိုလူ၏အင်္ကျီကော်လံစကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ရင်းသူကိုယ်တိုင် ထိုအနမ်းတွေကြားထဲ​ဒီထက်ပို၍နက်နက်ရှိုင်းရှိုင်းတိုးဝင်မိတော့သည်။

ကင်မ်ဆောနူက အသိစိတ်နည်းနည်းလေး
တောင်မရှိတော့ဘူးပဲ...။

တကယ်ကိုချိုမြိန်ပြီးတော့ မရပ်တန့်ချင်နိုင်
လောက်တဲ့အထိ ဆွဲဆောင်နိုင်စွမ်းရှိတာ
ကြောင့်ထိုနှုတ်ခမ်းသားတွေကိုသာစိတ်တိုင်းကျအရသာခံနေမိရင်း တစ်ချက်တစ်ချက်ဆိုသွေးကြောထဲကနေ တဒိန်းဒိန်းခုန်လာသည့်သွေးခုန်နှုန်းတွေကိုပါ ခံစားနေရပေမယ့်အရမ်းမူးနေတာကြောင့်ပဲဖြစ်မှာပါ။

အချိန်တွေဘယ်လောက်ထိကုန်ဆုံးသွားတယ်ဆိုတာကို ဆောနူမသိလိုက်ခင်မှာပဲနှုတ်ခမ်းတစ်စုံကလစ်ဟာသွားချိန်တွင်ပျော့ခွေလာသောခြေထောက်တွေအားဟန်ချက်ပျက်မသွားအောင် ထိုလူကလှမ်းထိန်းပေး
သည့်အနေဖြင့်သူ့တစ်ကိုယ်လုံးကို အသာပွေ့ဖက်ပေးလာခဲ့သည်။

နီးကပ်လွန်းသည့်ထိုအနေအထားမှာဆောနူ
ဟာပတ်ခ်ဆောင်းဟွန်းဆိုသူ၏ရင်ခွင်အပေါ်မှာငြိမ်ငြိမ်လေးမှေးနေရင်း မျက်လုံးတွေကိုလည်းအသာမှိတ်ထားတာဖြစ်၏။

ထို့နောက် ပထမဆုံးအကြိမ်ခံစားဖူးသော
ထိုလူ၏ကိုယ်သင်းနံ့အားတစ်ဝကြီးရှူရှိုက်
မိလိုက်တော့သည်။

Call Me Yours!Where stories live. Discover now