🤚Chapter 72
ဝမ်ယွီက ထူးဆန်းသော အခန်းတစ်ခုတွင် ထိုင်ကာ စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ ဤမရင်းနှီးသည့်နေရာ၌ သူ ဘာလုပ်နေမှန်းမသိဘဲ လှည့်ပတ်ကြည့်နေသည်။
ရုတ်တရက် တံခါးပွင့်လာပြီး လူလတ်ပိုင်းရဲအရာရှိတစ်ဦးက အထဲမှ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးကို ကူတွဲပေးရင်း ပြောလာသည်။
“သူဒီမှာ ဒီဘက်မှာပါ... တစ်ချက်ကြည့်ပါဦး ဒီအန်တီ ဟုတ်ရဲ့လား...”ကျိအန်းနဥ်ရဲ့အဖွားများလား...
သူ ခေါင်းမော့ကြည့်လိုက်ပြီးနောက် သူကိုယ်တိုင်က မတ်တပ်ရပ်ပြီး ခဏငြိမ်နေလိုက်ကာ "ဟုတ်ပါတယ်" ဟုပြောသည့် သူ့အသံသူ ကြားလိုက်ရသည်။
ရုတ်တရက် မြင်ကွင်းက ပြောင်းလဲသွားသည်။ သူ ကားမောင်းနေပြီး ကျိအန်းနဉ်၏အဖွားက နောက်ခုံတွင်ထိုင်နေသည်။
ထူးဆန်းသောလူများနှင့် ထူးဆန်းသောကားများက သူမကို စိတ်မသက်မသာဖြစ်စေသည်။ သူမက ထပ်ခါတလဲလဲပြောနေသည်။
“နဥ်နဥ် ဘယ်မှာလဲ... နဉ်နဉ် ဘာလို့ ပြန်မလာသေးတာလဲ... မင်းက ဘယ်သူလဲ မင်းငါ့ကို ဘယ်ခေါ်သွားတာလဲ... နဥ်နဥ့်အတွက် ဟင်းချက်ရမယ် မဟုတ်ရင် သူ ကျောင်းကပြန်လာရင် ဗိုက်ဆာနေလိမ့်မယ်..."“နဥ်နဥ်” ဟူသော နာမည်ကိုခေါ်လိုက်တိုင်း သူ့နားထဲသို့ စိမ့်ဝင်သွားပြီး သူ့နှလုံးသားကို ထိုးဖောက်သွားခဲ့သည်။ ဝမ်ယွီ သူ့နှလုံးသားများ ကျုံ့သွားသလို ခံစားလိုက်ရသည်။
သူက စတီယာရင်ကို ရုတ်တရက်လှည့်ပြီး ကားကို လမ်းဘေးတွင် ရပ်လိုက်သည်။
သူက သွေးကြောများထောင်ထနေသည့် ကားစတိုင်ယာဘီးကို တင်းတင်းကိုင်ထားသည့် သူ့လက်ကိုမြင်ခဲ့သည်။
သူက မျက်လုံးလှန်ကြည့်လိုက်သောအခါ ကားနောက်မှန်မှတစ်ဆင့် သူ့မျက်လုံးများကို မြင်လိုက်ရသည်။
သွေးကြောများဖြင့်နီရဲနေပြီး မျက်ရည်များဖြင့် ပြည့်နေသည်။
မြင်ကွင်းကထပ်မံ၍ ပြောင်းလဲသွားသည်။ သူက စင်္ကြန်လမ်းတွင်ရပ်ကာ အဖွားကို သူနာပြုဝန်ထမ်းကာ စိတ်ရှည်ရှည်ဖြင့်နှစ်သိမ့်၍ အခန်းထဲခေါ်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။