တရားခွင်ပြီးသွားသောအခါနွယ့်ဖေဖေသည်ထောင်(၇)နှစ်ကျခဲ့လေသည်။ဖေဖေ့ကိစပြီးထဲကကုမ္ပဏီတွင်လည်းရှယ်ယာကျဆင်းကာရွှေဇွန်းကိုက်ကာနေလာရသောနွယ့်ဘဝသည်နေ့ချင်းညချင်းမှာပင်ပြောင်းလဲသွားတော့သည်။လူနေထူထပ်သောဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုသို့နွယ်ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ဖေဖေမရှိတော့သောအခါတွင်နွယ့်မိထွေးသည်ဇာတိပြလာတော့သည်။အပြင်တွင်ဖဲရိုက်ရုံသာမကအိမ်ထိပင်လူခေါ်လာတော့သည်။ပိုဆိုသည်ကားဒေါ်သစ္စာမေ၏မောင်ပင်ဖြစ်သည်။ထိုလူသည်နွယ့်အပေါ်မရိုးသားအမြဲအရက်မူးေနကာထိကပါးရိကပါးလုပ်တတ်၏။နွယ်အိမ်ထဲဝင်လိုက်သောအခါထိုလူရောက်နေပြန်၏။နွယ်မသိချင်ယောင်ဆောင်ကာအခန်းထဲသို့သွားရန်ပြင်လိုက်သည်။ရုတ်တရက်ဆိုသလိုမင်းခန့်သည်နွယ့်အခန်းထဲသို့ဝင်ခဲ့သည်။
" အဟက် နွယ်ကလေး ဒီနေ့တော့လွတ်မယ်မထင်နဲ့။အားပါးပါးစားရကံပါတော့လည်းရှယ်လေးကွာ သရေတောင်ကျတယ် "
" ရှင် ရှင် မယုတ်မာနဲ့နော်။ ကျမအော်လိုက်မှာ "
အော် အော်လေ ဟားဟား မင်းကိုကယ်မယ့်သူဘယ်သူမှမရှိဘူး။မင်းမိထွေးငါ့အမကိုယ်တိုင်ခွင့်ပြုထားတာ။ ကိုယ်ငြင်သာပါ့မယ်နွယ်ရယ်ဟုဆိုတာသူ့ခါးပတ်ကိုဖြုတ်နေတော့သည်။ထို့နောက်နွယ့်အားကုတင်ပေါ်သို့တွန်းလှဲကာအတင်းဖိနမ်းတော့သည်။နွယ်ရုန်းသော်လည်းယောက်ျားအားမလို့မနိုင်။နွယ်မျက်ရည်ပိုးပိုးပေါက်ပေါက်ကျနေမိတော့သည်။နွယ့်ဘဝပျက်တော့မည်လား။ဗြိ ဗြိ နွယ့်ရင်ဖုံလေးအားဆွဲဖြုတ်လိုက်လေသည်။ထိုအချိန်တွင်နွယ့်စိတ်ထဲမောင့်ကိုသာအကြိမ်အကြိမ်အော်ခေါ်နေမိတော့သည်။
ဝုန်းးးးးပွင့်ထွက်လာသောတံခါးနှင့်အတူမင်းခန့်အားမျက်နှာတွေကြီးပိတ်ထိုးနေသောမောင် ...
" ခွေးမသား ယုတ်မာချင်ဦး ခွပ် ခွပ် "
အပေါ်မှခွကာမောင်ကကြီးထိုးနေသဖြင့်မင်းခန့်တစ်ယောက်မထနိုင်ပေ။မူယာထိုးလို့ဝမှနွယ့်အားကြည့်ကာ...
" ခင်ဗျားအဝတ်အစားသေချာပြန်ဝတ်ပြီးထွက်ခဲ့ "
နွယ်အပြင်ရောက်တော့နွယ့်မိထွေးပြန်ရောက်နေပြီဖြစ်သည်။မောင်နဲ့ဒေါ်သစ္စာမေဘာတွေပြောနေလဲနွယ်မသိပေ။နွယ့်စိတ်ထဲတွင်ပျော်နေခဲ့သည်။မောင်ကနွယ့်ကိုလာကယ်သည်မဟုတ်လား။နွယ်မသိလိုက်လေခြင်းကနွယ့်ဘဝငရဲသည်အခုမှစမည်ကိုပင်....
YOU ARE READING
ဝဋ်ကြွေး🔞💢
Randomမူယာစံ - ဦးနှောက်နဲ့နှလုံးသားယှဉ်လာတဲ့အခါမှာဘယ်ဟာကအနိုင်ရသွားမလဲ သစ်ခက်နွယ် - ဝဋ်ကြွေးရှိရင်ဒီဘဝမှာတင်ပေးဆပ်ချင်တယ်မောင် မူယာစံ-25နှစ်(ဒွိလိင်) သစ်ခက်နွယ်- 28နှစ် ဒီ Fic ကနည်းနည်း Rape ပိုင်းဆိုင်ရာပါမှာမလို့ မီးနီပါရှင် 💢🔕