အပိုင်း(၁၂)

3K 102 9
                                    

နွယ်ဆေးရုံမှဆင်းလာတာတစ်ပတ်ကျော်သော်လည်းအိမ်သို့မောင်ပြန်မလာခဲ့ပါ။ဆေးရုံဆင်းလျှင်မောင့်အားကိုယ်ဝန်ကိစ္စကိုပြောပြမည်ဟုတွေးထားသော်လည်းမောင်ခြေလှမ်းပျက်နေတာကိုနွယ်သတိထားမိသည်။သို့သော်နွယ့်တွင်ပြောခွင့်‌ရှိမနေခဲ့ပါ။နွယ့်ဘဝသည်မောင်ထားရာနေ၊စေရာသွားပင်ဖြစ်ပေသည်။အတွေးများကိုရပ်ကာဒီနေ့များမောင်ပြန်လာမလားဟုအောက်သို့ဆင်းကာဟင်းချက်ရန်ပြင်လိုက်တော့သည်။အိမ်ရှေ့တွင်ကားအသံကြားသောကြောင့်နွယ့်ထွက်ကြည့်လိုက်သောအခါမြင်ကွင်းကနွယ့်ရင်ကိုအစိမ်းလိုက်ခွဲနေသလို၊မောင့်လက်အားချိတ်ဆွဲကာအိမ်ထဲသို့ဝင်လာသော ကလျာနှင့်အတူငြင်းဖယ်ခြင်းမရှိသောမောင့်ပုံစံ။

ထိုမြင်ကွင်းကိုမြင်ရသည်မှာတဆစ်ဆစ်ဖြင့်နာကျင်လှသည်။မောင်ပြန်လာလျှင်ပြောပြမည်ဟုပြင်ထားသောကိုယ်ဝန်ကိစ္စကိုလည်းမပြောပြနိုင်တော့ပေ။မောင့်ကိုနွယ်မုန်းသည်၊မုန်းပစ်ချင်သည်၊သို့သော်နွယ်မလုပ်နိုင်သေးပေ။

" မမကျော့တို့အိမ်ကအိမ်ဖော်တွေကလက်ရာကောင်းသားပဲနော် အဟင်း ဘယ်ဆိုးလို့လဲ "

မောင့်အတွက်ကြိုးစားပမ်းစားချက်ပြုတ်ထားသော်လည်းကြားလိုက်ရသောထိုစကားကြောင့်ဒေါသထွက်သွားသော်လည်းနွယ့်တွင်ဘာမှပြောပိုင်ခွင့်မရှိ။မောင့်အားလှမ်းကြည့်မိသော်လည်းမသိမလိုသာနေသောမောင့်ကြောင့်ဝမ်းနည်းမိသည်။ဝမ်းနည်းစိတ်များ‌ကိုအာရုံလွှဲရန်မီးဖိုချောင်ထဲသို့သာပြန်ဝင်လာလိုက်သည်။

တခြားသို့လှည့်ထွက်သွားသောနွယ့်ကိုကြည့်ကာကလျာကျေနပ်မိသည်။အမှန်တော့ညကကိုကိုနှင့်ကလျာသည်ဘာမှမဖြစ်ခဲ့ပါ။ကိုကိုဟာနမ်းနေရင်းအိပ်ပျော်သွားခြင်းသာဖြစ်သည်။မိုးလင်းတော့ဘာမှမမှတ်မိသည့်ပုံကြောင့်ကလျာဂွင်ဆင်လိုက်ခြင်းဖြစ်ပေသည်။ထို့နောက်ကလျာ၏နောက်ထပ်အကြံအတိုင်းမမကျော့နှင့်စီစဉ်ထားပြီးဖြစ်ပေသည်။

" ခလွမ်းး "

နွယ်အအေးခွက်လာချစဉ်ကြားလိုက်ရသောစကားကြောင့်လက်ထဲမှခွက်သည်လွတ်ကျသွားတော့သည်။နွယ့်အတွေးထဲထိုစကားကိုသာထပ်တလဲလဲကြားနေတော့သည်။

ဝဋ်ကြွေး🔞💢Where stories live. Discover now