56. အလုပ်ထွက်သည့် လုပ်ထုံးလုပ်နည်းများနှင့် ကုမ္ပဏ်မှရယူရမည့် စာရွက်စာတမ်းများ

331 12 1
                                    

အလုပ်ထွက်သည့် လုပ်ထုံးလုပ်နည်းများနှင့် ကုမ္ပဏ်မှရယူရမည့် စာရွက်စာတမ်းများ။

ဂျပန်ကုမ္ပဏီကနေ အလုပ်ထွက်တဲ့အခါ ကုမ္ပဏီကနေ တောင်းရမည့် စာရွက်စာတမ်းများနှင့် အသုံးပြုပုံနည်းလမ်း အဖြာဖြာကို ရှာဖွေပေးထားပါတယ်။
。。。。。。。。

ဂျပန်မှာ အလုပ်လုပ်တဲ့အခါ လုပ်ငန်းစဉ် နှစ်မျိုးရှိပါတယ်

①入社手続き
にゅうしゃてつづき
(အလုပ်သစ်ဝင်သည့် လုပ်ထုံးလုပ်နည်းများ)

②退職手続き
たいしょくてつづき
"အလုပ်ထွက်သည့် လုပ်ထုံးလုပ်နည်းများ"

。。。。。。。。
နောက်အလုပ်သစ်ဝင်ဖို့ လိုအပ်တဲ့စာရွက် စာတမ်းတွေကို အလုပ်မထွက်ခင် ကုမ္ပဏီကနေ ကြိုတောင်းထားပါ။

တစ်ချို့စာရွက်စာတမ်းတွေက အလုပ်ထွက်ပြီးရင် မဖြစ်မနေ ကုမ္ပဏီဘက်က ထုတ်ပေးလေ့ရှိပြီး တစ်ချို့ကတောင်းမှ ထုတ်ပေးကြပါတယ်။

①源泉徴収票
げんせんちょうしゅうひょう
ဝင်ငွေစာရင်းချုပ်စာရွက်
- ဒါက အလုပ်ထွက်တဲ့အခါမှာ မဖြစ်မနေ ကုမ္ပဏီကနေ ထုတ်ပေးကြပါတယ်။ နောက်ဆုံး အလုပ်လုပ်ခဲ့တဲ့လကိုပါထည့်တွက်ပေးရတာဖြစ်တဲ့အတွက် များသောအားဖြင့် အလုပ်ထွက်တဲ့ရက်မှာ ပေးတာမဟုတ်ဘဲ စာတိုက်ပို့နဲ့ တစ်လအကြာလောက်မှာ အိမ်ကို ပို့ပေးတာများပါတယ်။
သူ့ကိုတော့ အလုပ်သစ်ဝင်တဲ့အခါ 年末調整(နှစ်ကုန်စာရင်းချုပ်လုပ်တဲ့အခါ) မှာ သုံးဖို့လိုတဲ့အတွက်နောက်ကုမ္ပဏီအသစ်ကို ထပ်ပေးရပါတယ်။ အိမ်ကိုစာရွက်ရောက်လာရင် မပျောက်အောင်သိမ်ထားနော်...

②雇用保険被保険者証
こようほけんひほけんしょう
အလုပ်အာမခံဝင်ထားတဲ့ ထောက်ခံချက်စာရွက်
-ကုမ္ပဏီမှာပဲ သိမ်းထားတာမျိုးနဲ့ ဝန်ထမ်းတွေကို ပေးထားတာ ကုမ္ပဏီကိုလိုက်ပြီးကွာပါတယ်။ ကုမ္ပဏီဘက်က သိမ်းထားတာဆိုရင် ဒါကိုပြန်တောင်းဖို့လိုပါတယ်။ ဒီစာရွက်ကလည်း ကုမ္ပဏီအသစ်မှာ 雇用保険(အလုပ်အာမခံ) ဝင်တဲ့အခါမှာ လိုတဲ့အတွက် ထပ်ပေးဖို့လိုပါတယ်။

③年金手帳(ပင်စင်စာအုပ်)
-နံပါတ် ၂ လိုမျိုးပဲ ကုမ္ပဏီမှာပဲသိမ်းထားတာမျိုးနဲ့ ဝန်ထမ်းတွေကို ပေးထားတာ ကုမ္ပဏီကိုလိုက်ပြီးကွာပါတယ်။
ကုမ္ပဏီဘက်ကသိမ်ထားပေးတာမျိုးဆိုရင်ပြန်တောင်းထားဖို့လိုပါတယ်။ ပင်စင်စာအုပ်ကလည်း အလုပ်အသစ်မှာပြပေးရပါတယ်။အဓိကကတော့ ပင်စင်စာအုပ်ထဲက 年金番号လိုတာဖြစ်ပါတယ်။ နောက်ပိုင်း My number ကဒ်နဲ့တွဲတာတွေလည်းရှိနေပြီး ပင်စင်စာအုပ်မကိုင်တဲ့သူတွေလည်းရှိပါတယ်။

④離職票
りしょくひょう
အလုပ်ထွက်ထားကြောင်းထောက်ခံစာ
- အလုပ်ထွက်ပြီး ထောက်ပံ့ကြေးတွေHello Work မှာ လျှောက်ချင်တယ်ဆိုရင် / အလုပ်မဝင်ခင် ကြားကာလရှိလို့ ပင်စင်ဌာနမှာပင်စင်ခွန်လျှော့ပေါ့တာမျိုး လျှောက်ချင်ရင် ဒီစာရွက်ကိုပြပြီး သွားလျှောက် ရပါတယ်။ -
ဒီစာရွက်က ကုမ္ပဏီက ထုတ်ပေးတဲ့စာရွက်မဟုတ်ပဲ ကုမ္ပဏီကနေ တစ်ဆင့် Hello work က ထုတ်ပေးတဲ့စာရွက်ဖြစ်ပါတယ်။ တကယ်လို့ စာရွက်တောင်းဖို့ မေ့သွားတယ်ဆိုရင်လည်း Hello workမှာ ကိုယ်ကိုတိုင်သွားထုတ်လို့တော့လို့ရပါတယ်။ဒါပေမယ့်လိုအပ်ရင်ကုမ္ပဏီကိုတောင်းထားတော့ပိုကောင်းပါတယ်။

⑤ 退職証明書
たいしょくしょうめいしょ
အလုပ်ထွက်ထားကြောင်းစာရွက်
-ဒါကတော့ နံပါတ်လေးက စာရွက်နဲ့ အနည်းငယ် ဆင်ပါတယ်။
ကုမ္ပဏီကထုတ်ပေးရတာဖြစ်လို့ ကုမ္ပဏီကိုတိုက်ရိုက်ထုတ်ခိုင်းလို့ရပါတယ်။
ဒီစာရွက်ကတော့ အလုပ်ဝင်တဲ့အခါမှာ ထပ်ပေးဖို့လိုတယ်လို့မပြောရင်ထပ်ပေးစရာမလိုတဲ့အတွက် ကိုယ်ဝင်မယ့်ကုမ္ပဏီကို လိုလားမေးကြည့်ပြီး လိုအပ်ရင်တောင်းပါ။

⑥健康保険資格喪失証明書
けんこうほけんしかくそうしつしょうめいしょ
(しゃかいほけんကနေ ထွက်ထားကြောင်းထောက်ခံစာ)
ဒါက အလုပ်အသစ်မဝင်ခင် ကြားကာလရှိပြီး အဲ့ဒီအတွင်း 国民健康保険 (こくみんけんこうほけん) ကျန်းမာရေး အာမခံ ဝင်မယ်ဆိုရင် လိုအပ်တဲ့စာရွက်ဖြစ်ပါတယ်။ မဝင်ရင်တော့ အထူးတလည်မလိုပါ။

Road To Nihon Where stories live. Discover now