57.အလုပ်ထွက်ပြီး အလုပ်သစ်ပြောင်းတဲ့ကြား အလုပ်လက်မဲ့ကာလ လုပ်ထားရမည့်အရာများ

82 1 0
                                    

အလုပ်ထွက်ပြီး အလုပ်သစ်ပြောင်းတဲ့ကြား အလုပ်လက်မဲ့ကာလ လုပ်ထားရမည့်အရာများ။

1. 離職票အား ကုမ္ပဏီမှ တောင်းခံခြင်း
2.失業保険手続き အလုပ်လက်မဲ့ အာမခံ လျှောက်ထားခြင်း
3. 年金免除 ပင်စင်ခွန်လျှော့ပေါ့ခွင့်လျှောက်ထားခြင်း

。。。。。。

1. 離職票အား ကုမ္ပဏီမှ တောင်းခံခြင်း

離職票ကို အလုပ်လက်မဲ့ အာမခံနဲ့ ပင်စင်ခွန်လျှော့ပေါ့ခွင့် လျှောက်ရင် လိုအပ်ပါတယ်။

離職票ကို Hello Workက ထုတ်ပေးတာကို ကုမ္ပဏီကနေ တစ်ဆင့်ပြန်ပေးဖို့ စောင့်ရတာဖြစ်တဲ့အတွက် ၁ပတ်လောက် ကြာတတ်ပါတယ်။ Hello Workမှာ ကိုယ်တိုင်ထုတ်လို့လည်း ရပါတယ်။ 

2.失業保険手続き အလုပ်လက်မဲ့ အာမခံ လျှောက်ထားခြင်း

အလုပ်ထွက်ပြီး နောက်တစ်နေ့မှာ ကို နီးစပ်ရာ Hello work မှာ လျှောက်ထားသင့်ပါတယ်။ ပထမ အလုပ်မထွက်ခင် ဒုတိယအလုပ်သစ်ကို ကြိုချိတ်ထားပြီးသားသူတွေကတော့ လျှောက်လို့မရပါဘူး။

လိုအပ်တဲ့ စာရွက်စာတမ်းတွေက

・離職票

・My Number card

・ဘဏ်စာအုပ် တို့ ဖြစ်ပါတယ်။ 

လျှောက်ထားခြင်းအားဖြင့် အလုပ်သစ်ရှာတဲ့ကာလအတွင်း ထောက်ပံ့ကြေးရနိုင်ပါတယ်။

ဒါပေမယ့် ကိုယ့်ဘာသာထွက်တာလား၊ ကုမ္ပဏီကထွက်ခိုင်းတာလား အပေါ် မူတည်ပြီး ထောက်ပံကြေးပေးတဲ့ ပမာဏနဲ့ စတင်ပေးမယ့် ကာလကွာခြားပါတယ်။ ဒါကြောင့် ကိုယ်က ဘယ်လိုပုံစံနဲ့ ထောက်ပံ့ကြေး ရနိုင်မလဲဆိုတာ ကြိုတင်စုံစမ်းထားတာ ပိုကောင်းပါတယ်။ 

လျှောက်ထားခြင်းဖြင့် အလုပ်သစ်ရတဲ့အခါမှာ  再就職手当 ဆိုတဲ့ ဂုဏ်ပြုကြေးပေးတာမျိုး ရပါတယ်။ ဘယ်လောက် မြန်မြန်နဲ့ အလုပ်အသစ်ကို ရနိုင်ခဲ့သလဲ၊ အရင်အလုပ်က လစာဘယ်လောက်ရခဲ့သလဲ၊ အပေါ်မူတည်ပြီး ဂုဏ်ပြုငွေ ပမာဏ အနည်းအများကွာပါတယ်။ 

。。。。。。

3.市役所မှာ年金免除 ပင်စင်ခွန်လျှော့ပေ့ါခွင့် လျှောက်ထားခြင်း

လိုအပ်တဲ့ အရာတွေကတော့ 

・離職票

・雇用保険被保険者証

・在留カード

(ရုံးရောက်မှဖြည့်ရတာက)

・国民年金保険料免除・納付猶予申請書

လျှောက်ပြီး လျှော့ပေ့ါခွင့်ရ၏၊ မရ၏၊ စာတိုက်ကနေ စာရွက်နဲ့ အသိပေးစာ ပို့ပါတယ်။ မလျှောက်ထားရင်တော့ ပင်စင် အခွန်တောင်းတဲ့ စာရွက်တွေ အမြဲရောက်နေမှာပါ။ 離職票 ရှိရင် လျှောက်ထားခွင့် ရဖို့သေချာသလောက် ရှိပါတယ်။

。。。。。。

4.国民健康保険 ကျန်းမာရေးအာမခံ

市役所 ရပ်ကွက်ရုံးမှာ လျှောက်ထားရပါမယ်။ 社会保険နဲ့ ကုမ္ပဏီက လုပ်ပေးထားတာဖြစ်တဲ့အတွက် အလုပ်ထွက်ပြီးရင် ကျန်းမာရေးအာမခံကဒ်က ကုမ္ပဏီကိုပြန်ပေးရပါတယ်။ အလုပ်ထွက်ထားတဲ့ ကာလအတွင်းမှာလည်း ဆေးရုံသွားဖို့လည်း ရှိတယ်ဆိုရင် 国民健康保険 လုပ်ထားမှ70% သက်သာမှာ ဖြစ်ပါတယ်။ ဒါကတော့ မလုပ်ကြတာများပေမယ့် ပုံမှန်အနေနဲ့ ဂျပန်မှာနေထိုင်သူတိုင် အလုပ်ရှိရှိ/မရှိရှိ အကုန်လုပ်ရမှာပါ။

အဲ့ဒီအတွက် 健康保険の資格喪失証明書 ဆိုတဲ့စာရွက်လိုအပ်ပါတယ်။ အဲ့စာရွက်ကို ကုမ္ပဏီကနေ ကြိုတင်ပြီး ပြန်တောင်းထားသင့်ပါတယ်။ 

。。。。。。

You've reached the end of published parts.

⏰ Last updated: Jul 21, 2024 ⏰

Add this story to your Library to get notified about new parts!

Road To Nihon Where stories live. Discover now