[Part 16.2] Z+U

383 13 2
                                    


Sponsor

[ Part 16.2 ]

မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve

“အား..အား..အား..အား”

ယူအီရင်းရဲ့အရာ တိုးဝင်လာတိုင်း မူယွန်တစ်ယောက် အော်ဟစ်နေရပြီး သူ့ရဲ့ခေါင်းကလည်း ပေါက်ကွဲထွက်တော့မဲ့အတိုင်း။ မျက်ရည်တွေ စီးကျလာသလို အောက်ပိုင်းကလည်း ပူလောင်နေပြီး တစ်ကိုယ်လုံးက တုန်ယင်နေတယ်။

“ဟင်း….”


တုန်ရီနေတဲ့လက်တွေနဲ့ ယူအီရင်းရဲ့ပခုံးကို သိုင်းဖက်ထားပြီး သူ့ရဲ့ခါးတွေကလည်း အလိုက်သင့်လှုပ်ရှားနေမိတယ်။ ဘယ်လောက်ပဲ ထိန်းချုပ်ဖို့ကြိုးစားကြိုးစား ယူအီရင်းရဲ့ခန္ဓာကိုယ်ကို ရစ်သိုင်းထားတဲ့ သူ့ရဲ့ခန္ဓာကိုယ်က တစ်ခုခုချွတ်ယွင်းနေသလိုမျိုး တုန်ယင်နေတယ်။

“တကယ်ကို ကျပ်နေတာပဲ အား…”

ယူအီရင်းရဲ့ညည်းညူသံနဲ့ အသက်ရှူသံပြင်းပြင်းက နားထဲကို ရိုက်ခတ်လာတယ်။ မူယွန်ရဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေ ပြည့်လျှံနေပြီး တသိမ့်သိမ့်တုန်လာသလို ယူအီရင်းရဲ့ခပ်အုပ်အုပ်အသံကြောင့် အရိုင်းဆန်ဆန် ခုန်ပေါက်နေတဲ့ သူ့ရဲ့နှလုံးသားလေးက နာရီပေါင်းများစွာ လေ့ကျင့်ခန်းလုပ်ထားလို့ အသက်ရှူရခက်နေသလိုမျိုး ပိုပြီး ပြင်းပြင်းထန်ထန် ခုန်ပေါက်လာတော့တာပဲ။

“ပြီးတော့ ခင်ဗျားက မွှေးနေတာပဲ”

ယူအီရင်းက သူ့ရဲ့ခေါင်းကို မူယွန်ရဲ့လည်ပင်းနောက် တိုးဝှေ့ပြီး ခပ်ပြင်းပြင်းနမ်းရှိုက်လာတော့ ခန္ဓာကိုယ်ထဲမှာ ရှိသမျှအရာအားလုံး စုပ်ယူခံလိုက်ရသလိုပဲ။
အောက်ကနေ ထိုးသွင်းနေတဲ့ ယူအီရင်းရဲ့အရာ၊ တစ်ကိုယ်လုံးကို ဝါးမျိုထားတဲ့ သာယာမှုတွေ၊ ထိန်းချုပ်လို့မရတဲ့ ခန္ဓာကိုယ်အပါအဝင် မူယွန့်အပေါ် လွှမ်းမိုးထားတဲ့အရာတွေ အများကြီးရှိပေမဲ့ ယူအီရင်းရဲ့လွှမ်းမိုးမှုကြောင့် ကြောက်စိတ်တွေနဲ့ မျှော်လင့်ထားသမျှအရာအားလုံးက လွှင့်စဥ်သွားပြီ။

“ငါ ထွက်…ထွက်တော့မယ်…”

“ရတယ် ဟင်း…..အင်း….လွှတ်ချလိုက်….”

မူယွန့်အတွက် အထွတ်အထိပ်ရောက်လုနီးပါးဖြစ်လာပြီး မေးတစ်ဖျားစာလောက်သာ လိုတော့တယ်ဆိုတာကို အလိုလိုသိနေပေမဲ့ မကျော်လွှားနိုင်သေးဘူး။ ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းသွားတဲ့ သာယာမှုတွေ၊ ပေါက်ကွဲထွက်တော့မဲ့အတိုင်း ခြိမ်းခြောက်လာတဲ့ ခံစားမှုတွေက အခုချိန်မှာ ပြီးဆုံးသွားရင် သူ့ရဲ့ခေါင်းက တစ်ခုခုဖြစ်တော့မယ်လို့ ကြောက်ရွံ့မိတဲ့အထိ ထူးဆန်းနေတယ်။
ယူအီရင်းက အဆင်ပြေကြောင်း နှစ်သိမ့်ပေးနေပေမဲ့ မျက်ရည်တွေစီးကျနေတဲ့ မူယွန်ကတော့ ခေါင်းကိုသာ ခါယမ်းနေမိတော့တယ်။
ခန္ဓာကိုယ်တစ်ခုလုံးကို တောင့်တင်းထားပြီး တောင့်ခံနေမိတယ်။ သူ့ရဲ့ဝမ်းဗိုက်အောက်ပိုင်းကိုသာမက ယူအီရင်းကို ရစ်သိုင်းထားတဲ့ခြေထောက်တွေကိုပါ တောင့်တင်းထားတယ်ဆိုတာ ထိတွေ့နေတဲ့ခန္ဓာကိုယ်တွေကနေတစ်ဆင့် ယူအီရင်းကပါ ခံစားမိလာတယ်။
ထင်ထားတဲ့အတိုင်း ယူအီရင်းက  ခါးကို လှုပ်ရှားနေရာက ရပ်လိုက်ပြီး မူယွန့်ကို ငုံ့ကြည့်လိုက်တော့ အသနားခံတဲ့အကြည့်တွေနဲ့ ပြန်ကြည့်လာပြီး သူ့ရဲ့အကြည့်တွေကလည်း ယူအီရင်းဆီမှာသာ ကျောက်ချနေလေရဲ့။
ယူအီရင်းကလည်း ချွေးတွေရွှဲရွှဲစိုနေသလို စိတ်လှုပ်ရှားပြီး တောက်ပနေတဲ့အကြည့်တွေနဲ့။
သူ့ကိုကြည့်နေတဲ့ ယူအီရင်းရဲ့မျက်ဝန်းတွေက စိတ်လှုပ်ရှားမှုအပြည့်နဲ့ ရွှန်းစိုနေပြီး သူ့ရဲ့နဖူးက ချွေးတစ်စက် မူယွန်ရဲ့ပါးပေါ်ကို ကျလာချိန်မှာတော့ မူယွန်တစ်ယောက် အနည်းငယ် မျက်လွှာချလိုက်မိပြီး ခိုက်ခိုက်တုန်လာတယ်။ အဲ့ဒီလိုမှမလုပ်ရင် ယူအီရင်းကို တွယ်ဖက်ပြီး အော်ငိုမိတော့မှာ။
သူကမျက်လုံးမှိတ်ရင်း ယူအီရင်းကိုပဲ အာရုံစိုက်ထားပြီး အသက်ရှူသံပြင်းပြင်းကို နားထောင်နေသလို သွေးခုန်နှုန်းတွေကို ခံစားနေမိတယ်။ ယူအီရင်းရဲ့လှုပ်ရှားမှုတွေကို စိုးရိမ်တကြီး မျှော်လင့်ရင်း တုန်ယင်နေပေမဲ့ မူယွန်ရဲ့အထဲမှာရှိတဲ့ ယူအီရင်းရဲ့အရာက တင်းမာထောင်မတ်ပြီး ပေါက်ကွဲတော့မလို ဖြစ်နေတာတောင်မှ အချိန်အတော်ကြာတဲ့အထိ လှုပ်ရှားလာခြင်းမရှိခဲ့ပါ။
ယူအီရင်းက ငြိမ်နေတာကြာလေ မူယွန်တစ်ယောက် ပိုစိတ်ဖိစီးလာလေဖြစ်ပြီး အထွတ်အထိပ်ရောက်ခါနီးမှ ရပ်တန့်သွားတဲ့သာယာမှုရယ်၊ ပိုတိုးလာတဲ့ စိတ်ဖိစီးမှုတွေရယ် ခန္ဓာကိုယ်အောက်ပိုင်းကို တခြားတစ်ယောက်ကို ပြနေရလို့ ရှက်တဲ့စိတ်ရယ် ကြောက်စိတ်ရယ်က သူ့ကိုဖိနှိပ်လာပြီး သည်းမခံနိုင်လောက်တဲ့အချိန်မှာတော့ ယူအီရင်းက လှဲချလိုက်ပြီး သူ့နားကို ပိုကပ်လာတော့….။
အသက်ရှူသံက သူ့ရှေ့တည့်တည့်ကို ရောက်လာတယ်။

“ကြောက်နေတာလား”

“….အမှန်အတိုင်းပြောရရင်”

“ထပ်ပြီး ခင်ဗျားကို ညှာပေးဖို့က ကျွန်တော့်အတွက် ခက်ခဲတယ်….”

ရယ်သံစွက်နေတဲ့ ခပ်သဲ့သဲ့အသံက တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပြီး ခုနကပုံစံအတိုင်း ပြန်လုပ်တော့မယ်လို့ ခံစားမိတာကြောင့် မူယွန်တစ်ယောက် ယူအီရင်းရဲ့ပခုံးကို ခပ်တင်းတင်းဆုပ်ထားမိတော့တာပဲ။

“နောက်ပြီး….”

“ဆိုတော့….”

“ငါက တခြားအရာတွေကို မတွေးစေချင်ဘူး…..”

“ဟားဟား ဒါက နောက်ထပ် ကျွန်တော် တော်တဲ့အရာပဲ ခင်ဗျား ဘယ်လိုသိလဲ”

ယူအီရင်းက ပုံမှန်မဟုတ်တဲ့အသံနဲ့ ထေ့ငေါ့ပြီး ပြောလာတော့ မူယွန်က ပိတ်ထားတဲ့မျက်လုံးကို နည်းနည်းဖွင့်လိုက်ပြီး သူနဲ့အတူ လိုက်ရယ်မိတာပေါ့။
မူယွန် ရယ်တာကိုမြင်တော့ ယူအီရင်းက ခေါင်းကို အနည်းငယ်စောင်းပြီး နမ်းလာတာကြောင့် ခပ်နွေးနွေး နှုတ်ခမ်းတစ်စုံက ထပ်တူကျလျက်သား။
အပူတွေက တစ်ယောက်နဲ့တစ်ယောက် ကူးလူးနေတာကြောင့် မြန်မြန်ပူလာကြသလို နှုတ်ခမ်းတွေကပါ လောင်ကျွမ်းတော့မလို ခံစားလိုက်ရပြီး ရေဆာလာသလိုပင်။
မူယွန့်ဘက်ကနေစပြီး ယူအီရင်းရဲ့နှုတ်ခမ်းတွေကြားထဲ လျှာထိုးထည့်လိုက်တော့ မူယွန်ရဲ့ခါးကို ကိုင်ထားတဲ့ ယူအီရင်းရဲ့လက်တွေက ခပ်တင်းတင်းဖြစ်သွားတယ်။
အနားတစ်ဝိုက်မှာ ယူအီရင်းရဲ့အနံ့တွေက ဖြန့်ကြက်သွားတော့ မူယွန်ရဲ့ခေါင်းက ပြန်မူးလာပြီး ကြောက်စိတ်တွေ ထွက်ပေါ်လာပြန်ပေမဲ့ သူ မတုံ့ပြန်ရသေးခင်မှာပဲ နူးညံ့တဲ့ပွတ်သပ်မှုတွေနဲ့အတူ ယူအီရင်းရဲ့လျှာက သူ့ရဲ့လျှာကို လိမ်ယှက်လာပြီး ခါးကိုပါ ခပ်သွက်သွက် ပွတ်သပ်လာတယ်။
မူယွန်က ယူအီရင်းရဲ့ပါးတွေကို ကိုင်ပြီး နမ်းနေတာကိုပဲ အာရုံစိုက်နေမိတယ်။ ခပ်တင်းတင်းပိတ်ထားတဲ့မျက်ဝန်းတွေကနေ မျက်ရည်တွေ စီးကျလာတော့ ခန္ဓာကိုယ် တုန်ယင်လာတဲ့အထိ ယူအီရင်းက အားအပြည့်နဲ့ မြန်မြန်ထိုးသွင်းလာတော့တာပဲ။

မူယွန်က အထွတ်အထိပ်ကို တောင့်ခံနိုင်ရုံမျှသာရှိတော့တာကြောင့် သူ့ရဲ့အရာကနေ ပြီးမြောက်ခြင်းအရည်တွေ ထွက်လာပြီး ခန္ဓာကိုယ်အကြောတွေက ဆန့်ငင်ဆန့်ငင်ဖြစ်လာသလို အောက်ပိုင်းကလည်း မြှောက်တက်လာတယ်။ တင်းနေတဲ့အတွင်းသားတွေကို ပွတ်တိုက်ပြီး လှုပ်ရှားနေတဲ့ ယူအီရင်းရဲ့တင်ပါးတွေကတော့ အနည်းငယ်တောင် နှေးသွားခြင်းမရှိခဲ့။
အသားချင်းထိခတ်သံတွေက မြန်လာပြီး စေးကပ်ကပ်အသံတွေက နားအူမတတ်ဖြစ်လာသလို သာယာမှုနဲ့အတူ လျှပ်စီးဓာတ်တွေကြောင့် မူယွန်ရဲ့ခေါင်းတွေက ပေါက်ကွဲတော့မဲ့အတိုင်းဖြစ်လာပြီး ခြေဖျားလက်ဖျားတွေကလည်း တဆစ်ဆစ်နဲ့။
ရေအေးနဲ့စိမ်နေချိန်မှာ ရေပူဖွင့်လိုက်သလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံးက စပ်ဖျဥ်းဖျဥ်းဖြစ်လာတယ်။ ယူအီရင်းက နမ်းနေတာကို ပိုအာရုံစိုက်နိုင်အောင်လို့ မူယွန်ရဲ့မျက်နှာကို မလွှတ်သေးပေမဲ့ သိပ်တော့မလွယ်ကူပါ။

“ဟား…..”

သူက နောက်တစ်ကြိမ်ပြီးဆုံးသွားပေမဲ့ ယူအီရင်းကတော့ သူ့ထဲကို ခပ်ပြင်းပြင်း ထိုးသွင်းနေဆဲဖြစ်တာကြောင့် အသက်ရှူတာက လည်ချောင်းဝတင် တစ်နေပြီး အရိုးတွေကလည်း ကြေမွသွားတော့မဲ့အတိုင်းပဲ။ နောက်ထပ်အထွတ်အထိပ်ကို ရောက်တော့မယ်လို့ ခံစားလိုက်ရချိန် မူယွန်က ယူအီရင်းရဲ့မျက်နှာကို လွှတ်လိုက်ပြီး အိပ်ရာခင်းစကို ခပ်တင်းတင်းဆွဲကိုင်ကာ အပေါ်ကိုတိုးပြီး ရှောင်ဖို့ ကြိုးစားလိုက်ပေမဲ့ ယူအီရင်းက သူ့ရဲ့ခါးကို တင်းတင်းကိုင်ထားပြီး အလွတ်မပေးခဲ့ပါ။

“ဆိုးမူယွန်...”

မူယွန့်ရဲ့နာမည်ကို ခေါ်လာတဲ့ သူ့အသံက သူ့ကိုရှောင်ဖို့ကြိုးစားလို့ စိတ်ဆိုးနေသလိုမျိုး ပူလောင်မှုနဲ့ စိတ်လှုပ်ရှားမှုတွေ ပါဝင်နေပြီး မူယွန်ရဲ့ခြေထောက်တွေကို မပူးနိုင်အောင် အလျင်စလို ဆွဲယူလာပြီးတဲ့နောက်မှာတော့ သူ့ရဲ့အဝက စိုရွှဲသွားတယ်။ သူ့ရဲ့ခြေထောက်တွေက ယူအီရင်းရဲ့လှုပ်ရှားမှုတွေအတိုင်း အံဝင်ခွင်ကျဖြစ်နေပြီး သူ့ရဲ့ပါးစပ်ကနေ ထိန်းချုပ်မရလောက်အောင် တုန်ရီနေတဲ့ညည်းသံတွေ ထွက်လာမိတဲ့အထိ အရမ်းမြန်လွန်းတဲ့ ခပ်ကြမ်းကြမ်းအဝင်အထွက်တွေ။

“အား...အာ့...အား”

ခိုက်ခိုက်တုန်နေတဲ့မူယွန်က နောက်တစ်ကြိမ် ပြီးမြောက်သွားပြီး နောက်ပြန်လဲကျသွားသလို သူ့အရာကနေ နောက်ထပ်အရည်ကြည်တွေ ထွက်လာပြန်တယ်။ သုတ်ရည်လို စေးကပ်ပေမဲ့ ရေလိုကြည်လင်နေပြီး ချဥ်စူးစူးအနံ့ရှိတဲ့ အမျိုးသမီးတွေရဲ့အရည်နဲ့ဆင်တူတဲ့ အရာတွေက မူယွန်ရဲ့အရာကနေ ဆီးလိုမျိုး ပန်းထွက်လာတယ်။ သူ့အရာက စုတ်ပြဲသွားတော့မလိုမျိုး တရွရွခံစားနေရပေမဲ့ ရူးလောက်အောင်ကို လှိုက်ဖိုစရာကောင်းတာပဲ။
မူယွန်က လက်တွေကို ယမ်းခါပြီး တွန်းထုတ်ဖို့ ကြိုးစားနေပေမဲ့ ယူအီရင်းက လက်မခံဘဲ မူယွန့်ကို ပိုကြမ်းကြမ်း ဆွဲယူကာ သူ့အရာကို ခပ်မြန်မြန်နဲ့ ပိုနက်နက်ထိုးသွင်းနေတယ်။

“နည်းနည်းလေး ဟင်း…”

“နည်းနည်း မြန်ပေးပါဦး”

မူယွန်က နှုတ်ခမ်းတွေကို သွားနဲ့ကိုက်ပြီး ‘အား..’ လို့ အော်ဟစ်ပြီး မျက်ရည်တွေအပြည့်နဲ့ ညည်းညူသံတွေ ထွက်လာသလို ခေါင်းကိုလည်း အကြမ်းပတမ်း ခါယမ်းနေတယ်။ သာယာမှုနဲ့ နာကျင်မှုကြောင့် မျက်ခုံးတွေ တွန့်ချိုးထားမိသလို ရှုံ့တွနေတဲ့ မျက်နှာက မျက်ရည်တွေနဲ့ စိုစွတ်နေတာကို ယူအီရင်းက အလျင်အမြန် သိမ်းကျုံးကြည့်လိုက်တယ်။

“Fuck”

ဆဲရေးသံခပ်သဲ့သဲ့ကို ကြားလိုက်ရပြီးတဲ့နောက် ယူအီရင်းရဲ့အရာက ပိုပြီးကြီးမားလာတယ်လို့ ခံစားလိုက်ရတာကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသလို ယူအီရင်းရဲ့အနံ့တွေ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပုံက သူ့အနံ့တွေနဲ့ ရေချိုးလိုက်ရတဲ့အတိုင်းပဲ။

“အား….”

အဲ့ဒီအသံနဲ့အတူ မူယွန်ရဲ့အထဲမှာ ပြီးမြောက်ခြင်းအရည်တွေ စီးဆင်းသွားပြီး အရှိုက်တည့်တည့်မှာ လောင်ကျွမ်းနေသလိုမျိုး ပူလောင်ရင်ဖိုစရာကောင်းလှတယ်။ သာယာမှုကိုခံစားလိုက်ရတဲ့ သူ့ရဲ့အရာအားလုံးက လောင်ကျွမ်းသွားတော့မဲ့အတိုင်းပဲ။
***

Swara Web Novel Translation

SponsorDonde viven las historias. Descúbrelo ahora