🍓7🍓🏳️Z🏳️

92 16 2
                                    

လန်ရှီးချန် စာမေးပွဲ ဖြေတဲ့ ရက်တွေအတောအတွင်း ကျန်းချန် အားရှိတဲ့ အစားအစာတွေ ရှီးချန် ဆီ ပို့ဖြစ်သည်။

🍓ဒီနေ့ ပို့လိုက်တဲ့ နွားနို့နဲ့ ကြက်ဥပူတင်း ကြောင့် အားရှိပြီး ​မေးသမျှ မေးခွန်းတိုင်း ဖြေဆိုနိုင်ပါစေ။🍓

🍓ကျွန်တော်ကိုယ်တိုင် လုပ်ထားတဲ့ ခေါက်ဆွဲစားပြီး အားရှိပါစေ။ စာမေးပွဲမှာ အောင်အောင်မြင်မြင်ဖြေဆိုနိုင်ပါစေ🍓

စသဖြင့် ၆ရက်လုံးလုံး တစ်ရက်မှ အပျက်မခံပဲ ပို့ပေးတဲ့ ကျန်းချန်ကြောင့် ရှီးချန် သက်ပြင်းချလိုက်မိသည်။

မင်ဂျွယ် - ကဲ စာမေးပွဲလည်း ပြီးပြီ။ မင်း ဘာဆက်လုပ်မလဲ။

ရှီးချန် - ငါ ဒီအတိုင်းထွက်သွားရင် ကလေးအပေါ် ရက်စက်ရာ ကျမလား။

မင်ဂျွယ် - ငါပြောသားပဲ ကျန်း၀မ်ရင် ကို မင်းကို စိတ်ကစားတာ မဟုတ်ဘူးလို့။

ရှီးချန် - ငါလည်း အစက အဲ့လိုထင်ထားတာ။ အခုတော့ ငါ ပိုပိုသိလာပြီ ဒီကလေးရဲ့ အချစ်က အတော်နက်ရှိုင်းနေပြီ။

မင်ဂျွယ် - အမှန်တိုင်းပြောလိုက်တာ အကောင်းဆုံး။

ရှီးချန် - အင်း

ရှီးချန် လက်ထဲက မုန့်ဗူးကို အသာဆုပ်ကိုင်လိုက်ပြီး ကျောင်း၀န်းထဲမှ ထွက်လာခဲ့သည်။
🍓🍓🍓🍓🍓🍓🍓🍓🍓
လန်ကျန့် - ကိုကို ပြန်လာပြီလား။ ဖြေနိုင်ခဲ့လား။

ရှီးချန် - ဖြေနိုင်ပါတယ်။ မားတို့ရော

လန်ကျန့် - မိတ်ဆုံစားပွဲ သွားတယ်။ ကိုကို မျက်နှာမကောင်းဘူး ဘာဖြစ်လို့လဲဟင်။

ရှီးချန် - ၀မ့်ကျီး နဲ့ ကိုကို တိုင်ပင်စရာရှိတယ်။

ညီအစ်ကိုနှစ်ယောက် အပေါ်ထပ်သို့ တတ်လာခဲ့သည်။ သူတို့ညီအစ်ကိုနှစ်ယောက် အပေါ်ထပ်ရောက်တော့ ၀ရန်တာဘက် မှာ ထိုင်လိုက်ကြပြီး

ရှီးချန် - ကိုကို နိုင်ငံခြားသွားမဲ့ကိစ္စ အားချန် ကို ပြောပြသင့်လား။

လန်ကျန့် - ကိုကို ကရော ပြောချင်လား။

ရှီးချန် - အမှန်တိုင်းပြောရရင် ကိုကို မပြောဘဲ ထွက်သွားရင် သူ အရမ်းခံစားရမယ်လို့ ကိုကို ထင်နေတယ်။

ငယ်သူမို့ Where stories live. Discover now