Unicode
"ထတော့ သု!"
"ဟင်....အင်း..."
တအင်းအင်း အသံပေးကာ အကောင်ပေါက်မလေးက စောင်ပုံထဲပြန်ဝင်သွားပြန်သည်။
"တစ်ဖက်လှည့်ပြီးထပ်အိပ်ဖို့မပြင်နဲ့သု!မင်းအကျင့်တွေကို ကိုယ်သိပြီးသား!"
"ဟင်!ထပြီ!"
"ထပြီဆိုထ!အီလေးဆွဲမနေနဲ့!ရေချိုးဖို့လည်းပြင်ပေးထားတယ်!စိတ်ကြည်အောင် ဝိုင်ခွက်ထားပေးထားတယ်...အမွေးဖယောင်းလည်းထွန်းပေးထားတယ်!"
"အင်း...ထပြီ!"
"နောက်တစ်ခါဆို ကိုယ်က ပါးစပ်ကမနိုးတော့ဘူးနော် သု!"
"ထပြီ!ထပြီ!တကယ်ပဲ အဖေကြီးကျနေတာပဲ!"
"ဟား ဟား ဟား!"
စောင်ပုံထဲကနေ စူပုတ်ပုတ်ထွက်လာကာ မျက်စောင်းထိုးရင်းအော်လိုက်သော သုကြောင့် သူတဟားဟား အော်ရီတော့သည်။ဒါဟာ သူမလေးအကျင့်ပဲမဟုတ်လား။အိပ်ချင်နေတာမအိပ်ရရင် ရှိရှိသမျှ အကုန်ပတ်မဲပစ်ခြင်းဟာ ကလေးဘဝထဲကနေအခုထိပင်။
"ကဲ ထ!"
"ဟာ!ဘာလုပ်တာလဲ!ဖယ်! သု ကလေးမဟုတ်ဘူး!"
ပြောပြောဆိုဆို ထပွေ့ချီလိုက်သည့် ထိုလူကြောင့် သူအိပ်ချင်နေသည့်မျက်လုံးတွေတောင်ပြူးကျယ်သွားရသည်။
"ကလေးမဟုတ်ပေမယ့် အခုထိကလေးစိတ်မပျောက်သေးတဲ့ မင်းကို ကိုယ် ကဘယ်လိုစီရင်ရမလဲ!"
သူ ကသုကိုချီထားရင်းနှင့်ပင် သူ့နဖူးနှင့် သုရဲ့နဖူးကို မနာတောင် တိုက်လိုက်ရင်း ပြုံးစစနှင့်ပြောလေသည်။အခုမှသုသေချာပြန်ကြည့်မိတာ ထိုသူမှာ မုတ်ဆိတ်နှင့်ပါးသိုင်းမွေးတို့ကပြောင်ရှင်းနေတော့သည်။ဒီလူဘယ်အချိန်ကသွားရိတ်လိုက်တာပါလိမ့်။
"သုကို အောက်ပြန်ချပေး!"
"ပစ်ချလိုက်ရမှာလား!"
ဟင်!
သူကြည့်လိုက်တော့ ရေချိုးခန်းထဲရောက်နေပြီဖြစ်သည်။ဘယ်လောက်မှမမြင့်ဘူးပြောပြော ပစ်ချလိုက်ရင် ခါးနာသွားမှာတော့အမှန်ပင်။"ဟင်!ပစ်ချလိုက်ရမှာလားလို့"
Bathtub ထဲကိုပစ်ချရန်ရွယ်နေသည့် ထိုလူကြောင့် သု့မှာထိုသူ့လည်ပင်းကိုသာ ကျစ်နေအောင် တွယ်ဖက်ထားလိုက်ကာ....၊
YOU ARE READING
Two Worlds [Complete]