Unicode
အချိန်က ၇နာရီစွန်းစွန်း။
လမ်းမီးတိုင်တွေအောက်မှာ တစ်ရွေ့ရွေ့လျှောက်လာတဲ့လူလေးယောက်ကတော့ အေးအေးလူလူ။အရှေ့က ကလေးနှစ်ယောက်ကတော့ အထုတ်တွေကို ဘယ်ညာဆွဲရင်း စကားပြောပြောနှင့်။"မူကထတွေ ဒီလောက်စားလာတာ အိမ်ကျထပ်စားနိုင်ပါ့မလား"
"ဘယ်လောက်စားစား မဝတာ ဗိုက်လေ မသိဘူးလား"
"ငါကတော့ ဝချင်ပြီ"
"ကိုယ့်စကားကိုယ်မှတ်ထားနော်....၊သူများချက်ပြီးလာမနှိုက်နဲ့"
သုသု့က လင်းညီပခုံးကိုဖြတ်တိုက်လိုက်ရင်းပြောလိုက်တာမို့ လင်းညီက ရယ်ကျဲကျဲနှင့် သုသု့ ပခုံးကိုဖက်လိုက်သည်။ပြီးမှ.....၊
"အဲ....ပြောသာပြောတာ ချက်ရင်တော့စားရမှာပေါ့လေ ဟဲဟဲ"
"ငတ်လေငတ်ပေါ့"
"သူ စစိတ်ဆိုးနေပါပြီ"
"စိတ်ဆိုးရအောင် နင်ကမောင်လား"
"အံမယ် ပိုင်ဆိုင်ကြောင်းတွေမပြပါနဲ့ ဆိုင်ရာပိုင်ရာရှိမှန်းသိပါတယ်"
"အဲ့ဆို မမေးနဲ့လေ"
"မေးမှာပဲ"
"မမေးနဲ့"
နှစ်ယောက်သားအချေအတင်ပြောရင် ပြောမနိုင် တစ်ယောက်နဲ့တစ်ယောက် ထုကြရိုက်ကြဖြင့် တစ်လမ်းလုံးသူတို့နှစ်ယောက်ပဲရှိတယ်လို့ထင်ပုံရသည်။အရှေ့ကနှစ်ယောက်ကသာ တွတ်ထိုးနေတာ အနောက်ကနှစ်ယောက်က ငြိမ်သက်တိတ်ဆိတ်နေ၏။ကြယ်တာရာ က တစ်ချက်တစ်ချက်ဘေးကို လှည့်ကြည့်တတ်ပေမယ့် ဒေးကတော့ သု့ဆီသို့သာအကြည့်တွေပို့လွှတ်ထား၏။
တစ်လမ်းလုံး တလှုပ်လှုပ်နှင့် လူလေးယောက်လျှောက်လာပေမယ့် ခပ်ဆူဆူအသံလေးတွေက အရှေ့ကကလေးနှစ်ယောက်ဆီမှသာထွက်ပေါ်လာရင်း ဒီညကတော့ မပျင်းရတော့ဘူးထင်ပါ၏။
___________________________
"လမ်းလျှောက်ပြန်လာရတာ နည်းနည်းတောင် ခြေကုန်လက်ပန်းကျသွားသလိုပဲ"
အိမ်ထဲရောက်သည်နှင့် ကြယ်တာရာက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ခြေပစ်လိုက်ပစ်ဝင်ထိုင်သည်။သို့သော် ဒေး ကတော့ အထုပ်တွေကို မီးဖိုခန်းထဲသို့ တန်းယူသွားလေသည်။သု့က ဒေး မနိုင်တာတွေကိုလိုက်ပို့တာကြောင့် ကြယ်တာရာနဲ့လင်းညီကသာ ဧည့်ခန်းထဲကျန်ခဲ့၏။ခဏလောက်နေတော့ သုက ပြန်ထွက်လာသည်။ဒေးတော့မပါပေ။
![](https://img.wattpad.com/cover/371663599-288-k772470.jpg)
YOU ARE READING
Two Worlds [Complete]