Part-40[Uni&Zaw]

224 6 0
                                    

Unicode

"တစ်ခုက နင့်ရဲ့အနတ္တပခြုပ်ရှင်ကိုငါ့ကိုပေးပြီး ငါနဲ့အတူ Parallel Worldကိုပြန်လိုက်ခဲ့....နောက်တစ်ခုက ..."

"မောင့်!သူပြောတဲ့အတိုင်းမလုပ်နဲ့....သူပြောတဲ့လုပ်စရာမလိုဘူး......"

"ကလေးငယ်"

အနတ္တပခြုပ်ရှင် ဆိုတာ မောင့်အတွက် ဘယ်လောက်အရေးကြီးလည်း သု့သိသည်။ဒီကမ္ဘာမှာနေထိုင်နိုင်ဖို့က ပခြုပ်ရှင်ရှိနေမှဖြစ်မှာ။ဒါသာမရှိရင် မောင်လည်းပျောက်ကွယ်သွားမှာဖြစ်သည်။ထို့ကြောင့် ကြယ်တာရာချုပ်ထားသည့်ကြားကနေ သု့အသံကုန်အော်၏။သို့သော်....၊

"မင်းပါးစပ်ကိုပိတ်ထား သုတန်ဖိုး!"

"မောင်မလုပ်ပေးနဲ့....၊သူ သု့ကိုဘာမှမလုပ်နိုင်ဘူး....၊မောင် ပခြုပ်ရှင်ကိုလုံးဝမပေးလိုက် အ့..."

သု့စကားပင်မဆုံးသေး ကြယ်တာရာက သု့ရဲ့ ပခုံးစွန်းကို ဓားနဲ့စိုက်လိုက်တာကြောင့် သု့ပြောလက်စ စကားတွေရပ်တန့်ကုန်ကာ ဒေးနဲ့လင်းညီပါ စိုးရိမ်တကြီးဖြစ်သွားရ၏။

"သု့ငယ်"

"အရမ်းစကားများတယ်"

"ကြယ်တာရာ မင်း....မင်းရပ်လိုက်နော်....၊မင်းဘာဖြစ်ချင်တာလဲ....ပြော ငါအကုန်လုပ်ပေးမယ်....၊သူ့ကိုလက်ဖျားနဲ့တောင်မထိနဲ့...."

ချင်းချင်းနီအောင်စီးကျလာသည့် သု့ပခုံး‌စွန်းက သွေးတို့ကိုကြည့်ကာ ဒေးသွေးပျက်မတတ်ပြောလေသည်။

"အရမ်းကိုစိုးရိမ်နေတာပဲ....၊နှလုံးသားလေးကအရမ်းခံစားလိုက်ရပြီ..."

ပြောပြောဆိုဆို ကြယ်တာရာကဓားကိုင်ထားသည့် လက်ကိုမြှောက်လိုက်တာကြောင့်‌ ဒေးခြေလှမ်းတွေ ကိုယ်တိုင်တောင်မသိလိုက်ရင်ကြယ်တာရာနဲ့အနီးဆုံးကိုရောက်သွားခဲ့ရင်း.....၊

"ငါတောင်းဆိုပါတယ် ကြယ်တာရာ.....၊မင်းဘာလုပ်ချင်လဲ ဘာဖြစ်လဲ အကုန်ငါလုပ်ပေးမယ် သူ့ကိုလွှတ်ပေးလိုက်ပါ"

ပခုံးတစ်ဖက်ကနာကျင်မှု့ကြောင့် မျက်ရည်တွေကျနေရင်း သူ့ကိုကြည့်နေသည့်ကလေးငယ်ကြောင့် ဒေးနှလုံးသားတွေ တစ်ဆတ်ဆတ်ခါအောင်နာကျင်နေရသည်။တောင်းပန်ပါတယ်။ကိုယ်ကြောင့်ပါ။

Two Worlds [Complete]Where stories live. Discover now