Zawgyi
*တီ တီ...အာ အရေးထဲ လိုင်းက...ဟလို ဟလို...ကြားရလား*
သိက္ခာတစ်ယောက် အဖြူရောင် ဟင်းလင်ပြင်ကြီးကို လှည့်ပတ်ကြည့်နေရင်း ပေါ်ထွက် လာသည့် အသံကြောင့် တိုက်ခိုက်ရန် အသင့်အနေထားလုပ်လိုက်သည်။
'ငါ့ Hostစိတ်မှန်ရဲ့လား?'
*အဟမ်း ဟိုင်း Host*
"ဟမ် မင်းဘယ်ကလဲကွ! အခုချက်ချင်း လူရိပ်ပြစမ်း!"
*Host ကျတော်က အောက်မှာ*
သိက္ခာ အသံကြောင့် အောက်ကိုငုံ့ကြည့်လိုက်တော့ ကြောင်မဲမဲလုံးလုံးလေးက မျက်လုံးစိမ်းလေးတွေနဲ့ အမြှီးလေးနန့်ကာ ပြုံးပြနေသရောင် လုပ်နေသည်။
ကြောင်ချစ်တတ်သည် သိက္ခာက ထိုကြောင်လေးအား မြင်သည်နဲ့ ချက်ချင်းကောက်ပွေ့လိုက်သည်။
တော်တော်ကို ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကြီး!!!
*အဟမ်း ချစ်ဖို့ကောင်းတာ သိပါတယ် Host*
"ဟမ် မင်း စကားပြောတတ်တယ်!"
*ကျတော်က Hostတွေးနေတာကို အကုန်သိသလို စကားလည်းပြောတတ်ပါတယ် ဘာလို့ဆို ကျတော်က systemမလို့ပါ*
"system?....ဘာကြီးလဲ"
*systemဆိုတာ ဆန္ဒမပြည့်ဝဘဲ သေဆုံးရသူ။ မတရားသဖြင့် လုပ်ကြံခံရသူတွေကို ဒုတိယအကြိမ် ပြန်ရှင်သန်ဖို့ အခွင့်အရေးပေးပြီး missionတွေ ဆောင်ရွက်ခိုင်းတဲ့နေရာပါ Hostက အခုဘဝမှာ ချစ်ရသူရဲ့ လှည့်စားမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတာပါ*
ချစ်ရသူဆိုတဲ့စကားကိုကြားသည်နှင့် သိက္ခာမျက်ဝန်းတွေ မှိုင်းညှို့ကာ အေးစက်သွားသည်။
သူနာမည်က သိက္ခာရှိန်
TKကုမ္ပဏီရဲ့ CEOတစ်ယောက် မိဘမရှိဘဲ အဘိုးနဲ့သာနေသူ။ အရှုပ်အရှင်းအကုန်ကင်းပြီး သူ့မှာ မေတ္တာငယ်ဟုခေါ်သည့် ချစ်သူကောင်လေးသာ ရှိသည်။သူက ထိုကောင်လေးကို အလွန်ချစ်သော်လည်း မေတ္တာငယ်ကတော့ သူ့အချစ်ကိုလှည့်စားကာ သူ့ပိုင်ဆိုင်မှုတွေကို လိမ်ယူခဲ့သည်။ သူကို လုပ်ကြံသည့်နေ့က မေတ္တာငယ်ကြည့်ခဲ့သည့် လှောင်ပြုံးတွေကို အခုထိမမေ့ဘူး
YOU ARE READING
FantasyUni "Host!! တာဝန်တွေ လုပ်ဆောင်ဖို့ အသင့်ဘဲလား!!!" "အဟက်! ကြာသလားလို့, စလိုက်စို့!!" "Yes Host!!" Zawgyi "Host!! တာဝန်တွေ လုပ်ဆောင်ဖို့ အသင့်ဘဲလား!!!" "အဟက်! ကြာသလားလို့, စလိုက်စို့!!" "Yes Host!!"