System Space
58 3 2
Zawgyi
*တီ တီ...အာ အရေးထဲ လိုင်းက...ဟလို ဟလို...ကြားရလား*
သိက္ခာတစ်ယောက် အဖြူရောင် ဟင်းလင်ပြင်ကြီးကို လှည့်ပတ်ကြည့်နေရင်း ပေါ်ထွက် လာသည့် အသံကြောင့် တိုက်ခိုက်ရန် အသင့်အနေထားလုပ်လိုက်သည်။
'ငါ့ Hostစိတ်မှန်ရဲ့လား?'
*အဟမ်း ဟိုင်း Host*
"ဟမ် မင်းဘယ်ကလဲကွ! အခုချက်ချင်း လူရိပ်ပြစမ်း!"
*Host ကျတော်က အောက်မှာ*
သိက္ခာ အသံကြောင့် အောက်ကိုငုံ့ကြည့်လိုက်တော့ ကြောင်မဲမဲလုံးလုံးလေးက မျက်လုံးစိမ်းလေးတွေနဲ့ အမြှီးလေးနန့်ကာ ပြုံးပြနေသရောင် လုပ်နေသည်။
ကြောင်ချစ်တတ်သည် သိက္ခာက ထိုကြောင်လေးအား မြင်သည်နဲ့ ချက်ချင်းကောက်ပွေ့လိုက်သည်။
တော်တော်ကို ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကြီး!!!
*အဟမ်း ချစ်ဖို့ကောင်းတာ သိပါတယ် Host*
"ဟမ် မင်း စကားပြောတတ်တယ်!"
*ကျတော်က Hostတွေးနေတာကို အကုန်သိသလို စကားလည်းပြောတတ်ပါတယ် ဘာလို့ဆို ကျတော်က systemမလို့ပါ*
"system?....ဘာကြီးလဲ"
*systemဆိုတာ ဆန္ဒမပြည့်ဝဘဲ သေဆုံးရသူ။ မတရားသဖြင့် လုပ်ကြံခံရသူတွေကို ဒုတိယအကြိမ် ပြန်ရှင်သန်ဖို့ အခွင့်အရေးပေးပြီး missionတွေ ဆောင်ရွက်ခိုင်းတဲ့နေရာပါ Hostက အခုဘဝမှာ ချစ်ရသူရဲ့ လှည့်စားမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတာပါ*
ချစ်ရသူဆိုတဲ့စကားကိုကြားသည်နှင့် သိက္ခာမျက်ဝန်းတွေ မှိုင်းညှို့ကာ အေးစက်သွားသည်။
သူနာမည်က သိက္ခာရှိန်
TKကုမ္ပဏီရဲ့ CEOတစ်ယောက် မိဘမရှိဘဲ အဘိုးနဲ့သာနေသူ။ အရှုပ်အရှင်းအကုန်ကင်းပြီး သူ့မှာ မေတ္တာငယ်ဟုခေါ်သည့် ချစ်သူကောင်လေးသာ ရှိသည်။
သူက ထိုကောင်လေးကို အလွန်ချစ်သော်လည်း မေတ္တာငယ်ကတော့ သူ့အချစ်ကိုလှည့်စားကာ သူ့ပိုင်ဆိုင်မှုတွေကို လိမ်ယူခဲ့သည်။ သူကို လုပ်ကြံသည့်နေ့က မေတ္တာငယ်ကြည့်ခဲ့သည့် လှောင်ပြုံးတွေကို အခုထိမမေ့ဘူး