Arc 1.3
22 4 1
Zawgyi
"နဂိုက ကိုယ်ခံအားနည်းတဲ့သူဖြစ်တာကြောင့်ရော မွေးရာပါ နှလုံးမကောင်းတာကြောင့်ရော အခုလိုဖြစ်သွားတာပါ စိတ်မပူပါနဲ့ ကျတော်တို့ ဆေးချိတ်ပေးထားပါပြီ မကြာခင် သတိရလာမှာပါ"
ဒေါက်တာကတော့ သူပြောစရာပြောပြီးတာနဲ့ ဂုဏ်ရှိန်အား နှုတ်ဆတ်ကာ ထွက်သွားတော့သည်။ ဂုဏ်ရှိန်ဟာ မည်သို့မှ မတုန့်ပြန်ဘဲ ဆေးရုံ ကုတင်ထက်၌ သတိလစ်နေသော ကောင်လေးကိုသာ စိုက်ကြည့်နေမိသည်။
ဂုဏ်ရှိန် ကောင်လေးရဲ့ နဖူးပေါ်က ဆံနွယ်လေးတွေကို သပ်တင်ပေးလိုက်သည်။ အဖျားကြောင့် နဖူးပေါ်က အသားအရည်လေးဟာ ခပ်နွေးနွေးပင်
"အမြန်ဆုံး နိုးလာနော် ကောင်လေး"
.
.
.
.
.
သိက္ခာပြန်နိုးလာတော့ အဖြူရောင် ဟင်းလင်းပြင်တစ်ခုကြီးသာ ဆီးကြိုနေသည်။
ဘယ်လို ပြန်ရောက်လာတာပါလိမ့်?
*Hostရဲ့ မူလကိုယ်က သတိလစ်နေလို့ Hostဝိညာဉ်က spaceထဲပြန်ရောက်လာတာပါ*
"အာ....ငါက Missionရှုံးပြီထင်တာ"
*ဟာ.....ဖတ်.....လွဲစေ....ဖယ်စေ Hostရယ် လာဘ်မရှိတာ*
"ငါမှ မင်းတို့ဟာတွေနားမလည်တာဟ"
*အင်းပါအင်းပါ ကျတော်ဘဲမှားတာပါ*
"အခု အခြေအနေ ဘယ်လိုလဲ"
*ဟို ဖန်သားပြင်ကနေ ကြည့်ပါHost*
ပေါ်လာသည့် ဖန်သားပြင်ပေါ့မှာ ဂုဏ်ရှိန်ဟာ အဏ္ဏဝါလက်ကလေးကို စုပ်ကိုင်ကာ မျက်နှာလေးကို ငေးမောနေသည်
*အိုမို....66%အထိရောက်သွားပြီဘဲ*
''ဘော်ရဂို?"
*နဲလ်.... အဲ့ဇာတ်လိုက်က အတော်ကြွေနေတဲ့ပုံဘဲ*
''ဟွန်း ငါက ချောတာကိုးကွ''
*Hostဝင်ထားတဲ့ ကိုယ်ကိုကြွေတာပါ Hostကိုမဟုတ်ပါဘူး ဇွတ်တွေ လေပေါ်မြှောက်တက်မနေနဲ့*
"မင်း! အေး ပြေးစမ်း! မိရင် အမွှေးပြောင်ဖို့ပြင်ထား!"
*Ahhhhh Host နောက်တာလေ! စတာလို့ အီးဟီး*
Darkခမျာ spaceထဲ ပတ်ပြေးနေရပြီး သူ့Hostကလည်း လိုက်နေစဲ
// အားးးးးးး အထက်ကလူတွေရေ ကယ်ကြပါအုံး ကျတော် အမွှေးမပြောင်ချင်ဘူးလို့ ဟင့်//