Prologue

319 34 3
                                    

အနက်ရောင်စွမ်းအားတို့ တစ်ကိုယ်လုံးလွှမ်းခြုံထားကာ ရန်လိုစိတ်တို့ ကြီးစိုးနေသည့် လူရွယ်တစ်ယောက်သည် နတ်သူငယ်တစ်ပါးကို ရင်ဝယ်ပိုက်ကာ နတ်မင်းများအကြား ဖြည်းညင်းစွာ တစ်လှမ်းချင်း လှမ်းလာ၏။

ထိုလူငယ်၏ ရင်ခွင်ထဲမှ နတ်သူငယ်လေးသည် အားနည်းလွန်းနေပြီဖြစ်သော အမြှုတေစွမ်းအားကြောင့် ဖျော့ရော့နေလေပြီ။

အဖြူရောင်ဆံနွယ်ရှည်တို့က ဝဲဖြာကျနေပြီး
ဝတ်ရုံဖြူပေါ်တွင် အပြစ်ပေးမိုးကြိုးဒဏ်ကြောင့် ရရှိသည့် ဒဏ်ရာများမှ သွေးများစွန်းထင်းနေ၏။

အနှီလူရွယ်၏ ဘေးတွင် အမှောင်စွမ်းအားများ ကြီးစိုးနေသည့်တိုင် နတ်သူငယ်လေးကိုထွေးပွေးထားသည့် ဟန်ပန်အမူအရာမှာကား နူးညံ့သိမ်မွေ့လှသည်။

အနည်းငယ်ကြမ်းတမ်းစွာ ကိုင်တွယ်မိလျှင်တောင် ပဲ့ကြွေသွားမှာ စိုးရိမ်နေပုံ ပေါ်၏။

ထိုပုံရိပ်ကို မြင်လိုက်ရသည့် နတ်မင်းများမှာ
ထိန်းမရနိုင်အောင် မျက်နှာပျက်သွားရသည်။

မြင့်မားလွန်းသောအမှောင်စွမ်းအားအောက်တွင် နတ်မင်းတစ်ပါးချင်း၏ စွမ်းအားမှာ ဖိနှိပ်ခံလိုက်ရ၏။

သို့သော် ရန်လိုနေသည့် လူရွယ်မှာကား သူ၏ကိုယ်ပိုင်စွမ်းအားတို့အား ထုတ်သုံးထားဟန် မရှိသေးချေ။

"ရှောင်း....ငါ...ငါမခံနိုင်တော့ဘူး...အဟွတ်!"

ရန်လိုပြီး လျှံထွက်လာသည့် အမှောင်စွမ်းအားကြောင့် အသက်ဓာတ်အားနည်းလွန်းနေပြီဖြစ်သော နတ်သူငယ်လေးက သွေးတစ်ပွက် အန်ထုတ်သည်။

လူရွယ်သည် နတ်သူငယ်လေးအား အေးစက်စွာ ကြည့်လိုက်ပြီး သူ၏ လျှံထွက်နေသော အမှောင်စွမ်းအားတို့အား အတန်ငယ် လျှော့ချလိုက်၏။

ထို့နောက် လူရွယ်လေးက နတ်မင်းများဘက်လှည့်လိုက်ပြီး-

"ဘာမဟုတ်တဲ့အတွေးတွေနဲ့ ငါ့ချစ်သူကို ငါ့အပေါ်သစ္စာဖောက်စေခဲ့တယ်"

"ငါ့နှလုံးသားကို နာကျင်စေခဲ့တယ်"

"အခုငါ့ရဲ့ဒေါသကိုခံစားကြည့်လိုက်!....ခများတို့ရဲ့ နတ်မင်းဆိုပြီး ထောင်လွှားနေတဲ့စိတ်တွေဘယ်လိုနှိမ့်ကျသွားရမလဲဆိုတာ"

One Title;One TaleWhere stories live. Discover now