အပိုင်း(၁)။

205 29 0
                                    

" ရှောင်ရှောင်း!"

အနီရောင်သလဲပန်းခက်တစ်ခက်ကို ကိုင်ကာ အကြီးအကဲရှောင်း စံမြန်းရာသို့ ပြေးလွှားလာသည့် မြေခွေးငယ်လေးအား နန်းတွင်းသူလေးများက ခေါင်းငြိမ့်အရိုအသေပြုသည်။

ရှောင်ရှောင်း.....တစ်နည်းအားဖြင့် နှင်းခဲလွင်ပြင်ရှိ ဝိဉာဥ်သားရဲမျိုးနွယ်စုတို့၏ အကြီးအကဲရှောင်းကျန့်။

ရေသေကဲ့သို့ တည်ငြိမ်သော မျက်ဝန်းညို
တို့နှင့် အမြဲတစေ စေ့ပိတ်ထားတတ်သည့် နှုတ်ခမ်းတို့ကြောင့် မော်ကြည့်ရဲသူပင် မရှိသည်အထိ အသေရတင့်တယ်လှသည့် အနှီအကြီးအကဲသည် နှင်းခဲလွင်ပြင်၏ ဝိဉာဥ်မျိုးနွယ်စုအားလုံးကို ကျောသားရင်သား မခွဲခြားသည့်တိုင် အမြီးကိုးချောင်းမြေခွေးငယ်လေးကိုတော့ဖြင့် ပိုတိုး၍ အခွင့်ရေးများ ပေးတတ်၏။

အမြီးကိုးချောင်းမြေခွေးငယ်၏ ကျင့်ကြံခြင်းအဆင့် အောင်မြင်သွားလျှင် ပင်တိုင်စံကြင်ယာဖြစ်လာရန်အတွက် လွန်ခဲ့သော ဘိုးဘေးများလက်ထက်ကပင် လျာထားခဲ့ကြသည့်အတွက် ထိုအ​​ခြေအနေကို ကျန်တဲ့မျိုးနွယ်စုများကလည်း မနှစ်မြို့ခြင်းမရှိပေ။

"သခင်လေးဝမ်"

မြေခွေးငယ်လေးမှာ ကျင့်ကြံဆင့်အားနည်းနေသေးသည့်အတွက် ဖျောက်၍ မရနိုင်သေးသည့် အဖြူရောင်အမြီးကိုးချောင်းကိုသာ နန်းတွင်းသူလေးများ မြင်ကွင်းရှေ့ ချန်ခဲ့ကာ ခန္ဓာကိုယ်ကတော့ဖြင့် အကြီးအကဲရှောင်း၏
နန်းဆောင်ထဲ ဝင်ရောက်သွားလေပြီ။

အကြီးအကဲရှောင်းကို တ​ကြော်ကြော်ခေါ်ကာ
ခြေတံတိုတိုလေးများဖြင့် အတွင်းခန်းထဲ အပြေးဝင်သွားသည့် မြေခွေးလေးကြောင့်
နန်းတွင်းသူများဟာ အိပ်ဆောင်တံခါးကို အသာအယာပိတ်ပြီး အလိုက်တသိပင် ထွက်ခွာသွားကြ၏။

"ရှောင်ရှောင်း....ထ...ထလို့ဆိုနေ"

အိပ်ချင်ယောင်ဆောင်နေသူဟာ နိုးရခက်သတဲ့။

ခပ်တင်းတင်းစေ့ပိတ်ထားသည့် မျက်ခွံတို့ကြောင့် မြေခွေးငယ်လေးဟာ အလိုမကျတော့ချေ။

အသားပေါ်နေသည့် လက်ဖမိုးကို ဆွဲယူကာ အားရှိသမျှ ကုန်းကိုက်လိုက်မျှသာ အနည်းငယ်ပြုံးယောင်သမ်းလာပြီး မျက်ခွံတို့ကို ဖွင့်ဟလာသည့် အကြီးအကဲရှောင်းအား
​မြေခွေးငယ်ဟာ မျက်စောင်းဝင့်သည်။

One Title;One TaleWhere stories live. Discover now