Chapter.12

5.5K 125 4
                                    

Unicode

ချစ်သောသူရဲ့ဝဲဘက်ရင်အုံမှ...

Chapter.12

သူတို့နှစ်ယောက်အောက်ထပ်ကိုပြန်ဆင်းလာတော့ တံခွန်နဲ့စိုးမိုးနိုင်ကဧည့်ခန်းမှာရုပ်ရှင်ကြည့်နေ၍ သူတို့လည်းခပ်တည်တည်နဲ့ပဲဆိုဖာမှာဝင်ထိုင်လိုက်ကြသည်။

ရာဇ်ကခခနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ပြီး သူမကိုသာမျက်စိဒေါက်ထောက်လိုက်ကြည့်နေ​၏။

သူမရဲ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကိုသူကအသေးစိတ်လိုက်ကြည့်နေချင်မိတာပင်။

သူကြည့်နေတုန်းမှာသူမကစားပွဲပေါ်ကပန်းသီးတစ်စိတ်ကိုယူစားလိုက်လေ၏။

ပန်းသီး​စားနေတဲ့သူမနှုတ်ခမ်းလေးကစုလုံးလုံးလေးဖြစ်နေပြီးသူ့မှာကြည့်ရင်းနဲ့အသည်းယားလာရသည်။

ထိုစဥ် ရဲသီဟကလက်ထဲမှာဖုန်းတစ်လုံးကိုကိုင်ကာအောက်ထပ်သို့ပြေးဆင်းလာပြီး

''ဟေ့ကောင်တွေ...ခွန်းကလက်မထပ်ဘူးတဲ့ အဲဒါသူ့အစ်မမင်္ဂလာဆောင်တဲ့ကွ''

''မင်းကိုဘယ်သူပြောတာလဲ''

''သူ့အစ်မမင်္ဂလာဆောင်မှာရိုက်ထားတဲ့ပုံတွေသူတင်ထားတာ သူ့အတွက်သတို့သားကမတွေ့သေးဘူးတဲ့''

''captionဆိုတာမျိုးကဟုတ်ဟုတ်မဟုတ်ဟုတ်ရေးနေတာပဲ မင်းမျှော်လင့်မနေစမ်းပါနဲ့ သူကမင်းအတွက်မဟုတ်တာလည်းဖြစ်နိုင်တယ်''

''ကျက်သရေမရှိတဲ့ကောင် မင်းဒီလိုစိတ်မျိုးနဲ့မင်းကလေးတွေကိုစာဘယ်လိုသင်နေတာလဲ''

ပြောပြောဆိုဆိုနဲ့ရဲသီဟကခခဘေးဝင်ထိုင်ပြီး

''ခစား...ဒီကိစ္စကိုမင်းသိပြီးသားမလား''

''အင်း''

''ဒါကိုဘာလို့မပြောတာလဲ''

''ခွန်းကမပြောခိုင်းလို့...ဒါပေမယ့်လေ အခုရက်ပိုင်းကိုရဲကအရမ်းငြိမ်ပြီးလိမ္မာနေတယ် ကောင်မလေးတွေနဲ့တွဲသွားတွဲလာလည်းမလုပ်တော့ဘူးလို့ပြောပေးထားတယ်''

''တစ်ကယ်!...ဟား ဝမ်းသာလိုက်တာ မင်းကအတော်အားကိုးရတာပဲခစားရ''

ချစ်သောသူရဲ့ဝဲဘက်ရင်အုံမှ(Completed)Where stories live. Discover now