Part-(1) [သူငါ့ကို မေ့သွားပြီ!]

72 8 0
                                    

(Unicode)

New York မြို့၏ ညနက်သန်းခေါင်ယံချိန်၊ ကားအဖြူ‌‌ရောင်တစ်စီး BMWကစင်္ကြံ လူသွားလမ်းဘေးမှာ
ထိုးရပ်ပြီး ကားထဲ၌ ကားမောင်းလာတဲ့သူနှင့် ကားစီးနှင်းလာတဲ့ အရှေ့ခန်းကသူတို့ စကားများရန်ဖြစ်နေကြသည်။နှစ်ယောက်စလုံးအသံတွေက ဒေါသထွက်သံတွေဖြင့်ကားထဲမှာပျံ့နှံလေသည်။

"Hyung လွန်တတည့်လွန်လာပြီ"

"မင်းဘာပြဿနာတွေ၊ထပ်ရှာချင်နေရတာလည်း?"

"HYUNG ဘာလို့လည်း။အမြဲအဲ့လိုပဲပြောနေတာ၊ဟိုတစ်ယောက်ကျတော့အချိန်တွေပေး။စေ့စပ်တဲ့သူနှင့် ကျတော့အကုန်အချိန်ပေးနိုင်တယ်ပေါ့၊အချိန်ကိုခင်ဗျားကဘာလည်းခင်ဗျားကြီးကျူပ်ကိုကစားနေတာလား။ကျူပ်ကို ခြောက်နှစ်ကျော်လောက်တွဲခဲ့တာ ကစားဖို့လား?"

"ငါပြောရတာအာညောင်းတယ်။မိဘအလိုကျငါအချိန်ပေးပြီးသူနှင့်တွေ့နေရပါတယ်ဆိုမှ."

"ကျူပ်ကျလက်မခံပဲခင်ဗျား မိဘတွေကအဲ့ဟာမ Maria ကျလက်ခံနိုင်တယ်ပေါ့၊ ဘာလည်းကျူပ်က ယောင်္ကျားလေးဖြစ်ရုံသာမက ထူးဆန်းတဲ့ အရာတွေရှိနေလို့လား။ခင်ဗျားကြီး ကျူပ်ကို ကစားနေတာလား။"

ကားမောင်းတဲ့သူက ပိုဒေါသထွက်ကာ

"Jakeဆင်ဆင်ခြေခြေပြော၊ငါမိဘတွေကငါကောင်းအောင်စီစဉ်ပေးတာ၊သူတို့က Mariaနှင့် လက်ထပ်ရမယ် ဆိုငါကလက်ထပ်ရမှာ"

"ဖြန်း"ဟူသောအသံထွက်တဲ့အထိ Jakeတစ်ယောက် ထိုသူအားရပါးရ ရိုက်တည့်လေသည်။

"ကျူပ်ကဘာလည်း?ကစားစရာအရုပ်လား။ပြောတော့ ချစ်တယ်ဆို"

"Jake,ငါမင်းကိုချစ်တယ်သို့ပေမဲ့၊"

Jakeတစ်ယောက်ကတော့ငိုသံဖြင့် အော်ပြောပြီးရင်ဘတ်ကိုထု‌ပြီး

"ကျွန်တော့်ကိုရင်နာစေမဲ့ စကားတွေပြောတာတွေ ရပ်စမ်းပါဗျာ။ကျူပ်ကိုကျတော့ ခင်ဗျားမိဘတွေက လက်ကိုမခံ။ချမ်းသာတဲ့သူတွေဆို လက်ခံမဲ့ပုံပဲ။ချမ်းသာသူအချင်းချင်းကိုပဲ ပေးစားချင်လက်ခံချင်ကြတဲ့ပုံပဲ။ကျူပ်လို ဥတစ်လုံးတစ်ကောင်ကြွက်ဆင်းရဲသားပြီးတော့ ကျူပ်ကထူးဆန်းတဲ့ကောင် ဟုတ်လို့ လက်မခံတာပေါ့။ဟုတ်လား။"

𝙈𝙀𝙈𝙊𝙍𝙄𝙀𝙎 𝙊𝙁 𝙇𝙊𝙑𝙀 𝘼𝙉𝘿 𝙏𝙀𝘼𝙍𝙎 Where stories live. Discover now