(Unicode)
Jakeခင်ဗျာတော့နာကျင်မှုနှင့်ပြည့်နှံ့ကာနောက်ဆုံးတော့ သူSeoul မှာကျောင်းပြောင်းပြီးပြန်တက်ဖို့ ဆုံးဖြတ်ကာ၊သူချစ်တဲ့ သူကသူကမသိရာ၊ အချိန်တန်Mariaကို သာလက်ထပ်မည်ဖြစ် ကို တွေးတောမိသောကြောင့် သူနေတဲ့အိမ်ရောက်တာနှင့် သူ့ သူငယ်ချင်း Sunghoon ကိုနာပူနာဆာတိုက်တော့ သူငယ်ချင်းဖြစ်သူလည်း အမေရိကားမှာမနေချင်တာနှင့် အတော်ဖြစ်လေရှာသည်။
ဒီလိုနှင့်ဖောင်ကျတော့Jakeကိုဖောင်ဖြည့်ခိုင်းလေသည်။ဒီလိုနှင့်သူတို့သူငယ်ချင်းနှစ်ယောက်Seoul National University ကိုပြောင်းဖို့ ဖောင်ဖြည့်ပြီး သူ့တို့တက်နေတဲ့တက္ကသိုလ်မှာအလျင်မြန်တင်လေသည်။
Sunghoon ကတော့ သူဌေးသားပီပီသူငယ်ချင်း အတွက်Part Time Jobပါအဆင်သင့်ရှာပေးထားသည်။သူငယ်ချင်းဖြစ်သူကို သူကိုယ်သူထက် ပိုသနားနေသောကြောင့်သူအပြီးစီးလုပ်လေသည်။
Jakeခင်ဗျာ Sunghoon အား
"ကျေးဇူးတင်ပါတယ်၊Sunghoon"
လိုသာပြောဖို့ပဲ ရလေရှာသည်။ပိုက်ဆံပြန်ပေးမယ်ဆိုလည်း ဟိုက မယူပေ။အားနာနေရတာ တော့အမှန်တည်း။
Jake နှင့် Sunghoon တို့ကျောင်းပြောင်းစာကျလာတာ နှင့် New York ကနေ Seoul ကိုထွက်ခွာဖို့ဖြစ်လာပေသည်။
____________________________ကျောင်းပြောင်းစာရတာနှင့် Sunghoon ကလေယျာဉ်လက်မှတ်ကိုအသင့်ဝယ်ပြီး သူတို့အထုတ်ပိုးတွေသိမ်းဆည်းကြလေသည်။၂ရက်ကြာတော့ လေယာဉ်ပျံချိန်မနီးခင် ၄နာရီလောက်မှာ Jake တစ်ယောက်ဆေးရုံသွားပြီးအတိတ်တခိုးHeeseungကိုချောင်းလေသည်။
ချောင်းရင်းသူစိတ်ထဲတွင်Heeseungကိုထပ်မတွေ့ရတော့မဲ့သူကဲ့သို့နှုတ်ဆက်မှုအတွေးဖြင့်
"ကျွန်တော်လာနှုတ်ဆက်တာပါ၊Hyung။အဝေးကနေကြည့်နေရတင်ကျေနပ်ပါတယ်။"
ဆိုပြီးတွေးနေတဲ့ချိန်သည်ကား သူကHeeseung side profile ကိုကြည့်နေပြီး Heeseung ကသူကိုမမြင်ပဲထိုင်နေတဲ့အရှေ့ကိုသာသူကြည့်လေသည်။Jakeကတော့ဟိုအနည်းငယ်ဝေးတဲ့ လျှောက်လမ်းလေးမှာလွယ်အိတ်လေးလွယ်ပြီး ဝမ်းနည်းမှုအပြည့်ရှိတဲ့မျက်နှာနှင့်ဝဲတက်နေတဲ့မျက်ရည်လေးများစီးကျလေသည်။