ချူရှောင်းဟာ ထောင့်ကနေ သူ့(မ)ကို စူးရှတဲ့အကြည့်နဲ့ ကြည့်နေတာကို ခံစားမိသည်။ သူ(မ)ရဲ့ ဟန်ဆောင်နေတာကို မပေါ်သွားအောင်လို့ မြန်မြန် သူ(မ)ရဲ့ အရှိန်၀ါကို ထိန်းချုပ်လိုက်ကာ နစ်နာတဲ့ပုံနဲ့ ပြောလိုက်သည်။
" အချစ်ရေ သူ(မ)က ကျွန်မကို ရူးအောင်လုပ်နေတာပဲ "
နောက်ဆုံးတော့ ချုချီဘက်ကနေ တုန့်ပြန်လာကာ အရှေ့ကို ခုန်အုပ်ဖို့ လုပ်သည်။
" ချူရှောင်း ငါ နင့်ကို သတ်မယ် "
ရှန့်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။ အိမ်တော်ထိန်းနဲ့ သက်တော်စောင့်တွေက ချက်ချင်းပဲ ချူချီကို အဝေးကို ခေါ်ထုတ်သွားကြပြီး ထိန်းသိမ်းထားဖို့ ရဲစခန်းမှာ အပ်ခဲ့သည်။
အခန်းက တိတ်ဆိတ်သွားလေသည်။
ချူရှောင်းက မျက်လုံးထောင့်ကနေ ရှန့်ယန်ကိုကြည့်လိုက်တယ်။ သူ(မ)က တမင်တကာ အားအင်ချိနဲ့သလို ဟန်ဆောင်ကာ ကုတင်ခေါင်းရင်းကို မှီလိုက်သည်။ သူ(မ)က အသံကိုညုတုတုလုပ်ကာ " အချစ် ကျွန်မရဲ့ ဒဏ်ရာက နာတယ် "
ရှန့်ယန်က သူမကို အေးတိအေးစက်ကြည့်လိုက်သည်။
" ငါ ဆရာ၀န်ကို သွားပင့်ပြီး မင်းကို နောက်ထပ် ဆေးစစ်ပေးမယ် "
ရှန့်ယန်ထွက်သွားတော့မှာကို တွေ့တဲ့အခါ ချူရှောင်းက ကမန်းကတန်းထထိုင်ကာ လှမ်းခေါ်လိုက်သည်။
" ရှန့်ယန် စောင့်ပါဦး "
သူ(မ)ရဲ့ လှုပ်ရှားမှုက အနည်းငယ် ကြမ်းတမ်းသွားတဲ့အတွက် သူ(မ)ရဲ့ခါးနဲ့ ၀မ်းဗိုက်မှာ စူးရှတဲ့ နာကျင်မှုကို ခံစားလိုက်ရသည်။ ချူရှောင်းရဲ့ မျက်လုံးထဲ ချက်ချင်း မျက်ရည်တွေ ဝဲတက်လာသည်။
ရှန့်ယန်က ခဏတာလောက် မှင်သက်သွားသည်။ သူက ဝှီးချဲလ်နဲ့ရှေ့ကို နည်းနည်းလောက်သွားပေမယ့် မကြာခင်ပဲ ရပ်လိုက်တယ်။ သူ ချူရှောင်းကို ဒီလိုပုံမျိူးနဲ့ တစ်ခါမှ မတွေ့ဖူးဘူး။
ချူရှောင်းရဲ့အသံတွေက တုန်ရီနေကာ သနားစရာကောင်းစွာနဲ့ ရှင်းပြနေသည်။
YOU ARE READING
စီးပွားရေးလုပ်ငန်းရှင်ကြီး၏ အလိုလိုက်သည့် ဇနီး ဖြစ်လာခြင်း ( မြန်မာ ဘာသာပြန် )
Romanceချူရှောင်းဟာ မထင်မှတ်ထားပဲ စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ အလိုလိုက်ခံရတဲ့ ဇနီးသည်အဖြစ် ကူးပြောင်းသွားခဲ့သည်။ သူ(မ)ရဲ့ ကံကြမ္မာက ကောင်းသော်ငြားလဲ မူလကိုယ်ပိုင်ရှင်က ဒါကိုမမြင်ပဲ သူ(မ)ရဲ့မိသားစုနဲ့အတူ စီးပွားရေးလုပ်ငန်းရှင်ကြီးကို ပျက်စီးအောင်ပေါင်းကြံ...