အိမ်တော်ထိန်းက ရှန့်ယန်ရဲ့ ညွှန်ကြားချက်အတိုင်း အိပ်ခန်းထဲကို စွပ်ပြုတ်လာပို့ပေးသည်။
ချူရှောင်းက အိမ်တော်ထိန်းကို တားလိုက်ပြီး ရှန့်ယန်ရဲ့ နေ့စဥ်အလေ့ထတွေကို မေးလိုက်တယ်။ သူ့ကိုပြုစုပေးပြီး ဇနီးသည်တစ်ယောက်ရဲ့ တာ၀န်ကို သူ(မ) ကျေပွန်ချင်တယ်။
အိမ်တော်ထိန်းက အံ့သြသွားသည်။ ချူရှောင်းက အရင်တုန်းကနဲ့ အနည်းငယ် ကွဲပြားနေတယ်လို့ သူထင်နေတယ်။ သူသတ္တိမွေးကာ ပြောလိုက်သည်။
" မစ္စတာရှန့်က နည်းနည်း ပေါင်းသင်းဆက်ဆံရေးညံ့ပြီး တစ်ခြားသူတွေနဲ့ မတူဘူး။ သူက စကားချိုချိုသာသာ မပြောတတ်ဘူး။ ဒါပေမယ့် လက်ထပ်ပြီး မမလေး ဒီမိသားစုထဲ၀င်လာထဲက သူက မမလေးကိုဂရုစိုက်ပေးဖို့နဲ့ သက်တောင့်သက်သာဖြစ်စေဖို့ အကောင်းဆုံး ကြိုးစားနေခဲ့တာ။ "
" မမလေးလိုချင်တာ မှန်သမျှကို လုပ်ပေးဖို့ကိုလဲ ကျွန်တော်တို့ကို မှာထားသေးတာ အဲ့တာက စကားအဖြစ်ပဲ ပြောရင်တောင်မှပေါ့ "
" ကျွန်တော်က မစ္စတာရှန့်ငယ်ငယ်ထဲက ခစားလာခဲ့တာ။ သူ့ရဲ့စရိုက်အရဆိုရင် သူက မင်းအတွက် ခင်ပွန်းသည်ကောင်း တစ်ယောက်ဖြစ်နေပြီ ဒါပေမယ့် မင်းဘက်ကကျတော့ ..... "
ဒါက အရမ်းကို လွန်လွန်းတယ် !
အိမ်တော်ထိန်းက သူ့စကားရဲ့ အနောက်ပိုင်းကို ပြီးအောင်မပြောဘူး။ ချူရှောင်းက လက်ယမ်းလိုက်ပြီး သူ့ကိုထွက်သွားခိုင်းလိုက်တယ်။ ပြီးတော့ သူ(မ)က မျက်လုံးကို အောက်နှိမ့်ချလိုက်ပြီး စောင်ရဲ့ထောင့်စွန်းကို ဆုတ်ထားလိုက်သည်။ သူ(မ) ရှန့်ယန်အတွက် စိတ်မကောင်းဖြစ်သွားသည်။
မူလကိုယ်က အရမ်းကိုမိုက်မဲတာပဲ။ ဂုတ်သွေးစုတ်တဲ့ ချူမိသားစု၀င်တွေရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို သူ(မ)က တကယ်ကြီးယုံစားနေခဲ့တာ။
' တီ တီ ' စားပွဲပေါ်က ဖုန်းကထမြည်လာသည်။ ဖုန်းမျက်နှာပြင်ပေါ်မှာ သူ(မ)အမေရဲ့ နာမည်ပေါ်လာတယ်။
ချူရှောင်းက စိတ်မရှည်စွာပဲ ဖုန်းကိုကောက်ကိုင်လိုက်တယ်။ ဖုန်းတစ်ဖက်ကနေ စူးရှတဲ့အသံထွက်လာသည်။ အသံက အရမ်းကိုဆူလွန်းလို့ ဖုန်းကို နားကနေခွာလိုက်ကာ စပီကာဖွင့်လိုက်ပြီး ဖုန်းကို ကုတင်ပေါ်ပစ်တင်လိုက်သည်။
YOU ARE READING
စီးပွားရေးလုပ်ငန်းရှင်ကြီး၏ အလိုလိုက်သည့် ဇနီး ဖြစ်လာခြင်း ( မြန်မာ ဘာသာပြန် )
Romanceချူရှောင်းဟာ မထင်မှတ်ထားပဲ စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ အလိုလိုက်ခံရတဲ့ ဇနီးသည်အဖြစ် ကူးပြောင်းသွားခဲ့သည်။ သူ(မ)ရဲ့ ကံကြမ္မာက ကောင်းသော်ငြားလဲ မူလကိုယ်ပိုင်ရှင်က ဒါကိုမမြင်ပဲ သူ(မ)ရဲ့မိသားစုနဲ့အတူ စီးပွားရေးလုပ်ငန်းရှင်ကြီးကို ပျက်စီးအောင်ပေါင်းကြံ...