1

2.5K 271 116
                                    

" မမိုက်ပါဘူးကွာ..ငါ Seattle က ပြန်ရောက်တာတောင် ဘယ်လောက်ကြာသေးလို့လဲ..အဲ့ဒါကို ချက်ချင်းကြီး စေ့စပ်ပေးမယ်ဆိုတာက.. "

ကားစီယာတိုင်ပေါ်တွင် သွေးကြောများထင်ရှားနေသော လက်တို့ကို အလုပ်ပေးနေရင်း ဂျုံဆောင်း နှုတ်မှ တတွတ်တွတ်ရေရွတ်နေသော်လည်း ကားထဲတွင်မူ အပိုလူရှိမနေပေ။

ထိုအစား သူ့နားရွက်ထဲ၌သာ ear bud တစ်စုံရှိနေပြီး ဘဝင်မကျသည့် အကြောင်းတို့အား သူငယ်ချင်းဖြစ်သူကို ဆက်သွယ်ကာ ရင်ဖွင့်နေမိခြင်းသာဖြစ်ပေ၏။

" မသိဘူး.. ဟိုနာမည်ကြီး ယန်းမိသားစုကမို့ နာမည်က ယန်းဂျောင်ဝန်းဆိုတာရယ်..သား ၂ ယောက်ရှိတာမှာ ဒုတိယသားဆိုတာရယ်ပဲသိတယ်.. အသက်ကလည်း 23 နှစ်ပဲရှိသေးတာ..ဘာလုပ်မလို့လဲ..အဲ့အရွယ်လေးနဲ့ပေးစားပြီး ငါ့ကို ကလေးထိန်းခိုင်းမလို့လား..စိတ်ရှုပ်တယ် "

ဂျုံဆောင်း စကားသံတို့က သိသိသာသာ မာဆတ်ဆတ်ဖြစ်နေပေမယ့် တစ်ဖက်က ငယ်ပေါင်းကြီးဖော် ဘော်ဒါ ရှင်းဂျယ်ယွန်းရဲ့ တုန့်ပြန်မှုတို့ကလည်း အထောက်အကူမဖြစ်လှပါ။

" မငြင်းပဲနေပါ့မလားဟ.. မသွားရင် ငါ့ကားကိုပါ သိမ်းမယ်တွေလုပ်နေတာ..ဘာတွေအဲ့လောက်ထိ ကြီးကျယ်နေလို့များ အဲ့ဒီယန်းမိသားစုနဲ့ အမျိုးစပ်ချင်နေတာလဲတော့ ငါလည်းနားမလည်တော့ဘူး"

ဖုန်းပြောနေရင်းနှင့်မှ ကားပါကင်ထိုးရမည့် နေရာသို့လည်း ရောက်မှန်းမသိရောက်လာခဲ့ပြီမို့ ဂျုံဆောင်း မျက်မှောင်ကြုံ့ရင်း ကားစီယာတိုင်ကို ဝိုက်ချပစ်လိုက်သည်။

" အခုရောက်ပြီ ငါ.. ဒါပဲ ဖုန်းချလိုက်တော့မယ်
မြန်မြန်ဇာတ်လမ်းဖြတ်ခဲ့ပြီး ပြီးမှပဲအခြေအနေကို ဖုန်းပြန်ဆက်လိုက်မယ် .. ok "

ဖုန်းချကာ နားရွက်ထဲမှ ear bud များကို ပြန်ထုတ်သိမ်းပြီးချိန်တွင် ဂျုံဆောင်း သိပ်စိတ်လက်မကြည်မလင်နှင့်သာ ကားထဲမှထွက်၍ အမေချိန်းဆိုပေးထားသော စားသောက်ဆိုင်ထဲသို့ ဦးတည်ခဲ့တော့၏။

ယနေ့အတွက် သူဖြစ်သလိုသာ ရှပ်တစ်ထည်ကို လက်ခေါက်တင်ရင်း မပြင်မဆင်လာခဲ့ပေမယ့်လည်း နဂိုအရှိန်အဝါတို့ကြောင့် ရုပ်ရည်ကကျမသွား။

How To Be A Perfect Husband? ( JAYWON )Where stories live. Discover now