24

1K 209 62
                                    

ယခုတလော ဂျယ်ယွန်း အရက်ဖြတ်ထား၍ bar မထိုင်ဖြစ်သည်မှာပင် 4/5 ရက်ခန့်ရှိနေလေပြီ။

ထို့ကြောင့် အတူသောက်နေကျ သူ့ဘော်ဒါများဆီမှ အဝင် call များ နားပူအောင်လက်ခံရရှိနေသော်လည်း စိတ်ပိုင်းဖြတ်ထားပြီးသားမို့ ဂျယ်ယွန်း မိမိတိုက်ခန်း၌သာ ပေတေ၍ နေဖြစ်ခဲ့ပါ၏။

ထိုအစား နှုတ်ခမ်းခြောက်လာသလို ခံစားရတိုင်း ရေခဲရေများကိုသာ တစ်ခွက်ပြီးတစ်ခွက် ထသောက်နေမိခဲ့သည်။

" aishh ဒီလို မက်ဂျူကိုသာ ရေနဲ့အစားထိုးသောက်နေရရင် ကျန်းမာရေးတွေ အလိုလိုနေရင်း စောက်ရမ်းကောင်းလာမှာတောင် စိုးရိမ်ရတယ် "

အနည်းငယ် မကြည်လင်သော စိတ်အခြေအနေနှင့်အတူ ဂျယ်ယွန်း ဂျစ်ကန်ကန်ရေရွတ်ကာ နောက်ထပ်ရေခဲရေတစ်ခွက်ကို ထပ်မော့လိုက်၏။

ထိုအခိုက်တွင်ပဲ ဧည့်ခန်းရှိ စားပွဲပေါ်တွင် တင်ထားခဲ့သောဖုန်းက ရုတ်တရက် ထမြည်လာပြန်တာမို့ ဂျယ်ယွန်း သောက်လက်စရေခွက်ကို ကမန်းကတန်းချထားခဲ့ကာ ပါးနှစ်ဖက်တွင် ရေများဖောင်းလျှက် အပြေးသွားကိုင်မိသည်။

သို့သော် မြင်လိုက်ရသော contact name က သူမျှော်လင့်ထားခဲ့သူမဟုတ်။

ဂျယ်ယွန်း မျက်ခုံးများကို စုကြုံ့လိုက်မိပြီးနောက် ပါးထဲမှရေများကို မြိုချ၍ ဖုန်းကိုဖြေကာနားနားကပ်ထားလိုက်ပါ၏။

" အွန်း hyung "

" ဂျယ်ယွန်းနီ အခုဘယ်မှာလဲ ? "

" အိမ်မှာပဲ..ကျွန်တော့်ကို အချိန်ပြည့် bar ရောက်နေမယ်လို့ထင်နေလို့လား "

ဂျယ်ယွန်း အသံကပျင်းရိပျင်းတွဲ့နှင့် ဂျစ်ကန်ကန်ဆန်နေသည်ကို ကြားရသောအခါ အစ်ကို့ဆီမှ မပွင့်တပွင့် ရယ်သံသဲ့သဲ့များ ထွက်ကျလာခဲ့ပါသည်။

" အင်း.. အိမ်မှာဆိုရင်ပြီးတာပါပဲ
ပိုက်ဆံရောကျန်သေးလား ?
မကျန်တော့ဘူးဆို hyung လွှဲလိုက်မယ် "

ထိုအခါ ဂျယ်ယွန်း မျက်နှာလေးက ဆူပုတ်ပုတ်နှင့် ညိုးကျသွား၍ မပွင့်တပွင့်လေး ပြန်ဖြေမိ၏။

" ရှိပါသေးတယ်.. မလွှဲနဲ့ဦး "

Hyung ဆီမှ ထိုကဲ့သို့သော စကားများကိုကြားရတိုင်း ဂျယ်ယွန်းအတွက်တော့ အလိုလိုက်ခံရသည်ဟူသောစိတ်နှင့် ပျော်ရမည့်အစား မိမိအနေနှင့် ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်နေသည်ကို သတိဖော်ခံရသည်ဟုသာ ခံစားမိသည်။

How To Be A Perfect Husband? ( JAYWON )Where stories live. Discover now