8

1.1K 222 58
                                    

( တစ်လကြာပြီးနောက် )

" မင်းဖုန်းက ထပ်ပြီးမြည်နေပြန်ပြီ "

ဘေးဘက်မှ ဘော်ဒါတစ်ယောက်၏ အသိပေးစကားသံအဆုံးတွင် အရက်ခွက်ကိုမော့ရန်ပြင်နေသော ဂျယ်ယွန်း၏ လက်တို့က လမ်းတစ်ဝက်တွင် တုန့်ခနဲ ရပ်တန့်သွားခဲ့ရပြီး စားပွဲထက်၌ တုန်ခါနေသော ဖုန်း screen ထက်သို့ စောင်းငဲ့ကာ အကြည့်ပို့မိ၏။

ထိုနံပါတ်ပင်။

တစ်လအတွင်း တစ်ပတ်ကို 2 ကြိမ်ထက်မနည်း မှန်မှန်ခေါ်ဆိုနေခဲ့သော ထိုဖုန်းနံပါတ်ကို ဂျယ်ယွန်း တစ်ခါမှ ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါသော်လည်း တစ်ဖက်က လက်မလျှော့ဘဲ ယခုထိတိုင် ခေါ်ဆိုနေဆဲဖြစ်သောကြောင့် အလွတ်ပင်ရနေလေပြီ။

ယခုတစ်ခေါက်လည်း သူမဖြေဆိုဖြစ်လိုက်သည့်ဖုန်းက ringtone အဆုံးထိ မြည်ပြီးနောက် သူ့ဟာသူ ပြန်ကျသွားခဲ့၏။

" ဘာလို့မကိုင်တာလဲ "

ဂျယ်ယွန်း၏ အနည်းငယ် ထူးခြားသော မျက်နှာအမူအရာကို အကဲခတ်မိပုံရသော ဘော်ဒါက အကဲစမ်းလျှက် မျက်ခုံးပင့်ကာ မေးလာသည့်အချိန်တွင် သူ့သောက်လက်စကိုသာ ဆက်မော့ရင်း သာမန် ပေါ့ပေါ့ပါးပါး ကိစ္စတစ်ခုလို ပြန်ဖြေပေးလိုက်သည်။

" အရေးကြီးတဲ့ဖုန်းမဟုတ်ဘူး
မကိုင်လည်းဖြစ်တယ် "

သို့သော်လည်း ဂျယ်ယွန်းအကြည့်တွေက ငြိမ်သက်ကျသွားသော ဖုန်း screen ထက်တွင် ဝေ့ဝဲနေဆဲဖြစ်၏။

ထိုလူက ဂျယ်ယွန်း သူ့ဖုန်းကို မကိုင်မှန်းသိသော်လည်း နံပါတ်ပြောင်း၍ ဆက်ခြင်းကဲ့သို့ အခြားနည်းလမ်းများကိုလည်း သုံးမလာပေ။

ဂျယ်ယွန်းအထင် သူစိတ်လိုလက်ရ ဖုန်းပြန်လည်ဖြေဆိုသည်အထိကို ထိုနံပါတ်နှင့်သာ စိတ်ရှည်လက်ရှည် ခေါ်ဆိုနေမည့်ပုံရှိ၏။

ဂျယ်ယွန်း သက်ပြင်းချလိုက်မိပါသည်။

သူကလည်း ဘာလို့ အဲ့ဒီနံပါတ်ကို မ block လိုက်မိသေးတာလဲ မသိဘူး။

ဂျယ်ယွန်းအနေနှင့်တော့ မဖြစ်နိုင်သည့်ဇာတ်လမ်းတစ်ပုဒ်ကို အစတည်းက မစချင်သည့်သဘောသာဖြစ်၍ တစ်ဖက်လူကိုလည်း မရိုင်းပြချင်မိသည်သာဖြစ်လေသည်။

How To Be A Perfect Husband? ( JAYWON )Where stories live. Discover now