Interest

48 3 1
                                    

Warning*** NSFW Alert
This part contain a little spicy scene...
hope y all enjoyㅋㅋ
.
.
.
.
.
.
.
.
.
.
.
.
.
.
.

မနက်ခင်း၏ နေရောင်ခြည်နုနု ဖြာကျနေသည့်
ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင်
ကြောင်ကလေးတစ်ကောင်သည်
ငြိမ်ငြိမ်လေးထိုင်ကာ mangaဖတ်နေသည်။
ကြောင်ကလေး၏ ငြိမ်းချမ်းမှုကို
ဖျက်ဆီးလိုသူ ပက်ခ်ဂျုံဆောင်းမှာ ဘေးတွင် ဝင်ထိုင်လိုက်သည်။ အဖတ်လုပ်ခြင်းမခံရသည့်အခါ ဂျောင်ဝန်း၏ ပုခုံးကို လက်နှင့် ခပ်ဖွဖွကုတ်သည်။ သို့သော်လည်း ဂျောင်ဝန်းသည် mangaကိုသည သည်းကြီးမည်းကြီး
ဖတ်နေခဲ့ပြီး တချက်ပင် ကြည့်မလာခဲ့ပေ။
ထို့ကြောင့် ဂျုံ​ဆောင်းသည် မိမိအား
အဖတ်မလုပ်သည့် ရည်းစားလေးအား တင်းတင်းကြပ်ကြပ်ဖက်ရင်း မျက်နှာအနှံ့ကို
တဖွဖွနမ်းကာ ကြောင်ကလေး၏ အာရုံကို
ရယူရန် ကြိုးစားတော့သည်။
"ကိုကို့"
"ဗျ"
"အသက်ရှုကြပ်လို့ လွှတ်ပေးဦး"
"မလွှတ်ချင်ပါဘူး"
"ကိုကိုကလည်း"
"နိုး.....ပါ"
ပြောရင်းဆိုရင်း ပို၍ တင်းတင်းကြပ်ကြပ်
ဖက်လာသည့် ကိုကိုကြောင့် ဂျောင်ဝန်းမှာ ဒေါသလေး အနည်းငယ်ထွက်လာသော်လည်း လွှတ်ပေးရန် ဆက်ပြောမိသည်။
"ကိုကိုရာ...လွှတ်ပါဗျာ.....ဒီမှာ ကောင်းခန်းရောက်နေပြီဆိုနေ..."
မျက်မှောင်လေးကျုံကာ
နှုတ်ခမ်းအနည်းငယ်ဆူရင်း
စိတ်တိုစပြုနေသည့် ကြောင်ကလေးယန်းအား ဂျုံဆောင်းသည် အသည်းအလွန်ယားနေပြီဖြစ်သည်။
ထို့ကြောင့် ဒေါသတကယ်ထွက်လာအောင်
စရန် ပြင်လိုက်သည်။
အင်း..... စိတ်ကောက်သွားလျှင်လည်း
နောက်မှ ချော့ကြတာပေါ့။

​လူကို အသက်ရှူကြပ်အောင် ဖက်ရင်းနှင့် ပါးကို ကိုက်ပစ်သည့် ကိုကို့ကြောင့် ဂျောင်ဝန်း တကယ်ကြီး ဒေါသထွက်သွားပြီဖြစ်ကာ
ဆဲလိုက်မိတော့သည်။
"အား.........Fuck youပဲ....နာတယ် ကိုကိုရဲ့"
"အယ်....fuckပြီး ပြီလေ"
ပြုံးစစနှင့် ဖြေလာသည့် အနှီလူသားကြောင့်
ဂျောင်ဝန်း ကြောင်သွားသည်။ နောက်မှ
ထိုအရှက်မဲ့သတ္တဝါ၏ ဆိုလိုရင်းကို သဘောပေါက်ကာ မျက်နှာတစ်ခုလုံး
နီတက်လာပြီး ရန်ဆက်တွေ့ရန် စကားလုံးများကို ဦးနှောက်ထဲမှ ညှစ်ထုတ်မိသည်။
သို့သော် အနှီ အရှက်မရှိသည့် လူသားအား
နိုင်အောင် ပြောနိုင်မည့် စကားလုံးများကို
တွေးမရသဖြင့် ပိုလို့ စိတ်တိုလာရသည်။

"Friday nightကပဲ ကိုကိုတို့ လုပ်ခဲ့ကြတာလေ ဘေဘီရဲ့"

ပြောနေ ကဲလေ၊ မန်းလေ ပြဲလေ သတ္တဝါပင်။
ယန်းဂျောင်ဝန်းတစ်ယောက်
ဤအရှက်ကင်းမဲ့သည့်သတ္တဝါအား
မည်သည်ကို ကြည့်ကာ
ကြိုက်ခဲ့မိပါသနည်း။

ပြီတီတီအကြည့်နှင့် ဂျောင်ဝန်းကိုကြည့်ရင်း အရှက်မဲ့သည့်စကားများကို ဆိုလာသည့်
အနှီသတ္တဝါကြီး၏ လက်များသည်
ဂျောင်ဝန်း၏ ခါးပေါ်မှ ပြေးလွှားနေရင်း တဖြည်းဖြည်းနှင့် ခါးအောက်မှ
တင်ပါးလုံးလုံးလေးများကိုပါ
အသည်းယားစရာကောင်းအောင်
ပွတ်သပ်လာခဲ့သည်။
ပွတ်သပ်ရုံနှင့် အားမရသေးဘဲ
ဆုပ်နယ်လာသည့်အတွက် ဂျောင်ဝန်းမှာ
ညည်းသံလေးပင် ထွက်သွားမိသည်။

"ဘေဘီရဲ့ ကိုယ်ဒီလောက်
ကောင်းကောင်းလေး fuckခဲ့တာ။
ဘေဘီက မေ့သွားတာလား။
အဲ့ညက ကိုကိုတို့ မိုးလင်းတဲ့အထိ
fuckခဲ့ကြတာလေ။
ဘေဘီ့ရဲ့ ညည်းသံလေးတွေတောင်
ကိုကို့နားထဲက မထွက်သေးဘူး။"

ဂျောင်ဝန်းမှာ အံ့သြလွန်းလို့ ဆွံ့အနေခဲ့မိသည်။
တကယ်ကို ပြန်မတုံ့ပြန်တက်တော့ပါ။
ချစ်ရပါသော ကိုကိုသည်
တနေ့တခြား ပိုပို အရှက်မဲ့လာသည်ရာ
စတွေ့တုန်းက ရှယ်ကြွေခဲ့ရသည့် gentlemanပုံစံနှင့်
လားလားမျှမဆိုင်တော့ချေ။
ရည်းစားသက်တမ်း ၂နှစ်တွင်
ပက်ခ်ဂျုံဆောင်းသည်
လူစားထိုးခံလိုက်ရကာ
ပက်ခ်- အရှက်မရှိ -ဂျုံဆောင်းဖြစ်သွားလေပြီ။

"အင်း....မေ့သွားတယ်ထင်ပါတယ်။
ရပါတယ်လေ။
ပြန်သတိရအောင် warm upလုပ်ကြမယ်လေ"

ကြောင်နေသော ကြောင်ကလေးယန်း
ဘာမှ ပြန်မတုံ့ပြန်နိုင်ခင် ဂျုံဆောင်းလည်း
ဇွက်ခနဲ ပွေ့ချီလိုက်ကာ
မနက်ခင်းလေ့ကျင့်ခန်းလုပ်ရန် အိပ်ခန်းထဲသို့ ခြေလှမ်းကြဲများဖြင့် ချီတက်ခဲ့လိုက်သည်။

ရည်းစားလေးကို စနောက်ဖို့သာ
ရည်ရွယ်ထားသော်လည်း
မရည်ရွယ်ထားသည့်
morning roundဆီသို့
ဦးတည်သွားခဲ့လေပြီ။
ပက်ခ်ဂျုံဆောင်းတစ်ယောက် တပတ်လုံး အကောက်ခံရတော့မည်မှာတော့
သေချာပေါက်ပင်...
သို့သော် တန်ပါတယ်လေ။

Better in StereoWhere stories live. Discover now