ONE - UNICODE

1.1K 100 158
                                    

" ထယ်ယောင်း...ဂုကီးလက်ထပ်တော့မယ်တဲ့။ "

အခန်းထဲပြေးဝင်လာခဲ့သည့် ထယ်ယောင်းရဲ့သူငယ်ချင်းမင်ဆော့၏စကားကြောင့် စာရေးနေသည့် ထယ်ယောင်းရဲ့လက်တို့ရပ်တန့်သွားခဲ့၏။
ထို့အတူမျက်ဝန်းညိုတို့ဟာလည်း ညှိုးငယ်နေတဲ့ အနေအထားရောက်သွားခဲ့ပြီဖြစ်သည်။

ရင်ထဲစို့တက်လာသည့် အပူရှိန်ပြင်းပြင်းကြောင့်
သက်ပြင်းရှည်ချလိုက်ရင်း ရေးလက်စကိုရပ်လို့
စာအုပ်ကိုပိတ်လိုက်ကာ တံခါးနားရပ်နေသည့်
မင်ဆော့ကိုကြည့်လို့ စကားဆိုလိုက်သည်။

" လက်ထပ်တော့မှာ။ဘယ်သူနဲ့တဲ့လဲ။ "

စိတ်အခြေအနေမကောင်းတော့တာကြောင့်
ထယ်ယောင်းခပ်အေးအေးသာမေးလိုက်သည်။
မင်ဆော့ကတော့ ထယ်ယောင်းရဲ့မျက်နှာကိုကြည့်လို့ အားမရစွာဖြင့် ကုတင်ပေါ်တက်ထိုင်ရင်းစကား
ဆိုလိုက်သေးသည်။

" ထယ်ယောင်း...မင်းရဲ့လေသံကြီးကဂုဏ်ပြုပေးမဲ့လေသံကြီးလားကွ။ဖိတ်စာကိုလည်းလာဖတ်ဦး။
သူလက်ထပ်မဲ့သူက မင်းရဲ့Entertainment,က
CEOပတ်ခ်ဂျူဝွန်းနော်။ "

မင်ဆော့က ထယ်ယောင်းထံသို့လက်ထပ်ပွဲဖိတ်စာကြီးပစ်ပေးလိုက်ရင်းပြောသည်။ထယ်ယောင်းက
မင်ဆော့ပစ်ပေးလာသည့် ဖိတ်စာအားကြည့်လို့
သက်ပြင်းရှည်ချမိသည်။ဖိတ်စာအဖုံးမှာလည်း
လက်ရေးလှလှလေးဖြင့် ရေးထားသေးသည်။
ပတ်ခ်ဂျူဝွန်းနဲ့ဂျွန်ဂျောင်ဂုတို့ရဲ့ လက်ထပ်ပွဲတဲ့။

" ဂျွန့်ကို ငါ့ဘက်ကစကားအကုန်ပြောခဲ့ပြီးပြီပဲ။
ငါသွားပြောတော့ရော ယုံကြည်စရာကောင်းမယ်လို့မင်းထင်နေခဲ့တာလား။ "

ထယ်ယောင်းကဖိတ်စာကိုစားပွဲတင်လိုက်ရင်း
စားပွဲပေါ်ရှိ သူငယ်ချင်းသုံးယောက်အတူရိုက်ထားသည့်ပုံလေးကိုကြည့်လို့ စကားဆိုလိုက်သေး၏။
မင်ဆော့ကတော့ ထယ်ယောင်းရဲ့စကားကိုလုံးဝ
နားမထောင်ချင်တော့ဘူး။ခြေတစ်လှမ်းထက်ပိုလို့
နောက်ကျနေသည်ကို ရှေ့ဆက်မတိုးချင်ခဲ့တာက
ထယ်ယောင်းအမှားပါလေ။

" ဒါပေမဲ့လည်းကွာ ငါကဂုကီးကိုမင်းနဲ့ပဲလက်ထပ်စေချင်တာလေ။မင်းတို့နှစ်ယောက်လက်ထပ်တာမြင်မှငါလည်း ပျော်ရတာပေါ့။ "

SO LET'S PUT THE (END) IN FRIENDS [ Complete ]Where stories live. Discover now