Part 12

360 58 0
                                    


အခန်း 12- အပ်စိုက်ကုထုံး

မှတ်ဉာဏ်ကောင်းလွန်းတာက သိပ်မကောင်းပါဘူး။

ဘာလို့လဲဆိုတော့ သူ့ကိုယ်သူ ထပ်ခါထပ်ခါ ညှဉ်းပန်းနှိပ်စက်ဖို့ ဒဏ်ရာတိုင်း၊ အိပ်မက်ဆိုးတိုင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေလို့ ပါပဲ။

ညဘက်တွင် ငြိမ်းချမ်းသောဝိညာဉ်ရနံ့သည် သူ့နှလုံးသားနာကျင်မှုကို မပပျောက်စေနိုင်ပါ။ အိပ်မက်ထဲတွင် သူသည် ရွှေဇာမဏီစံအိမ်အကြီးအကဲဆီသို့ ပြန်သွားပြီး ရွှေငှက်လှောင်အိမ်ထဲသို့ ကျသွားသည်။

သူ့နောက်ကျောပေါ်ရှိ ကျင်းဟယ်စည်းတံဆိပ်သည် လောင်ကျွမ်းသွားမည်ဖြစ်ပြီး ခန္ဓာကိုယ်သည် လှုပ်ရှားနိုင်မည်မဟုတ်ပေ။ သူ့ကို မြေပြင်ပေါ်တွင် အတင်းအကြပ် ထိုင်ခိုင်းခံရပြီး ဧည့်သည်များကို ဧည့်ခံပြုစုရန်အတွက် ခိုင်းစေခံရသော လူငယ်များ၏ ရယ်စရာကောင်းသော ပြဇာတ်များကို ကြည့်ရှုနေရမည် ဖြစ်သည်။

သည်းမခံနိုင်လောက်အောင် ညစ်ညမ်းသောကမ္ဘာကြီးတွင် လေထုပင် ရှူရှိုက်ရန် ညစ်ညမ်းလွန်းခဲ့သည်...။

ဆန္ဒကို အတင်းအကျပ် လှုံ့ဆော်ခံရပြီး သူ့ကို သိက္ခာမဲ့စွာ ဆော့ကစားခဲ့ကြသည်။

ညစ်ပတ်လွန်း၍ ရွံရှာစရာကောင်းသည်။

ယွဲ့ဝူဟွမ်သည် သူ့ဆီသို့ လှမ်းချီနေသော ထိုလက်များမှ လွတ်မြောက်ရန် စိတ်ပျက်စွာဖြင့်ကုတ်ခြစ်ကြိုးစားခဲ့သည်။ ထိတွေ့ဖူးသော အရေပြားတစ်လက်မ မကျန် ဖြတ်ပစ်ချင်ခဲ့သည်။ သူ့တစ်ကိုယ်လုံး ညစ်ပတ်နေသည်။ သူ စုတ်ပြတ်ပြီး ပင်ပန်းနေခဲ့သည်။ သူ အသက်ရှူမဝပါ။ သူထပ်တလဲလဲသေဆုံးခဲ့သည်။ သူနိုးလာတိုင်း လှောင်အိမ်ထဲမှာပဲ ရှိနေပြီး၊ နောက်ဆုံးရူးခါသွားတဲ့အထိ အိပ်မက်ဆိုးတွေ ထပ်ခါတလဲလဲ မက်ကာ ၊ ရုန်းကန်မှုမလုပ်နိုင်တော့ပဲလက်လျော့လိုက်ကာ သူ့ခန္ဓာကိုယ် လုံးလုံး ပျက်ဆီးသွားစေခဲ့သည်။

ရုတ်တရက် ကြာနီမီးသည် လှောင်အိမ်အား လောင်ကျွမ်းသွားကာ ကြည်လင်သော ဆေးနံ့သာ မွှေးရနံ့က ညစ်ပတ်သောအနံ့အသက်ကို ဖယ်ရှားပစ်လိုက်သည်။

ဗီလိန်ကို မှားကယ်မိပြီဟေ့။Where stories live. Discover now