Part 28

156 28 0
                                    


 အခန်း ၂၈ - - မြေအောက်လောကကြာပန်းနက်မီးတောက်

သူ့ဆရာက သူ့အိပ်ရာပေါ်ကို နေ့တိုင်း တက်နေတာကြောင့် ယွဲ့ဝူဟွမ်ဟာ အမျိုးမျိုးသော အစီအမံတွေကို စဉ်းစားခဲ့ရသည်။

ကို ဝတ်ဆင်ရန် စုန့်ချင်းရှီအား ချော့ပြောခဲ့သည်။ ဒုတိယအနေနဲ့၊ စုန့်ချင်းရှီ အိပ်ပျော်သွားတဲ့အခါ ညာဘက်လက်ကို ဦးစွာဆန့်ထုတ်လိုက်ပြီး သူ့လက်မောင်းကို ဖက်လုံးပြုလုပ်စေသည်။ ဒါမှမဟုတ် နောက်ကျောကို မျက်နှာမူပြီး နောက်တစ်ဖက်ကို လှည့်လိုက်၍ ထိတွေ့မှုကို များစွာတားဆီးလိုက်သည်။ နောက်ဆုံးတွင်၊ သူသည် သူ၏ဆန္ဒကို ဖိနှိပ်ရန် ခံစားချက်ပိတ်ကူကောင်ကို လုပ်ဆောင်ခဲ့သည်။ ဤနည်းဖြင့် သူသည် ပုံမှန်အခြေအနေသို့ ခဲယဉ်းစွာရရှိခဲ့သည်။

ခုတင်အသစ်ထပ်လုပ်ရန် မတွေးခဲ့ပါ။ စုန့်ချင်းရှီသည် အိပ်နေစဉ် သူ့အား နီးကပ်စွာ ပွေ့ဖက်ထားပုံသည် သူ၏ စိတ်ကူးယဉ်ထဲမှ ပုံစံနှင့် ဆင်တူနေသောကြောင့် ဖြစ်သည်။ ၎င်းသည် သူ့ကို အတုအယောင် ပျော်ရွှင်စေခဲ့သည်၊ အခြားသူက သူ့ကို သဘောကျကြောင်း ခံစားရစေပြီး ဤကဲ့သို့ ခါးသက်ချိုမြိန်သော ပျော်ရွှင်မှုမျိုးကို ရရှိသည်။


။ သို့သော် မနက်တိုင်း ရေချိုးသော အလေ့အထကို ရရှိခဲ့ပါသည်..။

ဆယ်ရက်အကြာတွင် ညမိုးခန်းမဆောင်မှ စုန့်ချင်းရှီ၏ ကြာရှည်စွာ စောင့်မျှော်ခဲ့သော စာပို့ငှက်သည် နောက်ဆုံးတွင်ရောက်ရှိလာသည်။

လိုက်ကာ ယွဲ့ဝူဟွမ်အား "ညမိုးခန်းမဆောင်က ငါ့ကို စာတစ်စောင်ပို့တယ်။ ကိုယ်တိုင်ကိုယ်ကျသွား လုပ်ရမဲ့ကိစ္စရှိတယ် ရက်နည်းနည်းကြာမယ်......."

ယွဲ့ဝူဟွမ်၏တောင်းဆိုချက်အတိုင်း အသက်ကမ္ဗည်းပြားကို ပြုလုပ်ခဲ့ပြီး ယွဲ့ဝူဟန်နှင့်အတူ ထားခဲ့လိုက်သည်။ ဒါက ယွဲ့ဝူဟွမ်ရဲ့ ဘေးကင်းမှု အခြေအနေကို အချိန်မရွေး သိနိုင်စေမှာ ဖြစ်ပြီး စိုးရိမ်ကြောင့်ကြ အိပ်မပျော် မဖြစ်စေရန် ဖြစ်သည်။

စာမှတစ်ဆင့် သူ့ကို အသိပေးခဲ့သည်။ ရှဲ့ချွယ်သည် ယန်ရှန် ဂိုဏ်းဟုခေါ်သော ယွဲ့ဝူဟွမ် ကြီးပြင်းရာနေရာ၌ ပြန်ပုန်းနေသည်။ ကလေးများသည် ငယ်စဉ်ကတည်းက ဤစွန့်ပစ်ခံမြေတွင် နေထိုင်ရန် လှည့်စားခံခဲ့ရပြီး ထိုနေရာသည် ကောင်းမွန်သော နေရာတစ်ခုဟု တစ်ချိန်လုံး တွေးတောနေစေခဲ့သည်။ ပြင်ပလူများနှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် အနိမ့်ဆုံးအဆင့် နည်းပညာများကို လေ့ကျင့်ခဲ့ပြီး လုံးဝမှားယွင်းသော အသိပညာကို သင်ယူခဲ့သည်။ ရှဲ့ချွယ်၏ ဦးနှောက်ဆေးကြောမှု စကားလုံးတိုင်းကို သူတို့ နားထောင်ကြသည်။

ဗီလိန်ကို မှားကယ်မိပြီဟေ့။Where stories live. Discover now